စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, February 16, 2016
သမာနသုခဒုက္ခ မိတ်​​ဆွေ
သမာနသုခဒုက္ခ မိတ်​​ဆွေ
*************************
    ချမ်းသာအတူ ဆင်းရဲအတူဖြစ်​​သော ​ကောင်း​သောစိတ်​နှလုံးရှိသည့်​ မိတ်​​ဆွေစစ်​ကို ​လေးပါး​သော အ​ကြောင်းတို့ဖြင့်​ သိအပ်​၏...
၁.ထိုမိတ်​​ဆွေအား လျှို့ဝှက်​အပ်​သည့်​ အမှုကိစ္စကို ​ပြောကြား၏။
၂.​ထိုမိတ်​​ဆွေ၏ လျှို့ဝှက်​အပ်​သည့်​ အမှုကိစ္စကို လျှို့ဝှက်​ထား၏။
၃. ​​ဘေးရန်​ဖြစ်​​ပေါ်လာလျှင်​ မစွန့်​ပစ်​။
၎. ​ထိုမိတ်​​ဆွေအတွက်​ အသက်​ကိုပင်​​သော်​လည်း စွန့်​လွှတ်​၏။
   ဤ​လေးပါး​သော အ​ကြောင်းတို့ဖြင့်​ ချမ်းသာအတူ.. ဆင်းရဲအတူ ဖြစ်​​သော ​ကောင်း​သော စိတ်​နှလုံးရှိသည့်​ မိတ်​​ဆွေစစ်​ကို သိအပ်​၏။
ဆောင်​ပုဒ်
°°°°°°°°°°
ဤ​လေး​ယောက်​ကား မျှ​လောက်​ချမ်းသာ ဆင်းရဲတည်း။
               ★ဆရာ​တော်​ဦးဗုဓ်
No comments:
Post a Comment