ဘုရားနဲ့ ၁၀၈ ကွက် စက်လက္ခဏာ
***********************************
( ၁၀၈ ကွက်ဗုဒ္ဓစက်)
ဘုရားရှင်ရဲ့ ခြေဖ၀ါးနှစ်ဖက်မှာ ၁၀၈ကွက် စက်အမှတ်အသားပါရှိပါတယ်။
၁.. လှံမ
၂.. ကျက်သရေတိုက်
၃.. ဇဘပ်ပန်း
၎.. လည်ရေးသုံးဆင့်
၅.. ဦးဆောက်ပန်း(ဦးစိုက်ပန်း)
၆.. ထမင်းပွဲ
၇.. ရွှေသလွန်တော်
၈.. ချွန်းတောင်း
၉.. ပြာသာဒ်
၁၀. တုရိုဏ်တိုင် (တံခါးတိုင် )
၁၁. ထီးဖြူ
၁၂. သန်လျက်
၁၃. ထန်းရွက်ယပ်ဝန်း
၁၄. ဥဒေါင်းမြီးစည်းယပ်
၁၅. သင်းကျစ်
၁၆. ပတ္တမြားကျောက်မြတ်
၁၇. အရောင်တဖိတ်ဖိတ်လတ်တဲ့
စားတော်ခွက်
၁၈. မုလေးပန်းဆိုင်
၁၉ - ကြာညို၊
၂၀. ကြာနီ၊
၂၁. ကြာဖြူ၊
၂၂. ကြာပဒုမ္မာ ၊
၂၃. ကြာပုဏ္ဍရိက်
၂၄. မုန်ညင်းဖြူစေ့ စသည်နဲ့ ပြည့်တဲ့အိုး
၂၅. မုန်ညင်းဖြူစေ့ စသည်နဲ့ပြည့်တဲ့ ဖလား
၂၆. သမုဒ္ဒရာ
၂၇. စကြ၀ဠာတောင်
၂၈. ဟိမ၀န္တာတောင်
၂၉. မြင်းမိုရ်တောင်
၃၀. နေ၀န်း
၃၁. လ၀န်း
၃၂. နက္ခတ်များ
၃၃-၃၆.. ကျွန်းငယ်အရံ နှစ်ထောင်နှင့်တကွ ကျွန်းကြီးလေးကျွန်း
၃၇. အခြွေအရံပရိးသတ်၊ ရတနာ ၇ ပါး နဲ့ပြည့်စုံတဲ့ စကြာမင်း
၃၈. လက်ယာရစ် ခရုသင်းဖြူ
၃၉. ရွှေငါးကြင်းအစုံ
၄၀. စက်လက်နက်
၄၁- ၄၇. ဂင်္ဂါမြစ်ကြီး ၇ မြစ်
၄၈- ၅၄. တောင်စဉ်တောင်ရံ ၇ လုံး
၅၅- ၆၁. သီတာ ၇ တန်
၆၂. ဂဠုန်ငှက်မင်း
၆၃. မိကျောင်း
၆၄. တံခွန်လျား
၆၅. တံခွန်ကုက္ကား
၆၆. ရွှေသန်လျင်း
၆၇. ရွှေရောင်တောက်ပတဲ့ သားမြီးယပ်။
၆၈. ကေလာသငွေတောင်
၆၉. ခြင်္သေ့မင်း
၇၀. ကျားမင်း
၇၁. ၀လာဟကမြင်းမင်း
၇၂. ဥပေါသထဆင်မင်း (သို့မဟတ်)
ဆဒ္ဒန်ဆင်မင်း
၇၃. ဗာသုကီနဂါးမင်း
၇၄. ရွှေဟင်္သာမင်း
၇၅. ဥသဘနွားမင်း
၇၆. ဧရာဝဏ်ဆင်မင်း
၇၇. ရွှေမကန်း
၇၈. ရွှေလှေ
၇၉. ဗြဟ္မာမင်း
၈၀. သားနဲ့တကွဖြစ်တဲ့ နို့စားနွားမ
၈၁. ကိန္နရာ ဖို, မ
၈၂. ကရ၀ိက်ငှက်မင်း
၈၃. ဥဒေါင်းမင်း
၈၄. ကြိုးကြာငှက်မင်း
၈၅. စက္က၀ါက်ငှက်မင်း
၈၆. ဇီဝဇိုးငှက်မင်း
၈၇ -၉၂. ကာမာဝစရနတ်ပြည် ၆ ထပ်
၉၃ - ၁၀၈. ရူပါဝစရဗြဟ္မာ့ပြည် ၁၆ ထပ်
(မဇ္ဈိမပဏ်ဋ္ဌ၊၂၅၇၊၈ )
No comments:
Post a Comment