စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, December 22, 2015

ကောင်းမြတ်​​သောမင်္ဂလာ

မြတ်စွာဘုရားက စည်းစိမ်ဥစ္စာ ရရှိဖို့ထက် စိတ်ထား နှလုံးထား ရင့်ကျက်တိုးပွားအောင် ကြိုးစားကြဖို့က ပိုအရေးကြီးကြောင်း မိန့်ကြားတော် မူထားပါတယ်။
★ ★
➳အကြားအမြင်များခြင်း
➳စက်မှုလက်မှုတတ်ကျွမ်းခြင်း
➳လူ့ကျင့်ဝတ်များ ကောင်းစွာ
    သင်ကြားထားခြင်း
➳ကောင်းသောစကားကို ပြောဆိုခြင်း.....
                  ဤလေးပါးသည် ကောင်းမြတ်သော မင်္ဂလာ ဖြစ်ပါသည်။

➳မိဘတို့ကို လုပ်ကျွေးပြုစုခြင်း
➳ သားသမီးနှင့် ဇနီးတို့ကို ချီးမြှောက် ထောက်ပံ့ခြင်း။
➳ အရှုပ်အထွေးမရှိသော အလုပ်ကို လုပ်ခြင်း..
                  ဤသုံးပါးသည် ကောင်းမြတ်သော မင်္ဂလာများ ဖြစ်ပါသည်။

➳ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း
➳ သုစရိုက်တရားများကို ကျင့်ခြင်း..
➳ ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ခြင်း ..
➳ အပြစ်ကင်းသောအမှုတို့ကို ပြုလုပ်ခြင်း
                 ဤလေးပါးသည် ကောင်းမြတ်သော မင်္ဂလာများ ဖြစ်ပါသည်။

➳ မကောင်းမှုမှရှောင်ကြဉ်ခြင်း
➳ အရက်သေစာမသောက်စားခြင်း.
➳ ကုသိုလ်တရားတို့ကို မမေ့ခြင်း..
                ဤသုံးပါးသည် ကောင်းမြတ်သော မင်္ဂလာများ ဖြစ်ပါသည်။

➳ ရိုသေထိုက်သူကို ရိုသေခြင်း
➳ မိမိကိုယ်ကို နှိပ်ချခြင်း..
➳ တင်းတိမ်ရောင့်ရဲခြင်း..
➳ သူတစ်ပါး၏ ကျေးဇူ့ကိုသိခြင်း..
➳ သူတော်ကောင်းတရားများ နာကြားခြင်း..
               ဤငါးပါးသည် ကောင်းမြတ်သော မင်္ဂလာများ ဖြစ်ပါသည်။

    🌴🌴ချမ်းမြေ့ဆရာတော် ဘာသာပြန်သည်။

No comments:

Post a Comment