🌸🌸🌿🌸🌸🌿🌸🌸🌿
တရားကင်းကွာနေတဲ့ လူ့ဘဝကို
ပုံဖော်ကြည့်ပါ ၊ မပြီးနိုင်တဲ့အပျက်ကို
ပြင်နေရင်း မဆုံးနိုင်တဲ့အပူကို
ဖြတ်သန်းနေရတာကို တွေ့ရမယ် ။
မပြီးနိုင်တဲ့အပျက်ကို
ပြင်နေရတယ်ဆိုတာ
စားဝတ်နေရေး ၊ကျမ္မာရေးကိုပြောတာ ၊
ခန္ဓာရှိနေသမျှ ပြီးနိုင်တာမှ မဟုတ်ပဲ ။
တရားအသိဉာဏ်ရှိသူက
အဲဒီမပြီးနိုင်တဲ့ ကိစ္စထဲမှာ
ပြီးနိုင်တဲ့ တရားစွမ်းအားတွေ
တန်းစီ ကောက်ယူသွားယုံပဲ ။
မဆုံးနိုင်တဲ့ အပူကို
ဖြတ်သန်းနေရတယ်ဆိုတာ
ကိလေသာမကင်းသေးတာကို ပြောတာ၊
ကိလေသာမကင်းသေးတော့
အချိန်မရွေး ပူရမယ် ။
မရှိလည်းပူရမယ် ၊ ရှိလည်းပူရမယ် ၊
ကုန်လည်းပူရမယ်၊ဘာမဆိုပူနိုင်တယ် ။
အပူကို ထိန်းနိုင်ခြင်းက
တရားပဲရှိတာ ၊ လူဆိုတာ
တရားနဲ့တွေ့ဖို့ အရေးအကြီးဆုံးပဲ ။
စောစောတွေ့လေ စိတ်အေးရလေ ၊
အသိဦးလေ ကောင်းလေပဲ ။
တိပိဋကဓရ ယောဆရာတော်
#credit
No comments:
Post a Comment