_()_ သဗ္ဗဉ်ဥာဏ်တော် စွမ်းသုံးဖော် _()_
************************
၁.. သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်, အကုန်မြင်, သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။
၂.. သိသည့်တရား, များအပြား၌ , ဟောထားစဖွယ်, နည်းသွယ်သွယ်ကို , ခြယ်လှယ်စုံလင် , အကုန်မြင် , သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။
၃.. ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣနြေ္ဒစရိုက် , သူ့အကြိုက်ကို , နှိုက်ချွတ်စုံလင်, အကုန်မြင် , သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။
ဥာဏ်တော်စွမ်းပကား ဤသုံးပါးကြောင့် အများဝေနေ ကျွတ်လွတ်စေဖို့ မနေမနား သက်တော်အားဖြင့် ကြီးမားလေဘိ , ရှစ်ဆယ်ပြည့်၍ , ပရိနိဗ္ဗာန်, စံသည့်တိုင်အောင်, သယ်ယူဆောင် , ဘုန်းခေါင် ငါတို့ ဘုရားတည်း..။
No comments:
Post a Comment