စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, December 6, 2025

ဘုန်းကံဆိုတာ

"ဘုန်းကံ" ကြီးတယ်။
"ဘုန်းကံ" နည်းတယ်။
လောကကြီးမှာ သိပ်အသုံးများတဲ့ ဝေါဟာရ။
သို့သော်"ဘုန်းကံ"ဆိုတဲ့ စကားရဲ့အဓိပ်ပါယျကို
သေသေချာချာသိတဲ့သူက နည်းတယ်။

ကိုယ့်စာပေကိုတောင် မသိကြဘူး 
နားမလည်ကြဘူးဆိုတာ ဒါကိုပြောတာ။
ရိုးရာဓလေ့တွေရဲ့အောက်မှာ ဘူမသိ ကိုးမသိ 
ဘဝေတြ စုံလုံးကန်းကြရတယ်။

"ဘုန်းကံ"ဆိုတာ
"ဘုန်း"ဆိုတာပုည(ကုသိုလ်ကောင်းမူ့)ဆိုတဲ့
ပါဠိကေန ဆင်းသက်လာတာဖြစ်တယ်။
ရှေးဟောင်းစာပေတွေမှာ "ဘုန်း"ကို 
"ပုဉ်း"ဆိုပြီးရေးကြပါတယ်။
"ကံ"ဆိုတာကလည်း ကမ္မ(အလုပ်)ဆိုတဲ့ 
ပါဠိပျက် စကားလုံးမျှသာဖြစ်တယ်။

ဒီတော့ ကုသိုလ်ကောင်းမှု မ်ားမ်ားရွိတဲ့ လုပ်တဲ့
ပုဂ္ဂိုလ်တိုင်းဟာ "ဘုန်းကံ"ကြီးမားတာ ။
မဟုတ်မဟတ်တာတွေ များများလုပ်တဲ့ ပုဂ္ဂိုလ်
တွေဟာ "ဘုန်းကံ" နည်းကြတာပါပဲ။
ကံ ဆိုတာ အလုပ်။ ကိုယ်နေ့စဉ်ရက်ဆက် 
ဘာတွေလုပ်နေလဲ ဒါပါပဲ။

ထမိန်တမ်းအောက်က ဝင်မိလို့ 
မိန်းမက အပေါ်က ဖြစ်နေလို့
ဘုန်းကံနိမ့်သွားရတယ်ဆိုတဲ့ အယူအဆဟာ
ရိုးရာဓလေ့သာဖြစ်တယ်။ ။
ရိုးရာဓလေ့နဲ့ ဘာသာရေးကို 
ကွဲကွဲပြားပြား သိအောင်မလုပ်ကြဘူးဆိုရင်
တို့တွေ ကိုးကွယ်နေတဲ့ မြတ်စွာဘုရားရှင်ကို 
ဝိုင်းပြီးတော့ သိက္ခာချနေကြခြင်းသာဖြစ်တယ်။

သီလ သမာဓိ ပညာ,
ဒါန သီလ ဘာဝနာ အားရှိတဲ့
ပုဂ္ဂိုလ်တစ်ယောက်ကို ဘာမဟုတ်တဲ့ 
သက်မဲ့ ထမိန်တစ်ထည်က 
ဘုန်းကံနိမ့်သွားအောင် လုပ္လို့ မရပါဘူး။

ဘုန်းကံက ယောက်ျားဖြစ်ခြင်း 
မိန်းမဖြစ်ခြင်းနဲ့မဆိုင်ဘူး။ ဂုဏ်ရှိ ဂုဏ်မဲ့။
ပညာရွိ ပညာမဲ့ခြင်းနဲ့လုံးဝ မဆိုင်ဘူး။

ဒါဖြင့်..ဘာနဲ့ဆိုင်သလဲ။
လုပ်နေတဲ့ အလုပ်နဲ့သာဆိုင်တယ်။
ကိုယ်ကျင့်သီလနဲ့သာ ဆိုင်ပါတယ်။

ခပ်ညံ့ညံ့ အမျိူးးသမီးတွေကိုယ်၌က
ဒီအယူအဆမျိူ းကို လက်ခံပြီး
မိန်းမဖြစ်ရတဲ့ဘဝကို သိမ်ငယ်
နေကြတာလည်း တွေ့ဖူးပါတယ်။

လောကကြီးမှာ
ယောက်ျားကြီးပဲ မရှိနိုင်သလို 
မိန်းမ မရှိဘဲနဲ့လည်း
လူ့လောကဆိုတာ ဖြစ်မလာနိုင်ဘူး။

အရာရာတိုင်းဟာ အစုံလိုက် 
အတြဲလိုက်သာ ဖြစ်တည်တယ်။
တစ်ဦးနဲ့တစ်ဦး ကျေးဇူးတင်စရာ အဖြစ်နဲ့သာ
ရူ့မြင်ကြရမှာဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
 ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

No comments:

Post a Comment