"ကောင်းစွာရှုထားသောပုဂ္ဂိုလ်"၌-
"အောက်ဘုံများသို့ သွားသော
လမ်းကြောင်းများ"ကို ရှောင်ရှားနိုင်သည့်
အရည်အချင်းရှိသည်။
သူသည် "သဘာဝနိယာမ ဓမ္မ"ကို
ကောင်းစွာ နားလည်ပြီး-
"သေခြင်း"ကို အချိန်တိုင်း အသင့်ဖြစ်ရန်
တရားအားထုတ်သည်။
တစ်စုံတစ်ယောက် အသက်အရွယ်ရလာပါက-
တစ်ခဏတိုင်း၊ တစ်ခဏတိုင်း-
ပိုပိုပြီး "သတိရှိနေရမည်" ဖြစ်သည်။
မည်ကဲ့သို့သော ပြင်ဆင်မှုများ-လုပ်ရပါမည်နည်း။
ခန္ဓာကိုယ်ပေါ်တွင် မည်ကဲ့သို့သော"ဝေဒနာများ" ခံစားနေရသည် ဖြစ်စေ၊
"ဝိပဿနာတရားကျင့်သူ"သည်- မိမိစိတ်ကို"ဟန်ချက်ညီညီ(ဥပေက္ခာ)စိတ်"နှင့်
"ရှုမှတ်နေခြင်း"ဖြင့်-
"ဝေဒနာတိုင်းကို တုံ့ပြန်တတ်သော
စိတ်အလေ့အကျင့်"ကို ချိုးဖျက်ပစ်သည်။
ဤသို့ဖြင့်-
"မကောင်းသော အကုသိုလ်သင်္ခါရများ"ကို
"ပွားများလေ့ရှိသောစိတ်"သည်၊
"ဥပေက္ခာ အညီအမျှ ရှုမှတ်တတ်သည့် အလေ့အကျင့်"တိုးတက်လာ၏။
"သေမင်း"အနားသို့ ရောက်သောအခါ-
"သာယာဖွယ်ကောင်းသော ဝေဒနာများ"ကို ခံစားရလိမ့်မည်။
အိုမင်းခြင်း၊
ရောဂါဖြစ်ခြင်းနှင့်
သေခြင်းတို့မှာ "ဒုက္ခဆင်းရဲခြင်းများ"ဖြစ်ကြသဖြင့်-
မသာယာသော၊
ကြမ်းတမ်းသော "ဝေဒနာများ"၊
အများအားဖြင့် ဖြစ်ပေါ်လာသည်။
"ဝေဒနာများ"ကို ကျွမ်းကျင်စွာ "ဥပေက္ခာ"ဖြင့် မရှုမှတ်တတ်လျှင်-
ကြောက်ခြင်း၊
စိတ်ဆိုးခြင်း၊
ဝမ်းနည်းခြင်း၊
သည်းမခံနိုင်ခြင်း စသည့်၊
"အကုသိုလ် သင်္ခါရ"တို့ဖြင့် တုံ့ပြန်လျှင်
"တူညီသော ဘဝသင်္ခါရ"မှ "တုန်ခါမှုများ"
ပေါ်ထွက်လာရန် အခွင့်အရေးဖြစ်ပေါ်သည်။
သို့သော်-
"ဝိပဿနာကို ကျွမ်းကျင်သောသူ"သည်
"နာကျင်သော ဝေဒနာများ"အား-
"ဥပေက္ခာကျကျ ရှုခြင်း"ဖြင့်၊
ယင်း"ဝေဒနာများ"ကို "တုံ့ပြန်မှု"မလုပ်ပဲ
နေနိုင်ပါသည်။
သို့ဆိုလျှင်-
၎င်း "ဝေဒနာများ"နှင့် သက်ဆိုင်သော
"နက်ရှိုင်းစွာ အောင်းနေသော ဘဝသင်္ခါရ"
တို့သည်ပင် အပေါ်ယံသို့ မတက်လာနိုင်ပါ။
"တရားအားထုတ်သူ"သေခါနီးတွင်-
"ဝိပဿနာ"အားထုတ်သော၊
"ဆွေမျိုး၊မိတ်သင်္ဂဟများ"ရှိပါလျှင်
ကံကောင်းပါသည်။
သူတို့သည် အနီးတွင်-
"ဝိပဿနာပွားများခြင်း"အားဖြင့်၊
"အကျိုးများသော မေတ္တာလှိုင်းများ"
ဖြစ်ပေါ်လာကာ-
"ငြိမ်းချမ်းသော ဓမ္မပတ်ဝန်းကျင်"ကိုဖန်တီးပြီး
ကြေကွဲခြင်း၊
ဝမ်းနည်းပူဆွေးခြင်းမှ လွတ်ကင်းပါသည်။
"အနိစ္စ (ဒုက္ခ) အနတ္တသဘော"တို့ကို
ကိုယ်တိုင်ကိုယ်ကျ သိလာရသည့်အတွက်
ယောဂီ တို့အဖို့-
"သမာဓိစိတ်" ပိုမို တိုးပွားလာပါသည်။
"လောဘ၊ ဒေါသ၊ မာနစိတ်တွေ"သည်လည်း
တဖြည်းဖြည်း တစ်စတစ်စ ၊
လျော့ပါး ပြောင်းလဲလာပါသည်။
ယောဂီ သည်-
တရားရှုမှတ်ပွားများသည့် အခါတွင်၊
"စိတ်၏အတွင်းနက်ရှိုင်းသည့် အပိုင်းများ"ကို
"ခွဲစိတ်မွှေနှောက်သည့်ကမ္မဋ္ဌာန်းနည်း"ကို
ကျင့်နေရာ၌ "အခြားကမ္မဋ္ဌာန်းနည်းများ"နှင့်
ကျင့်မိပါက အန္တရာယ် ဖြစ်နိုင်ပါသည်။
"ဝိပဿနာကို ရှုပွားခြင်း"သည်-
"ကိလေသာ အညစ်အကြးများ"မှ
လုံးဝလွတ်မြောက်ရန်အတွက်
"အဓိက လမ်းစဥ်ကြီး"ဖြစ်သည်။
ဘယ်လို"ဝေဒနာတွေ"ပဲဖြစ်ဖြစ်-
ပေါ်လာသည့်အခါတွင်
ဥပေက္ခာနှင့် ရှုဖို့၊
မတုံ့ပြန်ဖို့ရာ အရေးကြီးပါသည်။
"ဥပေက္ခာစိတ်"နဲ့ "သတိ"နဲ့ ဆက်လက်ပြီး
ရှုရှုသွားပါက"စိတ်၏ အကျင့်ပုံစံ"
ပြောင်းလဲလာလိမ့်မည်။
ဤသည်မှာ-
"ဝိပဿနာ ကမ္မဋ္ဌာန်း၏ အနှစ်သာရ"ပင်
ဖြစ်ပါသည်။
နာခြင်း၊ ကျင်ခြင်း၊ ထုံခြင်း၊ ကိုက်ခဲခြင်းများသည်
ကိုယ်ခန္ဓာပေါ်မှာ ရှိနေသော်လည်း
"ဥပေက္ခာ"နဲ့ ရှုနေပါက ယောဂီ တို့အတွက်
"နာကျင်မှု" မဟုတ်တော့ပေ။
"ဝေဒနာတွေ၏မမြဲသောတရား"ကို
ကိုယ်တွေ့ခံစားကြရသည့်အခါ၎င်း"ဝေဒနာ"ကို
-ခုံမင်တွယ်တာမှုမရှိ၊
-မလိုမုန်းထားမှုလည်း မထားပါက-
"ဓာတ်သဘာဝတွေက၊ သူတို့သဘော
သူတို့ဆောင်ပြီး ဖြစ်ပျက်နေကြသည်"ဟူ၍သာ
သိလာလိမ့်မည်။
"ကမ္ဘာ့ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ"
[Mr. Satya Narayan Goenka.]
မှီခိုရာ ကျမ်းကိုး
("မောင်ရင့်ကျူး (မြောင်းမြ)"၏
"ဆရာကြီး ဦးဂိုအင်ကာနှင့်
မဟာပါရမီဖြည့်ဖက်" စာအုပ်၊
စာမျက်နှာ-[၂၅၊ ၂၆])
"ဓမ္မပဗ္ဗတ ဝိပဿနာ ရိပ်သာ"
နောင်ဆိုင်ရွာ ။ မူဆယ်- နမ့်ခမ်းမြို့။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြန်မာနိုင်ငံ။
No comments:
Post a Comment