တစ် ကယ် တော့ စကား သံ ကို ကြား လို က် တဲ့ အချိန် မှာကြားစိတ် ဘဲ ဖြစ် ရ မှာ ပါ။
ကြား စိတ် ကို သိ လိုက် တဲ့ ကြား သိ စိတ် ဘဲ ဖြစ် ရမှာ ပါ။
ဒါ ပေမဲ့ ကိုယ့် မှာ ရှိ တဲ့ မ ကျေ နပ် တဲ အောင်း နေ တဲ့့ ဓါတ် ခံ ( စာ လို ပြော တော့ အနုသယ ကိ လေ သာ )က ကြား သိ စိတ် မှာ ဒေါ သ အဖြစ် နဲ့ သွား ပူး ပေါင်း လို က် တော့ ဒေါ သစိတ် ဖြစ် သွား တာ ပါ။
ဒေါ သစိတ် ဖြစ် ရင် ဒေါ သစိတ် ဖြစ် တယ် လို သတိ ထား လိုက် ပါ တဲ့။
သ ဒေါသံ ဝါ စိတ္တံ သ ဒေါသံ စိတ္တန္တိ ပဇာ နာ တိ လို့ ဘု ရား ရှင် ကိုယ် တော် မြတ် ကြီး ဟော ခဲ့ ပါ တယ်။
ထင် ရှား တဲ့ ဒေါ သစိတ်ကို ဒေါ သစိတ် လို သိ လိုက် ပါ တဲ့။
ဒေါ သ စိတ် ဖြစ် နေ တယ် လို ရှု ရ မှာ ဖြစ် ပါ တယ်။
ဘာ ကြောင့် ဒေါ သ စိတ် ဖြစ် တယ် လို့ မ တွေး ရ ဘူး နော်။
ဘယ်သူ့ကြောင့်လို့လည်းမတွေးရဘူးနော်။
တွေး လိုက် ရင် နောက်ထပ် ဒေါ သ စိတ် တွေ ထပ် ထပ် ဖြစ် လာ လို့ ဒေါ သစိတ် ပို များ လာ လိမ့်မယ်။
ဒေါ သစိတ် ကို ပျောက် ချင် စိတ် နဲ့ လည်း မရှု ရ ဘူး။
သူ့ ဖာ သာ သူ ပေါ် လာ တဲ့ အ နေ နဲ့ ဘဲ သိ နေ လိုက် ရ မှာ ဖြစ် ပါ တယ်။
ဒေါသဖြစ်ရင် ပူလောင်ပါတယ်။
အဲဒီ ပူလောင်တာလေးကို သတိထားရမှာဖြစ်ပါတယ်။
ဒေါ သ စိတ် က တစ် စိတ် ပြီး တစ် စိတ် ဆက် ဖြစ် နေ တဲ့ အခါ စောစော က ပြော သ လို့ စိတ် မှာ အတူ ဖြစ် လာ တဲ့ ဒေါ သ ကိ လေ သာ ဟာ ကြီး ရင် လည်း ကြီး လာ မယ်။
ငယ် ရင် လည်း ငယ် သွားမယ်။
ဒေါ သ တွေ သိပ် ပြီး လည်း ကြီး လာ နိုင် သ လို ပျောက် ရင် လည်း ပျောက် သွား ပါ လိမ့် မယ်။
ဘယ် လို အခါ မှာ ကြီး လာပြီး ဘယ် လို အခါ မှာ ပျောက် သွား မလဲ ဆို တာစိတ် ဝင် စား ဘို့ ကောင်း ပါ တယ်။
ဥပမာ ပေး ထား တဲ့ စကား ကို ထပ် ခါ ထပ် ခါ အ တွေး က ပြန် တွေး တဲ့ အခါ တွေး စိတ် မှာ ဒေါ သ က ထပ် ခါ ထပ် ခါ ပါ လာ တာ မို့ ပြန် တွေး တိုင်း ပြန် သတိ ရ တိုင်း ဒေါ သ ဖြစ် ရ တာ ပါ။
ဒါ ကြောင့် မို့ဒေါ သ ဖြစ် ရင် ဖြစ် ကြောင်း ကို ပြန် မ တွေး ဘို့ ပြန် အာရုံ မညွှတ် မိ ဘို့ အ ရေး ကြီး ပါ တယ်။
ဒါ ပေ မဲ့ ဒီ အတိုင်း ထား ရင် တွေး မိ တာ ပါ ဘဲ။
ဒါ ကြောင့် မို ဒေါ သ စိတ် ဖြစ် နေ တယ် လို့ အဆက်မပြတ် သိ နေ ရ တာ ဖြစ် ပါ တယ်။
ဒီ လို သိ နေ ခြင်း ဖြင့် အမြတ် နှစ် ခု ရ ပါ တယ်။
ပထမ တစ် ခု က ဒေါ သ ဖြစ် ကြောင်း ကို မ တွေးမိ တော့ လို့ ဒေါ သ ဆက် မကြီး တော့ ပါ ဘူး။
နောက် တစ် ခု က ပို ပြီး တန် ဖိုး ရှိ ပါ တယ်။
ဒေါသစိတ် လေး ဟာ သူ့ သ ဘာဝ နဲ့ သူ ဖြစ် နေ ဘဲ လို့ အသိ ဝင် လိုက် ရင် ဒေါ သ ဖြစ် နေ တာ လျော့ သွားပါ လိမ့် မယ်။
ဖြစ် ပြီး ပျက် သွား တာကို ထပ် တွေ့ ရင် တော့ ပို ကောင်းပါ တယ်။
သူ့ သ ဘာဝ ကို သိ လိုက် တာ နဲ့သူ ဟာ မကြီး ထွား လာ တော့ ပါ ဘူး။
ဒီ နေရာ မှာ စိတ် ကို ရှု တာ ပြော တာပါ။
ဒေါ သ ရဲ့ ပူ လောင် နေ တဲ့ သ ဘော ကို လည်း ရှု လို့ ရ ပါ တယ်။
အဲ ဒါ ဆို ဓမ္မာ နု ပဿနာ ဖြစ်သွား ပါပြီ။
လူတိုင်းဒေါသ ရှိပါတယ်။
ဒေါသ ဖြစ်ဖူးပါတယ်။
သတိလက်လွတ်ဒေါသဖြစ်နေတာနဲ့ ဒေါသဖြစ်တာကို သတိထားမိလိုက်တာဟာ တော်တော်ကွာခြားတာကို သိလာပါလိမ့်မယ်။
ဒေါသ ဖြစ်ဖြစ်ချင်းသတိကပ်နိုင်ရင်တော့ အကောင်းဆုံးပါ။
ဖြစ်ဖြစ်ချင်းသတိမကပ်နိုင်ပေမဲ့ ဖြစ်နေဆဲမှာ သတိထားလိုက်နိုင်ရင်ကိုဘဲ အရှိန် တန့်သွားမှာဖြစ်ပါတယ်။
ဒေါသ အမြစ်ပြတ်ကင်းဖို့ကတော့ အနာဂါမ် ဖြစ်မှ ပါ။
ဒါပေမဲ့ သတိထားလိုက်နိုင်ရင်။
ဉာဏ်သွင်းလိုက်နိုင်ရင်။
အင်မတန် အကျိုးကြီးမားပါတယ်။
ကျွန်တော်တို့ ဟာ ဒီလိုဘဲ ရသလောက် သတိကပ် နှလုံးသွင်းနေရမှာ ဖြစ်ပါတယ်။
ဒေါသဖြစ်တဲ့အချိန်မှာ ဒေါသ ကို လွှတ်ပေးထားတာနဲ့ သတိထားတာ ဘာကွာလဲလို့ လက်တွေ့အားထုတ်ကြည့်ပါ။
ရှု တတ် ဘို့ အ ထောက်အကူ ဖြစ်မ ယ်လို့ မျှော် လင့်ပါ တယ်။
2020တုန်းက ရေးခဲ့တာပါ။
အခုပြန်ဖတ်ကြည့်တော့လည်းပြင်စရာမရှိပါ။
Credit. U thit lwin
No comments:
Post a Comment