စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, December 1, 2025

ကျန်းမာအောင်နေနည်း

ကျေးဇူ့တော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီး မိန့်ကြားတဲ့ ကျန်းမာအောင်နေနည်း နည်းလမ်း..

 ခြေထောက်ကိုနွေး၊ ဦးခေါင်းကိုအေးကာ၊ ဝမ်းဗိုက်ချောင်စွာ၊ ကျန်းမာရာတည်း တဲ့။

ဒီစကားရပ်လေးရဲ့ အဓိပ္ပာယ်အစစ်အမှန်ကတော့ -

 (၁) ခြေထောက်ကိုနွေး ဆိုတာ
******************
စောင်ခြုံထားခိုင်းတာ မဟုတ်ပါဘူး။ ခြေထောက်တွေ လှုပ်ရှားမှုရှိအောင် "လမ်းများများလျှောက်ပါ" လို့ ဆိုလိုတာပါ။ လမ်းလျှောက်ခြင်းက သွေးလေလည်ပတ်မှုကို ကောင်းစေပါတယ်။

 (၂) ဦးခေါင်းကိုအေး ဆိုတာ
********************
ခေါင်းကို ရေခဲအုပ်ခိုင်းတာ မဟုတ်ပါဘူး။ စိတ်သောက ရောက်စရာတွေကို ခေါင်းထဲထည့်မထားဘဲ "စိတ်လက်ပေါ့ပါးစွာ နေထိုင်ပါ" လို့ ဆိုလိုတာပါ။ စိတ်ဖိစီးမှုက ရောဂါအပေါင်းရဲ့ အရင်းအမြစ်ကိုး။

 (၃) ဝမ်းဗိုက်ချောင်စွာ ဆိုတာ
**********************
အစားအသောက်ကို တဝတပြဲကြီး မစားဘဲ "မျှတရုံသာ စားပါ" လို့ ဆိုလိုတာပါ။ ဝမ်းမီးနဲ့ မျှတအောင် စားသောက်ခြင်းက ရောဂါကင်းဝေးစေပါတယ်။

ဆရာတော်ကြီးကိုယ်တိုင်လည်း နေ့စဉ် လမ်းလျှောက်တယ်၊ စိတ်ကို အေးချမ်းအောင်ထားတယ်၊ အစားအစာကို မျှတရုံပဲ ဘုဉ်းပေးပါတယ်။ ဒါကြောင့် ဆရာတော်ကြီး ကျန်းမာသက်ရှည်နေခြင်း ဖြစ်ပါတယ်။
**********

Fb ပေါ်ကတွေ့လို့ ပြန်လည်မျှဝေပါသည်ရှင်။ မူရင်းရေးသားသူအား credit ပေးပါ၏။

No comments:

Post a Comment