စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, December 3, 2025

ဘဝကိုအကျိုးရှိရှိနေဖို့

ဘဝမှာအကျိုးရှိရှိနေဖို့ဆိုရင် ဘာကို စဉ်းစားရမလဲ။

မိမိကိုယ်ကို အမြဲသုံးသပ်ဆင်ခြင်ရမယ့် 
အချက်တစ်ချက်က 
ဘယ်လိုနည်းနဲ့ နေ့တွေရက်တွေ ငါ့အဖို့ ကုန်ဆုံးနေသလဲ ဆိုတာ လူတိုင်းလူတိုင်း 
သိသင့်တယ်။

လူ့ဘဝမှာ လူတိုင်းလူတိုင်းဟာ 
ရပ်နေတာ မဟုတ်ဘူး။

လူ့ဘဝ ရလာတဲ့နေ့ကစပြီးတော့ 
တစ်ရက်ပြီးတစ်ရက် တစ်ရက်ပြီး
တစ်ရက် ဖြတ်ကျော်လာခဲ့တာ။

ဒီလို ဖြတ်ကျော်လာခဲ့ရတဲ့ နှစ်တွေ 
ဖြတ်သန်းလာခဲ့ရတဲ့ လတွေ 
ဖြတ်သန်းလာခဲ့ရတဲ့ ရက်တွေ
ဖြတ်သန်းလာခဲ့ရတဲ့ နာရီတွေမှာ ဘယ်ပုံ
ဘယ်နည်း ငါ့မှာ အချိန်ကုန်ခဲ့သလဲ 
ဒါကိုပြန်စဉ်းစားကြရမယ်။

စဉ်းစားကြည့်လိုက်ရင် 
အဖြေက ထွက်လာမှာပါပဲ။

သြော် အကျိုးရှိရှိ အချိန်ကုန်နေတာလား။

အကျိုးမဲ့ အချိန်ကုန်နေတာလား။

လောကစီးပွားအတွက် အချိန်ကုန်နေတာလား။

ဓမ္မရေးရာအတွက် အချိန်ကုန်နေတာလား 
ဆိုတာကိုကိုယ့်ရဲ့အချိန်တွေကိုဇယားညှိပြီးကြည့်လိုက်မယ်ဆိုရင် 

အချိန်ကို ဘယ်ပုံဘယ်နည်း 
အသုံးချနေတယ်ဆိုတာအဖြေထွက်လာမှာပဲ။

အဲဒီအဖြေထွက်လာတဲ့အခါမှာ 
ခုနကလို လောကအကျိုး၊ ဓမ္မအကျိုး၊ 
လောကီအကျိုး သံသရာအကျိုး 
ဒီအကျိုး ၂ မျိုးစလုံး အကျိုးရှိရှိ ကုန်ဖို့ရာ 
အရေးကြီးတယ်။

ပစ္စုပ္ပန်အကျိုး တစ်ခုတည်း 
လုံးပမ်းပြီးတော့ နေမယ်ဆိုရင် 
သံသရာအကျိုးက လစ်ဟင်းသွားတတ်တယ်။

ဒီတော့ မကောင်းတဲ့ဘဝ ရောက်သွားလို့ ရှိရင်
ဒီဘဝမှာ ချမ်းသာကြွယ်ဝပေမယ့်လို့
နောင်ဘဝမှာနစ်နာဆုံးရှုံးသွားနိုင်တယ်။

ဒီတော့ နှစ်ဖက်စလုံး ညှိပြီး 
ကိုယ့်ကိုယ်ကို အမြင်နှစ်မျိုးနဲ့ ကြည့်ပြီး
နေ့ရက်တွေကို ကုန်ဆုံးစေရမယ်။
ဒါ နေပုံနေနည်း တစ်ခုပဲ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ

 #ပါချုပ်ဆရာတော် #တရားမှတ်စု #KhinSandarSoeHtut

No comments:

Post a Comment