စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, December 3, 2025

Recall

"" တရားဆိုတာ ရှုရင် ရပါပြီကွာ အဘိဓမ္မာ စတဲ့ စာသင်ဖို့ မလိုပါဘူး
ဝိသာခါတို့ဆို ၇နှစ်သမီးနဲ့ သောတာပန် ။
ဘယ်မှာ စာသွားသင်လို့လဲ ''

တချို့က ဒီလိုပြောတတ်ကြတယ် ။

အေး.........
ကိုယ့်ကိုယ်ကို
ဝိသာခါလောက် အရည်အချင်းရှိတယ်ထင်ရင်မသင်ကြနဲ့ပေါ့လေ ။

ကိုယ်မြင်တာက ဝိသာခါရဲ့ ဒီတစ်ဘဝပဲလေ
ဟိုဘက် ဘဝတွေမှာ စာသင်ခဲ့ကြမှန်း
ဘယ်သိပါ့မလဲ ။

တရားရသွားတယ်ဆိုတာ
Memory အဟောင်းတွေ ပြန်ပေါ်လာပြီး
လက်ရှိ ပစ္စုပ္ပန် မှာ အကျိုးပြုသွားတာပါပဲ

ရှင် စူဠပန်မထေရ်ကို ပဲကြည့်ပါဦး

ရဟန္တာဖြစ်ပြီးသူ အကိုတော် မဟာပန်က

"မင်း သာသနာဘောင်မှာတော့အချည်းနှီးပဲ
လူထွက်ဖို့ လိုပြီ '' လို့ ထွက်ခိုင်းပေမယ့် မြတ်စွာဘုရား က လူမထွက်စေဘဲ အရင်ဘဝက သံဝေဂဉာဏ် နဲ့ဆိုင်တဲ့ဆင့်ကဲ ဆင့်ကဲ ပါလာတဲ့
မှတ်ဉာဏ်ကို ပညာကို
Recall ပြန်ခေါ်လာဖို့ရည်ရွယ်ပြီး ဒါနဲ့သက်ဆိုင်တဲ့ လက်ကိုင်ပုဝါအဖြူလေးကို လက်နဲ့ပွတ်ပြီး တဖြည်းဖြည်း မည်းညစ်လာတာကို ကြည့်ခိုင်း ဆင်ခြင်ခိုင်းတယ်။

ဒီကနေ စျာန် အဘိညာဉ်ရတယ်။ နောက် မဂ်လေးပါးစုံအောင် ရသွားတယ်။

ဒါဟာ အတိတ်က
စုစည်းလာတဲ့ မှတ်ဉာဏ်တွေ ပြန်ပေါ်လာခြင်းရဲ့ အကျိုးတရား နဲ့
ပစ္စုပ္ပန်မှာ ဆင်ခြင်အားထုတ်ခြင်းရဲ့
အကျိုးတရားရလာဒ်တွေပါပဲ....

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

No comments:

Post a Comment