စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, December 4, 2025

အနေတတ်ပါစေ

◾မည်မျှပင်-
"ကိုးကွယ်ခံထိုက်သောပုဂ္ဂိုလ်"ကိုဖြစ်စေ၊ 
၎င်းအား"ကိုးကွယ် ဆည်းကပ်ရုံ"မျှဖြင့် 
"ဒုက္ခတွင်း"မှ မလွတ်ကင်းနိုင်ပေ။

"တရား မတွေ့"သရွေ့တော့-
"လွတ်မြောက်မှု"ကို မရရှိချေ။

ထိုကြောင့်-
"သစ္စာ တည်းဟူသော တရား"သည်သာ 
ပဓာနကျပေသည်။

"ဟောပြသူ"သည် "ပဓာန"မဟုတ်ပေ။
"တရား ဓမ္မဟောပြသူ"မှန်က
"ကြည်ညို လေးစား ထိုက်သည်"မှာ မှန်၏။

သို့သော် 
"ကြည်ညို လေးစားမှုကို 
အကောင်းမွန်ဆုံးသောနည်းအားဖြင့် ပြသခြင်း"
သည်ကား-
"တရားတော်ကို ကိုယ်တိုင်မျက်မှောက်
ပြုနိုင်ခြင်း"သာ ဖြစ်သည်။

"ဘုရားရှင်၏ နောက်ဆုံးနေ့များ"အတွင်း 
"အလွန်အမင်း ကြည်ညိုကြသူ တပည့်တို့အား"
 မိန့်ကြားရာတွင်-

"ဤကဲ့သို့သောကြည်ညို၍ပူဇော်ခြင်းမျိုးကား-
"ဘုရားရှင်"အား လျောက်ပတ်သော-
▪️ ရှိခိုးခြင်း ၊
▪️ပူဇော်ခြင်း၊
▪️အလေးအမြတ်ပြုခြင်း၊
▪️ဖူးမြော်ခြင်း၊
▪️ရိုသေခြင်း မမည်သေး။

"ဘုရားရှင်"၏-
▪️တပည့်သား ဘိက္ခုသံဃာ ဖြစ်စေ၊ 
▪️ဘိက္ခုနီ ဖြစ်စေ၊
▪️ဝတ်ကြောင်ဥပသကာ ဖြစ်စေ၊ 
▪️ဥပသိကာ ဖြစ်စေ၊
တရားတော်နှင့်အညီ တရားလမ်းကြောင်း 
တည့်တည့်ပေါ်၌-

"ပထမ ခြေလှမ်း"မှစ၍ "နောက်ဆုံးခြေလှမ်း"
နိဗ္ဗာန်နန်း တိုင်အောင်-
"ခိုင်ခိုင်မြဲမြဲ လျှောက်လှမ်းသူ"သည်သာလျှင် 
"ငါဘုရား"အားလျောက်ပတ်စွာ-
▪️ရှိခိုးခြင်း၊ 
▪️ပူဇော်ခြင်း၊ 
▪️အလေးအမြတ်ပြုခြင်း၊
▪️ဖူးမြော်ခြင်း၊
▪️ရိုသေခြင်းပြုသူ မည်၏"ဟူ၍
ဟောမြွက်တော်မူပါသည်။

"ဘုရားရှင်"အလေးအနက်ညွှန်ပြခဲ့သည်မှာ-

▪️မိမိဟောကြားသော တရားသည်၊
မိမိကိုယ်ကိုယ် တိုက်ရိုက် သိမြင်ခဲ့သော
တရားဖြစ်ကြောင်း၊

▪️အခြားသူများ အနေနဲ့နှင့်လည်း၊
တိုက်ရိုက်သိမြင်မှုကိုပင် ရရှိအောင် 
ကြိုးပမ်းကြရမည် ဖြစ်ကြောင်း နှင့်၊

▪️ဒိဋ္ဌတွေ့သိရခြင်း ပေါ်တွင် 
ကိုယ်တိုင် အဆုံးအဖြတ် ပေးကြရမည် ဖြစ်ကြောင်း"-သွန်သင်ခဲ့ပါသည်။

"မိမိကိုယ်တိုင်ပင်-
မိမိ၏ ခိုမှီရာကျွန်းသောင် ဖြစ်ကြစေလော့၊
"ကိုးကွယ်ရာ"သည်အခြားမှာမရှိ။ 

"သစ္စာတရား"ကို သင်၏ခိုမှီရာ
"ကျွန်းသောင်" ဖြစ်ပါစေလော့၊ 

"သစ္စာတရား"မှတစ်ပါး-
အခြားကိုးကွယ်မှီခိုရာမရှိချေ" ဟူ၍ 
ဟောကြားတော်မူခဲ့ပါသည်။

"အမှန်တရား၏ အမြင့်ဆုံးမှတ်ကျောက်"သည် 
"ကိုယ်တိုင် စူးစမ်းတွေ့ရှိချက်"ပင်ဖြစ်သည်။ 

"ယုံကြည်မှုသက်သက်"ဖြင့်တော့ 
"အမှန်တရား"အဖြစ် လက်ခံခြင်းမပြုသင့်ချေ။ 

"အမှန်တရား"ဟု လက်ခံရေးတွင် 
-ကြောင်းကျိုး ယုတ္တိရှိ/မရှိ၊ 
-လက်တွေ့ကျင့်သုံး၍ ရ /မရ၊ 
-ကျင့်သုံးခြင်းမှ အကျိုးတရားပေါ် /မပေါ် ၊
ဟူသော အချက်များကို စိစစ်ဖို့လိုပါသည်။ 

"ဆင်ခြင်ဉာဏ်"ကို အခြေပြု၍-
"အမှန်တရား"ကိုဆုံးဖြတ်လျှင်လည်းမရနိုင်ချေ။ 

"အမှန်တရား"သည်-
"အကျိုးကျေးဇူးရှိသော တရားဖြစ်/မဖြစ်"
ဆိုသော အချက်မှာ-
"လက်တွေ့အားဖြင့် 
ထင်ရှား သိမြင်ရခြင်း ဟုတ်/မဟုတ်"ဟူသော
အချက်ပေါ်တွင် တည်ပါသည်။

"ကမ္ဘာ့ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ"
[Mr. Satya Narayan Goenka.]

━━━━━━━━━━━
▪မှီခိုရာ ကျမ်းကိုး▪
━━━━━━━━━━━
("The Art Of Living"
S.N Goenka.
"အနေတတ်ပါစေ"။
"ဦးတင်ဦး(မြောင်)" မြန်မာပြန် စာအုပ်။
စာ [၁၈/၁၉] မှ )

"ဓမ္မပဗ္ဗတ ဝိပဿနာ ရိပ်သာ"
နောင်ဆိုင်ကျေးရွာ ။ မူဆယ်/နမ့်ခမ်းမြို့။

No comments:

Post a Comment