စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, December 16, 2015

အတ္တသန္နိယျာတနသရဏဂုံတည်​​ဆောက်​ပုံ..

🌞°°••🌴°°••🌺°°••🌲°°••🌞
   အတ္တသန္နိယျာတနသရဏဂုံ တည်ဆောက်ပုံ..'
** ဇီဝိတပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ...။

** ဇီဝိတပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ.. ။

** ဇီဝိတပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ.. ။

    အသက်ဆုံးသည့်တိုင်အောင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏..။

အသက်ဆုံးသည့်တိုင်အောင် တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏.. ။

အသက်ဆုံးသည့်တိုင်အောင် သံဃာတော် အရှင်သူမြတ်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏.. ...။။
'

ဧတံ ခေါ သရဏံ ခေမံ
ဧတံ သရဏမုတ္တမံ။
ဧတံ သရဏမာဂမ္မ
သဗ္ဗဒုက္ခာ ပမုစ္စရေ..။
                         _()_ ဓမ္မပဒ

   သရဏဂုံသုံးပါးသည် ဘေးအန္တရာယ် မှန်သမျှကို ကင်းရှင်းစေသောကြောင့် ကိုးကွယ် အားထားရာဖြစ်သည်။

   သရဏဂုံသုံးပါးသည် ဂါထာမန္တာန်တို့တွင် အမြတ်ဆုံး ဖြစ်သောကြောင့် ကိုးကွယ် အားထားရာဖြစ်သည်..။

  ဤသရဏဂုံသုံးပါးကို အကြောင်းပြု၍ ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်..။

**************************
  အရပ်ဆယ်မျက်နှာ၌ ရှိကြကုန်သော သတ္တ၀ါအပေါင်း ကျန်းမာချမ်းသာကြပါစေလို့..
🍀မြတ်ဗုဒ္ဓ၏သာသနာ page အဖွဲ့မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

No comments:

Post a Comment