စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, December 4, 2025

ငိုပြီးတော့မပြန်ကြနဲ့

ငိုပြီးတော့ မပြန်ကြနဲ့
~~~~~~~~~~~~

မိမိတို့ လာတုန်ကလည်း ဘာမသိ၊ ညာမသိ
"အူဝဲ အူဝဲ" နဲ့ ကယောင်ကတမ်း ငိုပြီးတော့ လာခဲ့ကြတာ။
ပြန်သွားတော့လည်း တရားစွမ်းအားမပါရင် ငိုပြီးတော့
ပြန်ကြရလိမ့်ဦးမယ်။
လာတုန်းက ဘာမှမသိလို့ ငိုပြီးတော့ လာခဲ့တာ 
ထားပါတော့။
အပြန်ကျရင်တော့ ငါငိုပြီး မပြန်တော့ဘူး။ သာသနာရတနာ
ကြောမှာ ရတနာတွေနဲ့တွေ့တုန်း တရားစွမ်းအား အပြည့်
အဝနဲ့ ပြုံးပြုံးရွှင်ရွှင် ပြန်နိုင်အောင် ဒါန၊ သီလ၊ ဘာဝနာ
ရိက္ခာထုပ်များကို များများစုဆောင်းထာမှ ဖြစ်မယ်ဟဲ့လို့
စိတ်ကလေးကိုတင်းပြီး နေ့စဉ်နဲ့အမျှ ဘဝရဲ့ အနှစ်ဖြစ်တဲ့
ကောင်းမှုတရားတွေကို ခပ်သုတ်သုတ် ခပ်မြန်မြန် ထုတ်ယူ
ကြရမှာ။
ဒီခန္ဓာကြီးကို နေ့စဉ်ကျွေးနေတယ်ဆိုတာဟာလည်း
ထမ်းထားဖို့၊ အလှကြည့်ဖို့ ကျွေးတာမဟုတ်။
ပရိယတ် အစွမ်းပြဖို့၊ ပဋိပတ်နဲ့ အစွမ်းပြဖို့ အဖိုးတန်တရား
ကောင်းတွေ ဖော်ထုတ်ချင်လို့ ကျွေးတာပဲ ဖြစ်ရမယ်။

            ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရားကြီး

No comments:

Post a Comment