စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, February 4, 2016

သုခ​ဝေဒနာသည်​ ဆင်းရဲ​သေးသ​လော..

သုခ​ဝေဒနာသည်​ ဆင်းရဲ​သေးသ​လော
**************************

   "" အရှင်​နာဂ​သေနဘုရား သုခ​ဝေဒနာသည်​ ကုသိုလ်​​လော။ အကုသိုလ်​​လော။ အ​ဗျာကတပင်​ဖြစ်​ပါသ​လော။
   ••• မင်းမြတ်​ .. အချို့​သော သုခ​ဝေဒနာသည်​ ကုသိုလ်​ဖြစ်​၏။  အချို့​သော သုခ​ဝေဒနာသည်​ အကုသိုလ်​ ဖြစ်​၏။ အချို့​သော သုခ​ဝေဒနာသည်​ အ​ဗျာကတ ဖြစ်​၏။ •••

   "" အရှင်​ဘုရား.. သုခ​ဝေဒနာသည်​ ကုသိုလ်​ဖြစ်​ခဲ့ပါလျှင်​ ဒုက္ခမဖြစ်​​ပေရာ။ ဒုက္ခဖြစ်​​နေပြန်​လျှင်​လည်း ကုသိုလ်​ မဖြစ်​​ပေရာ။ ကုသိုလ်​မည်​သည်​ ဒုက္ခဟူ၍ မဖြစ်​သင့်​ပါ။ ""
   ••• မင်းမြတ်​.. ​ယောက်ျားတစ်​​ယောက်​၏ လက်​ထဲ၌ ​လော​လောပူ​သော သံ​တွေခဲကို ကိုင်​ထားရာ၏။ အခြား လက်​တစ်​ဖက်​၌ ​အေးစက်​လှ​သော ဆီးနှင်းခဲကို ကိုင်​ထားရာ၏။
မင်းမြတ်​.. အသို့ပါနည်း။
ထိုအပူ အ​အေး နှစ်​မျိုးလုံးတို့သည်​ ​လောင်​မြိုက်​ကြပါမည်​​လော..•••

   "" အရှင်​ဘုရား.. မှန်​လှပါ၏။ နှစ်​မျိုးလုံးပင်​ ​လောင်​မြိုက်​ကြပါလိမ့်​မည်​ ""
   ••• ထိုနှစ်​မျိုးလုံးသည်​ အပူချည်း​လော..•••
   "" အပူချည်း မဟုတ်​ပါ.""
   ••• ထိုနှစ်​မျိုးလုံးသည်​ အ​အေးချည်း​လော •••
   "" အ​အေးချည်းလည်း မဟုတ်​ပါ။

   ••• မင်းမြတ်​.. ​လော​လော ပူ​သော သံ​တွေခဲက ​လောင်​သည်​ဖြစ်​အံ့။ နှစ်​မျိုးလုံးသည်​ အပူချည်း မဟုတ်​​သော​ကြောင့်​ အပူက​လောင်​သည်​ ဟူ​သောစကားသည်​ မမှန်​​ပေရာ။ အကယ်​၍ အ​အေးက​လောင်​သည်​ ဖြစ်​အံ့ .. နှစ်​မျိုးလုံးသည်​ အ​အေးချည်း မဟုတ်​​သော​ကြောင့်​ အ​အေးက​လောင်​သည်​ ဟူ​သော စကားသည်​ မမှန်​​ပေရာ။ •••

   ""အရှင်​ဘုရား ဆိုလိုရင်းအနက်​အဓိပ္ပါယ်​ကို မိန့်​ကြား​တော်​မူပါ ဘုရား..""
    ••• မင်းမြတ်​..  ​ဝေဒနာသည်​ အမျိုးမျိုး အစားစား များပြားလှစွာကုန်​၏။  ပင်​ရင်း မူလာအားဖြင့်​  ​သောမနဿ ၊ ​ဒေါမနဿ ၊ ဥ​ပေက္ခာ ဟူ၍ ​ဝေဒနာသုံးမျိုး ရှိကုန်​၏။  ထို​ဝေဒနာ သုံးမျိုးကို ကာမဂုဏ်​ခံစားမှုနှင့်​ သက်​ဆိုင်​​သော ​ဂေဟဿိတ၊ ကာမဂုဏ်​မှ ထွက်​​မြောက်​​ကြောင်းနှင့်​ ဈာန်​ မဂ်​ဖိုလ်​တို့နှင့်​ ပတ်​သက်​​သော ​နေက္ခမ္မဿိတ အားဖြင့်​ ​မြှောက်​ပွားလိုက်​​သော်​ ​ဝေဒနာ​ခြောက်​မျိုး ဖြစ်​ကုန်​၏။ ထို​ဝေဒနာ​ခြောက်​မျိုးတို့ကို ရူပါရုံ စ​သော အာရုံ​ခြောက်​ပါးနှင့်​ ​မြှောက်​ပွားလိုက်​​သော်​ ​ဝေဒနာ သုံးဆယ့်​​ခြောက်​မျိုး ရှိကုန်​၏။   ထို​ဝေဒနာ သုံးဆယ့်​​ခြောက်​မျိုးတို့ကို အတိတ်​၊ အနာဂတ်​၊ ပစ္စုန်​ပ္ပန်​ ကာလသုံးတန်​နှင့်​ ​မြှောက်​ပွားပြန်​​သော်​ ​ဝေဒနာ တစ်​ရာ့ရှစ်​မျိုးတို့ ဖြစ်​လာကြ​ပေ၏။.•••

     "" အရှင်​ဘုရား... သင့်​​လျော်​လှပါ​ပေ၏။ ""

[[ သုခ​ဝေဒနာဟူ​သော ခံစားမှုသ​ဘော သက်​သက်​ကိုသာ ရှု၍ မိလိန္ဒမင်းက ဒုက္ခမဖြစ်​နိုင်​​ကြောင်း အဆိုပြု၏။
အရှင်​နာဂ​သေနက ကုသိုလ်​ပင်​ ဖြစ်​​သော်​လည်း ဖြစ်​ခြင်းပျက်​ခြင်းနှင့်​ မကင်းနိုင်​၍ ဒုက္ခသာ ဖြစ်​​ကြောင်း သစ္စာနည်းအားဖြင့်​ ​ဖြေဆို၏။
ကုသိုလ်​ပင်​ဖြစ်​​သော်​လည်း ဖြစ်​ခြင်း ပျက်​ခြင်း မကင်းသဖြင့်​ ဒုက္ခဖြစ်​ပုံကို ​အေးစက်​​သော ဆီးနှင်းခဲ၏ ​လောက်​ကျွမ်းပုံနှင့်​ ဥပမာပြုထား၏။ ထို့​နောက်​ တစ်​​နေရာ တစ်​ဌာနမှာ ​ဟောကြားထား​သော ​ဝေဒနာတစ်​မျိုးမျိုးကိုသာ တရား​သေ စွဲမှတ်​မထား​စေရန်​ အရာဌာနအား​လျော်​စွာ အမျိုးမျိုးအဖုံဖုံ ​ဟောကြားထား​သော ​ဝေဒနာများကို ထုတ်​​ဖော်​မိန့်​ကြား​ပေ၏...]]

                   ❆ မိလိန္ဒပဥှာ ❆
             မာဏဝ​ရေးသားပြုစုသည်​။

No comments:

Post a Comment