အနုကမ္ပကမိတ်ဆွေ
******************
အစဉ်သနားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏..
၁. ထိုမိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက် ။
၂. ထိုမိတ်ဆွေ၏ ဖြစ်ထွန်းတိုးတက်ခြင်းကို နှစ်သက်၏။
၃. ထိုမိတ်ဆွေအား ကဲ့ရဲ့စကား ပြောကြားသူကို ကန့်ကွက်တားမြစ်တတ်၏။
၎. ထိုမိတ်ဆွေအား ချီးမွမ်းစကား ပြောကြားသူကို ထောက်ခံချီးမွမ်းတတ်၏။
ဤလေးပါးသော အကြောင်းတို့ဖြင့် အစဉ်သနားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏။
ဆောင်ပုဒ်
••••••••••
ဥစ္စာခမ်းနား ၊ မပွားသမြို့ ၊ မနှစ်လို့ငြား၊ ပွားကရွှင်မြူး ၊ ကျေးဇူ့မဲ့ကို ၊ ဆိုသော်တားမြစ်၊ ကျေးဇူ့ဖြစ်ကို ၊ ဆိုသော်ချီးမွမ်း၊ သူတို့တမ်းကား၊ မိတ်ကျွမ်းအနုကမ္ပကတည်း။
✏ ဆရာတော်ဦးဗုဓ်
ဓမ္မမိတ်ဆွေသူတော်စင်များသည်လည်း အနုကမ္ပက မည်သော မိတ်ဆွေစစ်များနှင့်သာ တွေ့ဆုံခွင့် နေထိုင်ခွင့် ရနိုင်ကြပါစေ။
မိမိတို့ကိုယ်တိုင်သည်လည်း အနုကမ္ပကမည်သော မိတ်ဆွေစစ်များဖြစ်အောင် ကြိုးစားနေထိုင်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
No comments:
Post a Comment