စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Sunday, December 13, 2015
ရွှေမြန်​မာ​တွေ ​ခြေဖွာကြလို့
🏃🏃🏃🏃🏃🏃🏃🏃
ရွှေမြန်​မာ​တွေ ​ခြေဖွာကြလို့
     `````````````````````````````
    လူ​တွေဟာ တရားမဦးဘဲ ​သေခြင်းကသာ ဦးသွားကြ​တော့တယ်​..။ တချို့ဆိုရင်​ တရားအားထုတ်​ချင်​ပါလျက်​နဲ့ အားမထုတ်​လိုက်​ရ..။  တရားကိုဦး​အောင်​လုပ်​ပါ ဘယ်​လို​ပြော​ပြော.. **လိပ်​​ကြော ၊ ​ကြောင်​​ကော်​ ၊ ​ပြောင်​​ချော်​​ချော်​ **  ဆိုသလိုပါပဲ ။
   အများအားဖြင့်​လူ​တွေဟာ တရားကိစ္စ တရားပွဲသာ မဦးကြတာ..#ဘုရားပွဲ ကျ​တော့ ကြိတ်​ကြိတ်​တိုးလို့ပဲ.. သွားလိုက်​ကြတာ.။
   လူ​တွေဟာ #ရိပ်​သာနဲ့သာ ​ဝေး​နေတာ ​ဘောလုံးပွဲ​တော့ ​ပြေးလိုက်​ကျ​တော့ သူဦး..ငါဦး။
   " ဟိုက ဘာ​ပေါ်သတဲ့..​ရောင်​ခြည်​​တော်​လွှတ်​သတဲ့ ၊ ပုဂ္ဂိုလ်​ထူးတဲ့......... ဘာ ညာ ကြား​တော့လည်း ​ပြေးလိုက်​ကြတာ သူဦးငါဦး။
ရွှေ​ဗမာ​တွေ #​ခြေဖွာကြတာအလွန်​ပါပဲ။ 
   တို့​လူမျိုး​တွေဆင်းရဲတဲ့ကြားက #လက်​ဖွာ ရတာနဲ့ #​ခြေဖွာ ရတာနဲ့..။ ပြီး​တော့လည်း ဘာမှမဟုတ်​။
No comments:
Post a Comment