စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, February 8, 2016

ဘုရားဂုဏ်​​တော်​တစ်​ခုကို ပွားလျင်​မည်​မျှအကျိုးကြီးပါသနည်း..

ဘုရားဂုဏ်​​တော်​တစ်​ခုသည်​ မည်​မျှအကျိုးကြီးသနည်း..
******************************

   "" အရှင်​နာဂ​သေနဘုရား..  အနှစ်​တစ်​ရာ ကာလပတ်​လုံး အကုသိုလ်​မှု ပြုလုပ်​ခဲ့​သော သူသည်​ ​သေခါနီးတွင်​မှ ဘုရားဂုဏ်​​တော်​တစ်​ခုကို ​အောက်​​မေ့မိလျင်​ နတ်​ပြည်​သို့ လား​ရောက်​ရ၏.. ဟု အရှင်​ဘုရားတို့ မိန့်​ဆိုကြပါကုန်​၏။.ထိုစကားကို တပည့်​​တော်​ မယုံနိုင်​ပါ။ ထိုမှတဖန်​ .. တစ်​ခု​သော ပါဏာတိပါတ ကံဖြင့်​ ငရဲသို့ ကျရာ၏။... ဟူ၍လည်း အရှင်​ဘုရားတို့ မိန့်​ဆိုကြပါကုန်​၏။ ထိုစကားကိုလည်း တပည့်​​တော်​ မယုံနိုင်​ပါ..။ ""

   •• မင်းမြတ်​ ​ကျောက်​စရစ်​ခဲသည်​ ငယ်​ပင်​ငယ်​​သော်​လည်း ​လှေ​ပေါ်၌ တင်​မထားလျှင်​ ​ရေ​ပေါ်မှာ ​ပေါ်နိုင်​ပါမည်​​လော..••
   "" မ​ပေါ်နိုင်​ပါ ဘုရား..""

   •• မင်းမြတ်​.. လှည်းစီး​ရေ တစ်​ရာမျှ ၀န်​ချိန်​ရှိ​သော ​ကျောက်​တုံးကြီးကို ​လှေ​ပေါ်တင်​ထားလျှင်​ ​ရေ​ပေါ်မှာ ​ပေါ်နိုင်​ပါမည်​​လော..••
   "" အရှင်​ဘုရား.. ​ပေါ်နိုင်​​ပေ၏..""

   •• မင်းမြတ်​ ကုသိုလ်​ကံကို ​လှေကဲ့သို့ မှတ်​ယူသင့်​​ပေ၏..••
   "" သင့်​​လျော်​လှပါ​ပေ၏ အရှင်​ဘုရား..""

               ★ မိလိန္ဒပဥှာ ★ 
        မာဏ၀​ရေးသားပြုစုသည်​။  

No comments:

Post a Comment