စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, December 4, 2025

ကိုယ့်အပေါ်မှာ သစ္စာအရှိဆုံး က " ကုသိုလ်တရား "

ကိုယ့်အပေါ်မှာ သစ္စာအရှိဆုံး က " ကုသိုလ်တရား "
~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကုသိုလ်ရလိုက်ရင် ဝမ်းနည်းရတယ်လို့ ဘယ်တော့မှမရှိဘူး၊
ဘာကြောင့်လဲဆိုရင် ကုသိုလ်တရားဟာ ကိုယ့်အပေါ်မှာ သစ္စာအရှိဆုံးဖြစ်လို့ပါ၊ ကုသိုလ်တရားက ကိုယ့်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။

တစ်ဘဝလုံးလဲ သစ္စာမဖောက်ဘူး၊ တစ်သံသရာလုံးလဲ မဖောက်ဘူး၊ အထူးအားဖြင့် ဝိဝဋ္ဋ,နိဿိတကံတရားကို
ပြုလုပ်ထားတဲ့ပုဂ္ဂိုလ်ဆိုရင် ဒုက္ခ အနှုတ်လက္ခဏာတွေပြနေတယ်၊ အပူရဲ့အနှုတ်လက္ခဏာတွေ ပြနေတယ်။

ဒါကြောင့် လောကမှာ သစ္စာအရှိဆုံးဟာ ဘာလဲဆိုရင် 
ဓမ္မဓိဋ္ဌာန်အားဖြင့် ကုသိုလ်တရားဟာ သစ္စာအရှိဆုံးပါ၊ 

လောကမှာ သစ္စာအဖောက်ဆုံးဟာ ဘာလဲဆိုရင်
ကိုယ်လုပ်တဲ့အကုသိုလ်တရားပါ၊ 
အကုသိုလ်ဆိုတာ ကြွေးပဲ၊

ကြွေးရဲ့သဘောဟာ အတိုးနဲ့ပြန်ဆပ်ရတယ်။

ကုသိုလ်ဆိုတာကတော့ အင်အားကိုစုတာပါ၊ 
အကုသိုလ်ကြွေးကို ကုသိုလ်နဲ့ပဲ ပြန်ရှင်းရပါတယ်၊
 ပုထုဇဉ်မှန်ရင် အဝိဇ္ဇာက မကင်းကြသေးတော့ အနည်းနဲ့အများ မှားမိတယ်၊ 
မှားမိတဲ့ အကုသိုလ်ကြွေးတွေကို ကုသိုလ်နဲ့ပြန်ပြီး ရှင်းပေးရတယ်၊

ရှင်းပေးနိုင်တဲ့စွမ်းရည် သတ္တိဟာ
ကောင်းမှုကုသိုလ်တရားမှာရှိပါတယ်။

တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက(ယော)ဆရာတော်

🙏🙏🙏🙏🙏

#Credit

No comments:

Post a Comment