စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, December 5, 2025

နတ်များအား အမျှပေးဝေခြင်းရဲ့အကျိုးကျေးဇူ့

 နတ်တွေကို အမျှဝေခြင်းရဲ့ အကျိုးကျေးဇူး
🌿🌿🌷🌿🌿🌷🌿🌿🌷

သူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်ဘာလုပ်လုပ် နတ်တွေကို အမျှဝေဖို့ မမေ့ဘူး။

သူအမျှဝေတာကို အကြောင်းပြုပြီးသူ့ပတ်ဝန်းကျင်က နတ်တွေဟာကုသိုလ်ရဲ့အဖို့ဘာဂတွေရပြီးဘုန်းတန်ခိုးတွေ တိုးတက်ကြတော့ အဲဒီ နတ်တွေကလည်း သူ့ကိုစောင့်ရှောက်ကြတာပေါ့။

ကိုယ်မမြင်ရလို့ မယုံဘူးမပြောနဲ့။ မြတ်စွာဘုရားကိုယ်တိုင်က ဘယ်လိုပြောထားတုန်းဆိုတော့ 

*ယသ္မိံ ပဒေသေ ကပ္ပေတိ၊ ဝါသံ ပဏ္ဍိတဇာတိယော*
စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ အရပ်တစ်ခုခုမှာ နေတယ်ဆိုရင် ကုသိုလ် ကောင်းမှုတစ်ခုလုပ်ပြီး အဲဒီကုသိုလ်ကောင်းမှုရဲ့ အဖို့ဘာဂကို ပတ်ဝန်းကျင်မှာရှိတဲ့ နတ်တွေကို အမျှဝေပါတဲ့။

အမျှဝေလိုက်လို့ရှိရင်နတ်တွေက ကိုယ့်ကို စောင့်ရှောက်လိမ့်မယ်။ ကိုယ်က အမျှအတန်းပေးဝေတော့ သူတို့မှာ ဘုန်းတန်ခိုးတွေတက်တယ်။ ဘုန်းတန်ခိုးတွေတက်တော့ ကိုယ့်အပေါ်မှာ အကြင်နာတရားတွေ ထားလာတယ်။

ဒေဝတာနုကမ္ပိတော ပေါသော၊ သဒါဘဒွါနိ ပဿတိ နတ်တွေရဲ့ အစောင့်အရှောက်ရတဲ့ ပုဂ္ဂိုလ်ဟာ အကောင်းချည်းပဲ တွေ့တယ်။

တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ကြုံလာတယ်။ ဘာလုပ်လုပ် အဆင်ပြေလာတယ်။ အန္တရာယ်တွေ ကင်းလာတယ်။

မာတာပုတ်တံ ဩရသံ _ မိခင်က သားသမီးအပေါ်မှာ စောင့်ရှောက်သလို နတ်တွေက ကိုယ့်အပေါ်မှာ အကြင်နာတွေမေတ္တာတွေ ပိုပြီးတော့ကိုယ့်ကို စောင့်ရှောက် လာတယ်။

ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်မမြင်ရတဲ့ နတ်တွေကို ကုသိုလ်ကောင်းမှု လုပ်တိုင်း အမျှဝေရမယ်။

ဘုရားဆွမ်းတော်တင်၊ဆီမီး၊ ပန်း၊ ရေချမ်း လှူဒါန်းပြီးရင်ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့အိမ်စောင့်နတ်တို့ဘာတို့ကိုဖိတ်ခေါ်ပြီးအမျှအတန်းပေးဝေရမယ်။ အဲဒီလိုသူတော်ကောင်းပုဂ္ဂိုလ်တွေဟာ ကောင်းတဲ့အလုပ်တွေ လုပ်ပြီးတိုင်း အမျှအတန်းပေးဝေကြတယ်။

အဲဒီအမျှအတန်းပေးဝေမှုကြောင့် နတ်တွေကိုလည်းအကျိုးပြုရာရောက်တယ်ပေါ့။

ဆရာတော်ဘုရားကြီးဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 
🙏🙏🙏

No comments:

Post a Comment