သမုဒယကြောင့်ဖြစ်ပေါ်လာသော အစွန်းတရားများ
-------------------------------------------------------------
၁။ ဘဝသည် ဆင်းရဲ ဒုက္ခ သာ ဖြစ်ချေသည်ဟု ယူဆခြင်းသည်လည်း
မှားသော အစွန်းတရားဖြစ်၏။
၂။ ဘဝသည် ချမ်းသာ သုခ ဖြစ်သည်ဟု ယူဆခြင်းသည်လည်း မှားသော
ွ အစွန်းတရားဖြစ်၏။
၃။ ဘဝသည် အဓိပ္ပါယ် ရှိသည်ဟု ထင်မြင်ယူဆခြင်းသည်လည်း မှား
သော အစွန်းတရားဖြစ်၏။
၎။ ဘဝသည် အဓိပ္ပါယ် မရှိဟု ထင်မြင်ယူဆခြင်းသည်လည်း မှားသော
အစွန်းတရားဖြစ်၏။
၅။ ဗုဒ္ဓ ဝါဒသည် လောကကို စိတ်ပျက်အားလျော့သော အမြင်ဖြင့် ရှုမြင်
သော ဝါဒ ဖြစ်သည်ဟု ထင်မြင်ယူဆခြင်းသည်လည်း ကောင်း၊
၆။ ဗုဒ္ဓ ဝါဒသည် လောကကို အကောင်းဘက်မှ ရှုမြင်သော သုခဝါဒ
ဖြစ်သည်ဟု ထင်မြင်ယူဆခြင်းသည်လည်း ကောင်း မှားသော
အစွန်းတရားများဖြစ်ကြသည်။
အဘယ့်ကြောင့်ဆိုသော် ထိုအယူအဆများသည် သမုဒယကြောင့်ဖြစ်ပေါ်လာသော အယူအဆများဖြစ်သောကြောင့်တည်း။
" ဘဝ " သည် " ဘဝ " မျှသာဖြစ်သော်လည်း အမှန်မမြင်မှု၊ စွဲလမ်းမှု
တည်းဟူသော သမုဒယကြောင့် ထိုဘဝကိုပင် အမျိုး မျိုး ထင်မြင်ယူဆ
နေခြင်းသာဖြစ်သည်။
မြတ်စွာဘုရား၏ တရားတော်တို့ကို ကြားနာခွင့်ရသူတို့သည်
အလွန့်အလွန် ဘုန်းကံကြီးသူများ ဖြစ်ကြပါပေ၏။
(မိထွေးတော် ဂေါတမီ )
No comments:
Post a Comment