စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, December 18, 2025

အဆိုးလောကဓံနဲ့ အချိန်မရွေး တွေ့ရနိုင်တယ်

"အဆိုးလောကဓံနဲ့ 
အချိန်မရွေး တွေ့ရနိုင်တယ်"
~~~~~~~~~~~~~~~
"အသိမကူ အရှုပ်ထူဘိ 
အပူပေါလှ လူ့လောက"ထဲမှာ 
နေရတာဆိုတော့ 
အဆိုးလောကဓံတွေဆိုတာ 
တစ်မျိုးမဟုတ် တစ်မျိုး 
အချိန်မရွေးတွေ့ရနိုင်တယ် 
ရှောင်လို့ရတာလည်းရှိတယ် 
ရှောင်လို့မရတာလည်းရှိတယ် ...။

အဆိုးလောကဓံ တစ်မျိုးမျိုးနဲ့ 
မလွဲသာ မရှောင်သာ
ရင်ဆိုင်ကြုံတွေ့လာတဲ့အခါ 
ကိုယ့်ဘက်က အပြုံးမပျက် 
တရားစွမ်းအား တရားတန်ခိုး 
တရားအရှိန်အဝါနဲ့ 
တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း 
ဖြေရှင်းနိုင်အောင် ကြိုတင် 
လေ့ကျင့်ထားဖို့ အရေးကြီးတယ်...။

အဆိုးလောကဓံတွေဆိုတာ 
လူတိုင်း လူတိုင်း တစ်မျိုးမဟုတ် တစ်မျိုး 
တချိန်မဟုတ် တချိန် ကြုံတွေ့ကြရဦးမှာ၊  
အဆိုးလောကဓံ တစ်ခုခုနဲ့ 
ရင်ဆိုင်ကြုံတွေ့လာရပြီဆိုရင် 
စိတ်ကြံ့ခိုင်မှုရှိအောင် ခံနိုင်ရည်ရှိအောင် 
သတိမြဲမြဲကိုင်ပြီး တရားနဲ့ ဖြေရှင်းတတ်ဖို့ 
အရေးကြီးတယ်...။

တရားဖြေဆေးရှိထားသူအတွက် 
တော်ရုံ တန်ရုံ အဆိုးလောက်တော့ 
အပြုံးမပျက်ဘူးဗျ၊ 
ပူရမယ့်နေရာမှာ မပူအောင် 
တရားနဲ့ဖြေတတ်တယ်၊
လောင်ရမယ့်နေရာမှာ မလောင်အောင် 
တရားနဲ့ဖြေတတ်တယ်...။ 

ဒီအဆိုးတွေကို အနိုင်ယူဖို့လို့ လောကထဲမှာ ဓမ္မ ပေါ်ပေါက်လာတာ၊ 
ဓမ္မက အဆိုးအားလုံးကို နိုင်တယ်...။

(တိပိဋကယောဆရာတော်ဘုရားကြီး)

No comments:

Post a Comment