စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, February 2, 2016

ပါဏာတိပါတ၏သိက္ခာပုဒ်​( ၁)

ပါဏာတိပါတ၏သိက္ခာပုဒ် (၁)
**********************
     ပါဏ=အသက်ကို၊အတိပါ=လျှင်မြန်စွာချ ခြင်းဟုပုဒ်ခွဲရသည်။ရှင်အောင်ပြန်သောအခါ
သူ့အသက်ကိုသတ်ခြငိးဟုပင်ဖြစ်သွားသည်
အကြောင်းတစ်ခုခုကြောင့် သတ္တဝါ တစ်ကောင်ကောင် သေသွားသောအခါ ပါဏာတိပါတကံထိုက် မထိုက်ဆုံးဖြတ်နိုင်ရန် အင်္ဂါငါးချက်ရှိသည်။ယင်းတို့မှာ
- သတ္တဝါ တစ်ကောင်ကောင် ဖြစ်ခြင်း
-သတ္တဝါ ဟူသော အမှတ်သညာရှိခြင်း
-သေစေလိုသောစိတ်စေတနာရှိခြင်း
- သေဖို့ရန်ကိုယ် နှုတ်တစ်ခုခုဖြင့်
လုံလပြု ခြင်း
-သေသွားခြင်းတို့ဖြစ်ပေသည်။
ဒီနေရာမှာသိသင့်သောအဆုံးအဖြတ်တစ်ခုမှာ ရောဂါဒဏ်ကိုမချိမဆန့်ခံစားနေရသော လူနာတစ်ယောက်ကို မကြည့်ရက်ပါဘူးဆိုဆိုကာ မြန်မြန်သေဆေးထိုးပေးသူ
မှာ အပြစ် ရှိသည်ဟူသောဆုံးဖြတ်ချက်ပင်ဖြစ်၏။ အပေါ်ယံ ကြည့်လျှင် ရောဂါခံစားနေရတာကိုမကြည့်ရက်လို့ ကရုဏာ စိတ်နှင့်လုပ်ပေးလိုက်တာ ပါဏာတိပါတကံ မမြောက်လောက်ပါဘူးဟုထင်စရာပင်ဖြစ်နေ၏။ အမှန်ကား သေဆေးထိုးခိုက် တွင်
သနားသောစိတ်ခေတ္တ ပျောက်သွားပြီး
မြန်မြန် သေစေလိုသော သိမ်မွေ့  လှသည်
ဒေါသ စိတ်က ကာယကံရှင်သတိမထား
လိုက်မိသောအချိန်မှာပင်ဖြစ်သွား၏။
ထို့ကြောင် လူနာကိုမြန်ြမန် သေအောင်
ဆေးထိုးပေးလျှင်ကိုယ်တိုင်ထိုးပေးသော
ဆရာဝန်ရော ထိုးခိုင်သောလူနာရှင်ပါ
ပါဏာတိပါတကံ ထိုက်လေသည်။

No comments:

Post a Comment