Welcome new year 2016
******************************
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော
၂၀၁၆ ခု နှစ်သစ်လေးဖြစ်ပါစေ။
ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာ ချမ်းသာ ကောင်းကျိုးလိုရာ ပြည့်ဝကြပါစေ။
အန္တရာယ်ကင်း ဘေးရန်ရှင်း ငြိမ်းချမ်းကြပါစေ။
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Welcome new year 2016
******************************
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော
၂၀၁၆ ခု နှစ်သစ်လေးဖြစ်ပါစေ။
ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာ ချမ်းသာ ကောင်းကျိုးလိုရာ ပြည့်ဝကြပါစေ။
အန္တရာယ်ကင်း ဘေးရန်ရှင်း ငြိမ်းချမ်းကြပါစေ။
ဘုရားနဲ့ ၁၀၈ ကွက် စက်လက္ခဏာ
***********************************
( ၁၀၈ ကွက်ဗုဒ္ဓစက်)
ဘုရားရှင်ရဲ့ ခြေဖ၀ါးနှစ်ဖက်မှာ ၁၀၈ကွက် စက်အမှတ်အသားပါရှိပါတယ်။
၁.. လှံမ
၂.. ကျက်သရေတိုက်
၃.. ဇဘပ်ပန်း
၎.. လည်ရေးသုံးဆင့်
၅.. ဦးဆောက်ပန်း(ဦးစိုက်ပန်း)
၆.. ထမင်းပွဲ
၇.. ရွှေသလွန်တော်
၈.. ချွန်းတောင်း
၉.. ပြာသာဒ်
၁၀. တုရိုဏ်တိုင် (တံခါးတိုင် )
၁၁. ထီးဖြူ
၁၂. သန်လျက်
၁၃. ထန်းရွက်ယပ်ဝန်း
၁၄. ဥဒေါင်းမြီးစည်းယပ်
၁၅. သင်းကျစ်
၁၆. ပတ္တမြားကျောက်မြတ်
၁၇. အရောင်တဖိတ်ဖိတ်လတ်တဲ့
စားတော်ခွက်
၁၈. မုလေးပန်းဆိုင်
၁၉ - ကြာညို၊
၂၀. ကြာနီ၊
၂၁. ကြာဖြူ၊
၂၂. ကြာပဒုမ္မာ ၊
၂၃. ကြာပုဏ္ဍရိက်
၂၄. မုန်ညင်းဖြူစေ့ စသည်နဲ့ ပြည့်တဲ့အိုး
၂၅. မုန်ညင်းဖြူစေ့ စသည်နဲ့ပြည့်တဲ့ ဖလား
၂၆. သမုဒ္ဒရာ
၂၇. စကြ၀ဠာတောင်
၂၈. ဟိမ၀န္တာတောင်
၂၉. မြင်းမိုရ်တောင်
၃၀. နေ၀န်း
၃၁. လ၀န်း
၃၂. နက္ခတ်များ
၃၃-၃၆.. ကျွန်းငယ်အရံ နှစ်ထောင်နှင့်တကွ ကျွန်းကြီးလေးကျွန်း
၃၇. အခြွေအရံပရိးသတ်၊ ရတနာ ၇ ပါး နဲ့ပြည့်စုံတဲ့ စကြာမင်း
၃၈. လက်ယာရစ် ခရုသင်းဖြူ
၃၉. ရွှေငါးကြင်းအစုံ
၄၀. စက်လက်နက်
၄၁- ၄၇. ဂင်္ဂါမြစ်ကြီး ၇ မြစ်
၄၈- ၅၄. တောင်စဉ်တောင်ရံ ၇ လုံး
၅၅- ၆၁. သီတာ ၇ တန်
၆၂. ဂဠုန်ငှက်မင်း
၆၃. မိကျောင်း
၆၄. တံခွန်လျား
၆၅. တံခွန်ကုက္ကား
၆၆. ရွှေသန်လျင်း
၆၇. ရွှေရောင်တောက်ပတဲ့ သားမြီးယပ်။
၆၈. ကေလာသငွေတောင်
၆၉. ခြင်္သေ့မင်း
၇၀. ကျားမင်း
၇၁. ၀လာဟကမြင်းမင်း
၇၂. ဥပေါသထဆင်မင်း (သို့မဟတ်)
ဆဒ္ဒန်ဆင်မင်း
၇၃. ဗာသုကီနဂါးမင်း
၇၄. ရွှေဟင်္သာမင်း
၇၅. ဥသဘနွားမင်း
၇၆. ဧရာဝဏ်ဆင်မင်း
၇၇. ရွှေမကန်း
၇၈. ရွှေလှေ
၇၉. ဗြဟ္မာမင်း
၈၀. သားနဲ့တကွဖြစ်တဲ့ နို့စားနွားမ
၈၁. ကိန္နရာ ဖို, မ
၈၂. ကရ၀ိက်ငှက်မင်း
၈၃. ဥဒေါင်းမင်း
၈၄. ကြိုးကြာငှက်မင်း
၈၅. စက္က၀ါက်ငှက်မင်း
၈၆. ဇီဝဇိုးငှက်မင်း
၈၇ -၉၂. ကာမာဝစရနတ်ပြည် ၆ ထပ်
၉၃ - ၁၀၈. ရူပါဝစရဗြဟ္မာ့ပြည် ၁၆ ထပ်
(မဇ္ဈိမပဏ်ဋ္ဌ၊၂၅၇၊၈ )
လောကဓံကြုံ မဖြုံစတမ်း
***********************
ဤလောကကြီးမှ မလွတ်ကင်းသေးသမျှ လောကဓံများနှင့် ကြုံရမည်။ ဘုရားရှင်တို့သော်မှ လောကဓံအမျိုးမျိုးနှင့် ကြုံတော်မူရပါသေးသည်။
ကြုံလာသမျှ လောကဓံကို အကြောင်းပြု၍ တုန်လှုပ်မှု့မရှိခြင်းသည် မင်္ဂလာတစ်ပါးဟု ဘုရားရှင်က ဟောတော်မူသည်။
** တစ်ခဲနက် ကျောက်အတိပြီးသော တောင်သည် လေကြောင့် မတုန်လှုပ်သကဲ့သို့ ...
ဤအတူ ပညာရှိတို့သည် ကဲ့ရဲ့ခံရမှု၊ ချိးမွမ်းခံရမှု စသော ဆိုးကောင်းနှစ်တန် လောကဓံတို့ကြောင့် ဒေါသ လောဘအစွမ်းဖြင့် မတုန်လှုပ်ကြ။ ** ဟုလည်း ဘုရားရှင် ဟောကြားတော်မူသည်။
မိမိကိုယ်ကို ပညာရှိစာရင်းဝင်အောင် ၊ မင်္ဂလာရှိသူဖြသ်အောင် လောကဓံတို့နှင့် မဖြုံစတမ်း နေနိုင်အောင် လေ့ကျင့်ပေးပါ။
ကျင့်သားရလျှင် လောကဓံကြောင့် တုန်လှုပ်မှု နည်းပါးလာမည်မှာ သေချာပါသည်။
အနှစ်နှင့်အကာ
***************
၁. ရေ မီး သူခိုး မွေခံဆိုး မငိသဆိုးအပြား ရန်သူမျိုးငါးပါးတို့နှင့် ဆက်ဆံနေသောကြောင့် စည်းစိမ်ဥစ္စာ မှန်သမျှ အနှစ်မဟုတ်.. အကာသာဖြစ်သည်။
ထိုအကာဖြစ်သော စည်းစိမ်ဥစ္စာကို စွန့်ကြဲပေးကမ်း လှူဒါန်းမှု ဒါနစေတနာသည် အနှစ်ဖြစ်၏။
၂. ကိုးဆယ့်ခြောက်ဖြာ ကိုးဆယ့်ရှစ်ဖြာသော ရောဂါအမျိုးမျိုးနှင့် ဆက်ဆံနေသောကြောင့် ခန္ဓာကိုယ်ကြီးသည် အကာဖြစ်၏။
ထိုအကာဖြစ်သော ခန္ဓာကိုယ်ဖြင့် သီလရှိသော သူတော်သူမြတ်တို့ကို ရှိခိုးဦးချမှု့ စသောကုသိုလ်များကို ပြုခြင်းဟူသော သီလသည် အနှစ်ဖြစ်၏။
၃. မမြဲခြင်း သဘောတရား၏ လွှမ်းမိုးနှိပ်စပ်ခံရသောကြောင့် မိမိတို့၏ အသက်သည် အကာဖြစ်၏။
ထိုအကာဖြစ်သော အသက်ကို အနိစ္စ ဒုက္ခ အနတ္တ ဟု ၀ိပဿနာ ရှုမှတ် ပွားများမှု့သည် အနှစ်ဖြစ်သည်။
(သြ၀ါဒကထာကျမ်းစာအုပ်မှ )
★ ယဉ်ကျေးလိမ်မာဆုံးမစာ သံပေါက်ကဗျာ
*****************************
၁. အနန္တငါး ၊ ဦးထိပ်ထား ၊ ညွှတ်တွားပါကွယ့် မမေ့နဲ့။
၂. ဆရာမိဘ၊ ဆိုဆုံးမ၊ လိုက်နာကြကွယ့် မမေ့နဲ့ ။
၃. မိဦးဖဦး၊ ဆရာဦး၊ ခူး၍နော်ကွယ့် မစားနဲ့  ။
၎. ကိုယ့်ထက်ကြီးသူ ပြောဆိုမူ နင်ငါဟူ၍မပြောနဲ့။
၅. သူများကိုသာ ရန်မရှာ ၊ မခံချင်တာ မပြောနဲ့။
၆. ယဉ်ကျေးအောင်သွား ယဉ်အောင်စား စကားပြောလည်း ယဉ်စေကွယ့်။
၇. ပရမ်းပတာ သူ့ထက်ငါ၊ လုယက်ခါကွယ် မစားနဲ့  ။
( မသွားနဲ့  ၊ မပြောပါနဲ့ ၊ မရပ်နဲ့၊ မထိုင်နဲ့၊ မအိပ်နဲ့ )
၈. လူကြီးသူမ၊ ရှေ့သို့ကျ၊ ကုန်းကွ၍တဲ့၊ သွားပါနဲ့။
၉. ဒူးထောင်ပေါင်ကား၊ ဆရာနား ( မိဘနား ) ၊ အလျားမှောက်၍ မနေနဲ့ ။
၁၀. မိန်းကလေးမှာ အရာရာ ပြာတီးပြာတာ မရှုပ်နဲ့။
၁၁. မိန်မဣနြေ္ဒ၊ သိရ်သရေ၊ စိန်ကုဋေတန်သကွယ့် မှတ်လေတဲ့။
၁၂. မျက်မှောက်တသွယ်၊ မျက်ကွယ်တခြား၊ အကျင့်မှား၊ ရှောင်ရှားပါကွယ့် ကောင်းကောင်းတဲ့။
၁၃. ဝေယျာဝိစ္စာ ၊ ကျောင်းအိမ်မှာ လျော်စွာလုပ်ကွယ့် မခိုနဲ့။
၁၄. လူရှုပ်လူပွေ၊ လူယုတ်တွေ၊ ရှောင်လေရှားကွယ့် ဝေးဝေးတဲ့။
၁၅. ကုန်းချောကြမ်းကြုတ်၊ အကျင့်ယုတ်၊ မဟုတ်စကား မပြောနဲ့။
၁၆. ဘုရားပုထိုး ဦးညွတ်ကျိုး ရှိခိုးအိပ်ကွယ့် မမေ့နဲ့။
၁၇. မိခင်ဖခင်၊ ဆရာရှင်၊ နေ့စဉ်မမေ့နဲ့ ရှိခိုးကွယ့်။
🌲ဆရာတော်အရှင်ပညာသာမိ
(( မာဂဓီ -သာစည်))
ဘုရားရဲ့နောက်ဆုံးစကား
***********************
ပိဋကသုံးပုံ အကုန်လုံးကိုဆောင်ပြီး အပ္ပမာဒပုဒ်ရဲ့ အနက်ကိုပြုကာ တရားဟောတဲ့ ဓမ္မကထိကကို "" ဆိတ်ကမ်းမဟုတ်ရာမှာ ပြေးဝင်တယ် "" လို့ မပြောထိုက်ပါ။
အကြောင်းကတော့ အပ္ပမာဒပုဒ်ဟာ အနက်အဓိပ္ပါယ် ကြီးကျယ်လို့ပါပဲ။ မှန်ပါတယ်။
ဘုရားရှင်ဟာ ကုသိနာရုံ အင်ကြင်းပင်တွေကြားမှာ ပရိနိဗ္ဗာန်စံခါနီး လဲလျောင်းနေတဲ့အခါ ဘုရားဖြစ်ချိန်ကစပြီး ၄၅ ၀ါ ကာလတွေမှာ ကိုယ်တော်တိုင်ဟောကြားထားတဲ့ တရားတွေကို တစ်ပုဒ်တည်းနဲ့ သိမ်းယူပြီး "" အပ္ပမာဒေန သမ္ပာဒေထ "" လို့ ရဟန်းတွေအား သြ၀ါဒပေးတော်မူပါတယ်။
သေခါနီးမိဘတွေက ကျန်ရစ်တဲ့ သားသမီးတွေအား အရေးကြီးတဲ့စကားကို သေခါနီးအချိန်လေးမှာ မှာကြားတတ်သလို ဘုရားရှင်ကလည်း အရေးအကြီးဆုံးမို့ နောက်ဆုံးအချိန်မှာ မှာကြားခဲ့ပါတယ်။
"" ရဟန်းတို့... ယခု ငါဘုရား သင်တို့အား တိုက်တွန်းစကား ပြောကြားမယ်။ ရုပ် နာမ်သင်္ခါရတွေဟာ ပျက်စီးခြင်း သဘော ရှိကြတယ်။ သတိနဲ့ ကိစ္စအားလုံးကို ပြီးစီးစေကြလော့..""
သတိဆိုတဲ့ စကားထဲမှာ ကုသိုလ်အားလုံး အကျုံးဝင်ပါတယ်။ သီလ၊ သမာဓိ၊ ပညာ သိက္ခာ ၃ ပါး အကျုံးဝင်ပါတယ်။
(( ဣတိဂုတ်၊ဋ္ဌ၊၇၆)
ဘုရားနဲ့သမုဒ္ဒရာမြေကောင်းကင်
*****************************
သမုဒ္ဒရာထဲကရေကို ပြည်ခွက်နဲ့ခြင်ရင် ရချင် ရနိုင်ပါမယ်။ ဘုရားရှင်ရဲ့ သဗ္ဗညုတဥာဏ်ကို အဲ့ဒီလို ခြင်တွယ်လို့မရနိုင်သည်သာ။
မြေကြီးကို ချိန်ခွင်မှာထည့်ပြီး ချိန်တွယ်လို့ ရချင် ရနိုင်ပါမယ်။ ဘုရားရှင်ရဲ့ သဗ္ဗညုတဥာဏ်ကို အဲ့ဒီလို ချိန်တွယ်လို့ မရနိုင်သည်သာ။
ကောင်းကင်ကို ကြိုးနဲ့ဖြစ်စေ၊ လက်ချောင်းနဲ့ဖြစ်စေ တိုင်းတာလို့ ရချင် ရနိုင်ပါမယ်။ ဘုရားရှင်ရဲ့ သဗ္ဗညုတဥာဏ်ကို အဲ့ဒီလို တိုင်းတာလို့ မရနိုင်သည်သာ။
မဟာသမုဒ္ဒရာထဲက ရေနဲ့မြေ ကောင်းကင်တို့ကို ဘုရားရှင်ရဲ့ဥာဏ်ကို ထောက်ဆကာ ဥပမာအနေနဲ့ မနှိုင်းယှဉ်နိုင်ပါ။
(ထေရဂါထာ ဋ္ဌ၊ သာရိပုတ္တတ္ထေရဂါထာ၊၃၈၂)
_()_ ဘုရားနဲ့ကြာ _()_
စင်ကြယ်တဲ့အနံ့ရှိပြီး စိတ်ကို ပျော်မွေ့စေတဲ့ ပုဏ္ဍရိက်ကြာဟာ ရေမှာဖြစ်ပြီး ကြီးပွားပေမယ့် ရေက မလိမ်းကျံသည့်ပမာ ဘုရားရှင်ဟာ လောကမှာဖြစ်ပြီး လောကမှာကြီးခဲ့ပေမယ့် တဏှာ ၊ မာန၊ ဒိဋ္ဌိတွေနဲ့ လိမ်းကျံ မခံရပါ။
**အဂုၤတၳိရ ၊ ဆကၠ၊ ၃၀၄**
သုဂတိ ဘုံ သို့ ဘဝ ကူးနည်း
သေနည်း မည်သူ မဆို တစ်နေ့ မုချ သေရမည် ။နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း အရေးကြီးပေသည် ။ သေ တတ်အောင် ကြိုတင် ပြင်ဆင် ထားဖို့ လိုသည် ။ ကုသိုလ် ကောင်းမှု တွေ ဘယ်လောက် များများ သေခါ နီးစိတ်ထား မတတ်လို့ ဘဝကူး မကောင်းသူတွေ များလှ၏။ သေပုံ သေနည်းမတတ်လို့ ပြိတ္တာ ဖြစ်၊ တိရ စ္ဆာန် ဖြစ် ၊ငရဲ ကျသူတွေ အများ အပြား ရှိ၏။
မည်သူ မဆို သတ္တဝါ တို့ မည်သည် ရေနစ်တဲ့ သူဟာ အားကိုး တကြီးတွေ့ ရာဆွဲယူ တတ်သလို သေခါ နီးတဲ့ အခါ စွဲမိ စွဲရာ စွဲတတ်ကြသည် ။ မခွဲနိုင် မခွာ ရက် တပ်မက် စွဲလမ်းနေတတ်ကြသည် ။သံယောဇဉ် တွေကို ကြိုတင် ဖြတ်ထားဖို့ လိုသည် ။ခင်ပွန်း၊ ဇနီး၊ သမီး ၊သား ၊ဆွေမျိုး ညာတကာဆိုသည် မှာ ဒီ ဘဝတွင် ခဏ လာပြီးဆုံဆည်းကြ ခြင်းဖြစ်သည် ။ကံ စီမံရာ အတိုင်းသူ့ လမ်းသူ သွားကြမှာ ဖြစ်သည် ။ တိုက်တာ ၊ အိမ်ရာ ၊စည်းစိမ် ဆောင် အရောင်တွေ ၊ ရာထူးတွေ လည်း သေလျှင် ဘာမျှ ပါသွားမှာ မဟုတ်ဘူး။ တွယ်တာဖို့ မလိုဘူး။စိတ်ကို ရှင်းရှင်းထားအားလုံး သံယောဇဉ် ဖြတ်ထား ရမည် ။
သေခါ နီးမှာ ကပ်ပြီး ပြုတဲ့ ကောင်း မှု ကံ သည် သေပြီး နောက်တစ်ဘဝအတွက် အကျိုးပေးသဖြင့် ဘဝကူးအတွက် အလွန် အရေးကြီးသည် ။သေခါနီး ကာလဆိုတာ ကိုယ်အား နှုတ်အား တွေ လျော့ ပါးနေတဲ့ အတွက် ကာယကံ မှု ၊ဝစီကံ မှု ထက် မနောကံ ကိုသာ အများဆုံး လုပ်နိုင်ခွင့် ရှိတော့ သည်ကို သတိ ပြုရမည် ။မနောကံ အလုပ်၊ စိတ်ထဲကနှလုံး သွင်း ဆင်ခြင်မှု ကိုသာ အများဆုံး အားထား မှီခိုရပေလိမ့်မည် ။ သေခါ နီး ဆိုတာ များများမလုပ်နိုင်တော့ ဘူး။ လုပ်သလောက်ဟာကလေးတိတိကျကျ မိမိရရ ရှိဖို့ အရေး ကြီးပေသည် ။
ဒီဘဝမှာ မသေခင် ဘယ် အရာကို ဘယ်တရားကို အာရုံပြုပြီး ပိုင်ပိုင်နိုင်နိုင်ကြီးဆွဲကိုင်ပြီး ဘယ်လို ဘဝ ကူးမယ်ဆိုတဲ့ အချက်ကို ကြိုတင်ရွေးချယ် သတ်မှတ် ထားရမည် ။ဘယ်ပုံ ဝိညာဉ် ချုပ်စေရမယ် ဆို တဲ့ အထိ ဘဝ နိဂုံးချုပ်မယ့် ပုံစံကို တိတိကျကျရေးဆွဲ ထားရမည် ။ဘယ် အသက် အရွယ်မှာ ၊ ဘယ် အနာ ရောဂါနှင့် ဘယ်နေ့ ဘယ်အချိန် ၊ ဘယ်နေရာမှာ သေရမည် ဆိုတာ ဘယ်သူမှ ကြိုတင် မသိ နိုင်တဲ့ အတွက် သေနည်းကို ကြိုတင် လေ့ကျင့် ထားဖို့ လိုသည် ။ညစဉ် အိပ်ယာ ဝင်တိုင်းတကယ်သေခါ နီးအချိန်လို့ သဘောထား ပြီး အစမ်းလေ့ကျင့် ထားဖို့ လိုသည် ။ အလေ့ အထ ဖြစ်အောင် ၊ ခိုင်မာ အောင် မကြာ ခဏ အာရုံပြုလေ့ကျင့် ထားရမည် ။မိမိ စိတ် အာရုံတွင် နှစ်သက် ကြည်လင် မှုရှိတဲ့ နည်းတစ်မျိုးမျိုးကို ထပ်ကာ ထပ်ကာ မီးထိုးပေးနေရမည် ။တဖန် တလဲလဲ လေ့ကျင့်နေရမည် ။ သေနည်းငါးမျိုးအနက် ကြိုက် နှစ်သက်ရာ တစ်မျိုးကို ရွေးချယ်ပြီး သေမင်းကို မကြောက် မရွံ ရင်ဆိုင် နိုင်အောင် အသင့် ပြသ်ထား ရမည် ။
သေနည်းငါးမျိုး
၁။ သရဏဂုံနှင့် ဘဝ ကူး နည်း ။
၂။ ဒါန နှင့် ဘဝ ကူးနည်း။
၃။ သီလ နှင့် ဘဝကူး နည်း ။
၎။ သမထ နှင့် ဘဝ ကူး နည်း။
၅။ ဝိပဿနာ နှင့် ဘဝ ကူးနည်း။
သရဏဂုံ နှင့် ဘဝကူး နည်း ။ ********************* သရဏဂုံ တည်ဆောက် ပြီးမကျိုးမပေါက် အောင် စောင့်ထိန်းပါ ။ဘာ လုပ်လုပ် သရဏဂုံ ရွတ်ဆိုပြီး မှ လုပ်ပါ ။ အလေ့ အထ ဖြစ်နေအောင် သရဏဂုံ နှလုံး သွင်းပြီး သရဏဂုံနှင့် နေသွားပါ။သေခါ နီးမှာ ဗုဒ္ဒံသရဏံ ဂစ္ဆာမိ ( မြတ်စွာ ဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။
ဓမ္မံ သရဏ ဂစ္ဆာမိ (တရားတော် မြတ်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။
သံဃံ သရဏံ ဂစ္ဆာမိ (သံဃာတော် အရှင်မြတ် များကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။
လို့ အဓိပာယ် ပါအာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံးသွင်း ပွားများပါ ။သရဏဂုံ နှင့် ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက်သည် ။
ဒါန နှင့် ဘဝ ကူးနည်း ++++++++++++ ဘဝ တစ်သက်တာ တွင် မိမိပြုခဲ့တဲ့ ဒါန ကောင်းတွေ ထဲက အနေကျပ်ဆုံး ၊အကြိုက် အနှစ်သက်ဆုံး၊ ပီတိ အဖြစ်ဆုံး အလှူ ဒါန ကောင်းမှု တစ်ခုခုကို ရွေးပါ။ ပီတိ အားကောင်းမှ အကျိုးပေးထက်သန်တာ ဖြစ်လို့ ထို ပီတိ အဖြစ်ဆုံးဒါနကောင်းမှု ကို ခုလောလောဆယ် လှူနေရသလို အာရုံ ထင်မြင်ပြီး ကြည်နုး ဝမ်းမြောက် ပီတိ ဖြစ်နေရပါ မည် ။ သေခါ နီး နာ မကျန်းဖြစ်နေစဉ် အလှူဒါန ပြုပြီးပြုခဲ့ သော အလှူဒါနကို နှလုံးသွင်းပီတိ ဖြစ်သည် အထိအားရုံ ပြု ပွားများ၍လည်းရပါသည် ။ မိမိ ပြုခဲ့ သော အလှူဒါန ကို ဝမ်းသာ ပီတိ ဖြစ်အောင် နှလုံးသွင်းဆင်ခြင် ရပါမည် ။ မိမိ လှူထားသော အဆောက် အဦး ၊လှူဖွယ် ပစ္စည်းကို မစွဲလန်းမိရန် သတိ ပြုရပါမည် ။မိမိ ပြုခဲ့သော အလှူဒါန ကို ဆင်ခြင် နှလုံး သွင်းပြီး ဒါန ပီတိ စိတ်နှင့်ဘဝကူးရင် ကောင်းရာ သုဂတိ ရောက်သည် ။
သီလနှင့် ဘဝကူးနည်း **************** နေ့ စဉ် ပုံမှန် ငါးပါးသီလ ခံယူပြီး မကျိုးမပေါက် အောင် စောင့်ထိန်းပါ ။သေခါ နီးသံယောဇဉ် ဖြတ်ပြီးစိတ်ကို ငြိမ်အောင် ထားပါ ။မိမိ သီလကို နှလုံးသွင်းပြီးသီလ နုဿတိ ဖြစ်နေအောင် အထပ်ထပ် အာရုံပြု ဆင်ခြင် ပါ။ သေခါ နီး တွင် လည်းဘုရားအာရုံ ပြုပြီး ငါးပါး သီလခံယူ ပါ ။အခု ငါးပါး သီလ ခံယူ ပြီးတဲ့ အချိန်က စပြီး ငါးပါး သီလ လုံခြုံ နေပြီလို့ ဝမ်းသာ ပီတိ ဖြစ်သည် အထိ နှလုံးသွင်း အာရုံ ပြုပါ။ သီလ ပီတိ စိတ်နှင့် ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။
သမထ နှင့် ဘဝ ကူးနည်း xxxxxxxxxxxxxxxxxx သမထ ဆိုတာ တစ်ခုကိုသာ စူးစိုက်ကာ ရှု ခြင်း ဖြစ်သည် ။ စိတ်ကို ဟို သည် မပျံ့  လွင့် ဘဲ အာရုံ တစ်ခု တည်း အပေါ်မှာ တည် ငြိမ်နေအောင် စူးစိုက်ပြီး မှတ်နေ ခြင်း ဖြစ်သည် ။သမထ ကျင့်စဉ် လေးဆယ် ရှိသည် ။သေခါ နီးသူ သည် အများ အပြား မလုပ်နိုင်တော့သဖြင့် တိုတို နှင့် လွယ်ကူ ရှင်းလင်း သော နည်းကို အာရုံပြုပွားများ လျှင် လုံလောက်ပါသည် ။ ဘုရား ဂုဏ်တော် နှလုံးသွင်း ပွားများနည်း-အရဟံ= ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား၊လို့ အရဟံ ဂုဏ်တော် ရဲ့ သဘောကို ပေါက်အောင် အာရုံ ထင်လာအောင် စိတ်ထဲကနေနှလုံး သွင်း ပွားများရပါ မည် ။မေတ္တာ ဘာဝနာ ပွား များနည်း-သတ္တဝါအားလုံးကျန်းမာ ချမ်းသာ ကြပါစေ လို့ စိတ်ထဲကနေနှလုံးသွင်း ပွားများရ ပါမည် ။ ဘုရား ဂုဏ်တော် နှလုံး သွင်း ပွားများနည်းနှင့် မေတ္တာ ဘာဝနာ ပွားများနည်း ကိုကြိုက်နှစ်ရာ တစ်ခုကို ပီတိ ဖြစ်သည် အထိ နှလုံးသွင်း အာရုံပြုပါ။ ကောင်းရာ သုဂတိ ရောက်သည် ။
ဝိပဿနာ နှင့် ဘဝ ကူးနည်း ++++++++++++++++ ဝိပဿနာ ဆိုတာ ပေါ်ရာ ပေါ်ရာမှာ ရှု ခြင်းဖြစ်ပါသည် ။ကိုယ် အမှု အရာ ဘာပဲ ပြုပြု -ပြုနေစဉ် ၊စိတ် အမှု အရာ ဘာပဲ ဖြစ် ဖြစ် -ဖြစ်နေစဉ် ၊နေ့ စဉ် တိုင်းနေ့ စဉ် တိုင်းမှာ ဖြစ်နေတဲ့ သဘောကို ဖြစ်နေ တဲ့ အတိုင်း သတိ ကပ် ရှု မှတ် သွားရန် ဖြစ်သည် ။ ရုပ် နာမ် တရားတို့ကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ အားဖြင့်အဖန်ဖန် အထပ်ထပ် ရှု မှတ် ပွားများအားထုတ်ခြင်း ဖြစ်သည် ။ ဝိပဿနာ ဘာဝနာ တစ်ခုခု ကို ဆရာ သမား ကောင်းထံ နည်းနာခံပြီးစနစ် တကျ လေ့ ကျင့် ထားရမည် ။ ရိပ်သာ မကြာ မကြာ ဝင် ပြီး ဝိပဿနာ အားထုတ်ရမည် ။အိမ် မှာလည်းနေ့ စဉ် မှန် မှန် အားထုတ် ရမည် ။ဝိ ပဿနာ ကို နှလုံး သွင် ပြီးဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။
( မိုးကုတ် ဆရာတော်ဘုရားကြီး ၏ဝေဒနာ ကုန်ပျောက် နိဗာန် ပေါက် တရား တော်မှ ဝိ ပဿနာ နှင့် ဘဝ ကူးနည်းကို အကျဉ်းချုပ် ကောက် နှုတ် ဖော် ပြ ပါမည် ။ဘုရားရှင်က သေနည်း၆=မျိုး ဟော ကြား ထားပါသည် ။ပုထုဇဉ် တို့၏သေ နည်းက ၃-မျိုး၊ သောတာပန်-သကဒါဂါမ် ၊အနာဂါမ် တို့ သေနည်းက ၃-မျိုး ပေါင်း-၆-မျိုးရှိပါသည် ။အဲဒီ အထဲက မှ ဆရာတော် ကြီးဟော ကြားထား သော ပုထုဇဉ်တို့ အတွက် အသင့် တော်ဆုံးသေ နည်း တစ်မျိုးကို ဖော်ပြ ပါမည် ။ အဲဒီ နည်းကတော့ ဘုရားရှင် နှင့် တပည့်သားတို့ ထံ မှ ကြား နာရသည့် တရားအတိုင်းဝေဒနာ နှင့် ငါမရောအောင် ကိုယ်တိုင် ရှု မှတ် ပွားများ ၍သေနည်း ဖြစ် ပါသည် ။သေခါ နီး တွင် ဝေဒနာ အမျိုးမျိုး ပေါ်လာ မည် ။အဲဒီ အချိန်မှာ ရှု နည်း အသားကျ နေအောင် အခု ကတည်း ကဝေဒနာ ကို ငါ နှင့် မရောဘဲ ကိုယ် ညာဏ နှင့် ကိုယ် ဖြစ် ပျက် ရှု မှတ် တတ်အောင် ကြိုးစားပြီးအကျင့် လုပ်ထား ရမည် ။ဖြစ် ပျက် ရှုမှတ် တဲ့ အတွက် ဝေဒနာ ကို ဖြစ်တာနှင့် ပျက်တာ ပဲ သိနေမည် ။ အမှန် သိနေတဲ့ အတွက် အဝိဇ္ဖာ မလာပါ။ သံသရာ ဝဋ်ဆင်းရဲ မှ မရုန်းထွက် နိုင်အောင် သတ္တဝါတို့ အား အလွန် ယစ် မှုးတွေ ဝေစေတတ်သော အာသဝေါ တရား အကုန် ချုပ်တဲ့ နည်း၊ ဖြစ်သည် ။ဒီလို ဝေဒနာ ကို ဖြစ် ပျက် ရှု တဲ့ အတွက် ရှုတဲ့ သူမှာ ပဋိစ္စ သမုပါဒ် တွေ ပြတ်နေ သည် ။ ဒါကြောင့် ရှု ရင်း ရှု ရင်း သောတာပန် ၊ သကဒါဂါမ် ၊ အနာဂါမ် အထိ ရောက်သွားနိုင်သည် ။)
ဓမ္မဒါန…မှတ်ချက် အချို့ စာလုံးများသည်အဆင့် ကျန်နေသည်ကို နားလည်ပေးစေချင်ပါသည်။
စာဖတ်ကြသူ ဓမ္မ မိတ်ဆွေ သူတော်စင် သူတော်ကောင်း အပေါင်းတို့သည် ။ ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာ ကြပါစေ… ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာ ကြပါစေ..ဟု… ဆုတောင်းပေးရင်း… မည်သည့် အရာမျှ ထာဝရ ဆုတ်ကိုင် ထားခြင်းမရှိသော…
သာသနာ့ ဟိတကာရီ.အရှင်ကုဏ္ဍလ-နေသိုက်ဈာန်(လမှုး) —
credit:damahsarpaymyar