အဒိန္နာဒါနသိက္ခာပုဒ် (၂)
**********************
ခိုးမှုကျူးလွန်သောသူများခံစားရမည့်
ဆိုးကျိုးများကား
အဒိန္နာဒါ၊ခိုးမိပါမှု
ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ
လိုရှိမရ၊ဘောဂပျက်စီး
ရေမီးသူခိုး၊မွေခံဆိုးနှင့်
မင်းဆိုးအပြား၊ရန်မျိုးငါးကြောင့်
ပျက်ပြားဥစ္စာ၊ပြစ်များစွာသည်
ရှောင်ကအပြန် အကျိုးတည်း။
သူ့ဥစဏာချုးသူများသည်ဘဝအဆက်ဆက်
လူဖြစ်လျှင် ဥစ္စာနည်းပါးပြီးမွဲတတ်သည်။
ဆင်းရဲ သည်။မိမိအလိုရှိသောအရာကို
ဘယ်သောအခါမှမရတတ်ပေ။ဥစ္စာစည်းစိမ်
မေားကြံဖန်၍ပျက်စီးတတ်သည်။ရှာထားသမျှ ဥစ္စာ ပစ္စည်း များကို မီး၊မင်း ၊ရေ
ခိုးသူ၊ မချစ်မနှစ်သက် အမွေခံဆိုးဟူသော
ရန်သူမျိုးငါးပါးက ဖျက်စီး သည်။
သူ့ဥစ္စာကိုခိုးခြင်းမှရှောင်ကြဉ်လျှင်ဖြစ်
ရာဘဝတွင်...
ဥစ္စာ စည်စိမ်ပေါများ
ငွေကြေးချမ်းသာခြင်း
အလိုရှိတာအကုန်ရခြင်း
စည်းစိမ်ဥစ္စာ ခိုင်မြဲခြင်း
ရန်သူးမျိုးငါးပါးမဖျက်ဆီးနိုင်ခြင်းဟူသေား
ကောင်းကျိုးများရရှိမည်။
No comments:
Post a Comment