စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, December 4, 2025

ကုသိုလ်ကိုမမေ့နဲ့

တချို့က ပြောကြတယ် မဟုတ် လား၊ တရားအားထုတ်လိုက်တာ ရောဂါပျောက် သွားတယ်။

ကံကောင်းအောင် လုပ်ပေးလိုက်တာ ဖြစ်တယ်။

ရောဂါဝေဒနာကို ဖြစ်စေတတ်တဲ့ အကုသိုလ် ကံတွေကို ရှင်းသွားစေပြီးတော့ ကုသိုလ်ကံတွေ ဖြစ်လာတယ်။

ပစ္စုပ္ပန်မှာဖြစ်တဲ့ မိမိ စိတ်မှာလည်းပဲ လောဘ ဒေါသစတဲ့ အကုသိုလ် အညစ်အကြေးတွေ ကင်းစင်သွားပြီး 

အလောဘ အဒေါသစတဲ့ ကုသိုလ် တရားတွေ တိုးပွားလာ တယ်။

ထိုအလောဘ အဒေါသစတဲ့ ငြိမ်းအေးတဲ့ ကုသိုလ်တရားတွေက ထုတ်လုပ်ပေးတဲ့ ရုပ်တရား ဟာ သန့်စင်လာတယ်။

ကျန်းမာလာတယ်။

ကုသိုလ်တရားဟာ ကျန်းမာမှုကို ဖြစ်စေတယ်။

ဒါကြောင့် ကုသလရဲ့ အဓိပ်ပါယျကို ကျန်းမာခြင်း လို့လည်း ပြောတယ်။

ကုသလဆိုတာ ကျန်းမာ ခြင်း ဖြစ်တယ်။

ဒီသဘာဝတရားတွေ ရင်ထဲ နှလုံးထဲမှာ ဖြစ်လို့ရှိရင် ကျန်းမာတယ်တဲ့။

ဘာဖြစ်လို့တုန်း ဆိုတော့ အလောဘဆိုတာ Generosity ပဲ ပေးချင်တယ်၊ကမ်းချင်တယ်၊လှူချင်တယ်၊တန်းချင်တယ်။

ပေးကမ်းဖို့ အဆင်သင့် ဖြစ်တယ်။

အိမ်မှာ နေရင်း ကလဲ မျှဝေသုံးစွဲတယ်။

ကိုယ်စားတဲ့ အစာ အာဟာ ရကို သူများ 
မျှဝေပေးတယ်ဆိုတာ အင်မတန် 
မွန်မြတ်တဲ့ အလုပ် ဖြစ်တယ်။

အဒေါသ ဆိုရင်လည်း ရင်ထဲမှာ အမုန်းတရား မထားဘဲနဲ့ တစ်ဦးပေါ် တစ်ဦး အကျိုးလိုလားတဲ့ စိတ်တွေမွေးတယ်။

အဲဒါလည်း အင်မတန် မွန်မြတ် တဲ့ စိတ်ပဲ။

 အမောဟဆိုတာလည်း လုပ်သင့်တာနဲ့ 
မလုပ်သင့်တာကို ခွဲခြားသိပြီး 
မလုပ်သင့်တာကို ရှောင်တယ်လုပ်သင့်တာကို လုပ်တယ်။

ဒီတရားတွေ ကိုယ့်သန္တာန်မှာ ရှိနေပြီဆိုရင် ကောင်းကျိုး ချမ်းသာတွေ ရလာပြီပေါ့။

လောဘ၊ ဒေါသ၊ မောဟတရားတွေ ဖြစ်လာပြီ ဆိုရင် အားလုံးဟာ အလွဲလွဲ အချော်ချော်နဲ့ စိတ်ကို ပူလောင်စေတယ်။

ထို စိတ်ပူလောင်မှုကြောင့် ကိုယ့်ရဲ့ ရုပ်ကိုလည်း ပူလောင်စေတာပါပဲ။

စိတ်ပူရင် ရုပ်ပူသွားတာပေါ့။

ဒါကြောင့်ကျန်းမာခြင်းရဲ့ အဓိက သည် ကုသိုလ်ကောင်းမှုပဲဖြစ်တယ်။

ကုသိုလ် စိတ်ဓါတ်တွေပဲပေါ့။

အခုလို ကုသိုလ် စိတ်ဓါတ်တွေ ဖြစ်လာပြီ ဆိုရင် စိတ်နှလုံး ဖြူစင် အေးချမ်းလာသည့် အတွက် ကျန်းမာမှုက ပိုကောင်း လာတာဖြစ်တယ်။

ဒါကြောင့်ကုသိုလ်ကောင်းမှု မမေ့နဲ့လို့ မြတ်စွာ ဘုရားက ဟောတာဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ 

ကုသိုလ်ဖြစ်အောင် သတိဆောင် တရားတော်မှ ထုတ်နုတ်တင်ပြပါသည်။

#ပါချုပ်ဆရာတော် #တရားမှတ်စု

Credit..

No comments:

Post a Comment