စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, December 29, 2015

ယဉ်​​ကျေးလိမ်​မာဆုံးမစာ

★ ယဉ်​​ကျေးလိမ်​မာဆုံးမစာ သံ​ပေါက်​က​ဗျာ
*****************************
၁.  အနန္တငါး ၊ ဦးထိပ်​ထား ၊ ညွှတ်​တွားပါကွယ့်​ မ​မေ့နဲ့။

၂.   ဆရာမိဘ၊ ဆိုဆုံးမ၊ လိုက်​နာကြကွယ့်​ မ​မေ့နဲ့ ။

၃.   မိဦးဖဦး၊ ဆရာဦး၊ ခူး၍​နော်​ကွယ့်​ မစားနဲ့  ။

၎.   ကိုယ့်​ထက်​ကြီးသူ ​ပြောဆိုမူ နင်​ငါဟူ၍မ​ပြောနဲ့။

၅.   သူများကိုသာ ရန်​မရှာ ၊ မခံချင်​တာ မ​ပြောနဲ့။

၆.   ယဉ်​​ကျေး​အောင်​သွား ယဉ်​​အောင်​စား စကား​ပြောလည်း ယဉ်​​စေကွယ့်​။

၇.   ပရမ်းပတာ သူ့ထက်​ငါ၊ လုယက်​ခါကွယ်​ မစားနဲ့  ။
( မသွားနဲ့  ၊ မ​ပြောပါနဲ့ ၊ မရပ်​နဲ့၊ မထိုင်​နဲ့၊ မအိပ်​နဲ့ )

၈.   လူကြီးသူမ၊ ​ရှေ့သို့ကျ၊ ကုန်းကွ၍တဲ့၊ သွားပါနဲ့။

၉.   ဒူး​ထောင်​​ပေါင်​ကား၊ ဆရာနား ( မိဘနား ) ၊ အလျား​မှောက်​၍ မ​နေနဲ့ ။

၁၀.   မိန်းက​လေးမှာ အရာရာ ပြာတီးပြာတာ မရှုပ်​နဲ့။

၁၁.   မိန်​မဣ​နြေ္ဒ၊ သိရ်​သ​ရေ၊ စိန်​ကု​ဋေတန်​သကွယ့်​ မှတ်​​လေတဲ့။

၁၂.   မျက်​​မှောက်​တသွယ်​၊ မျက်​ကွယ်​တခြား၊ အကျင့်​မှား၊ ​ရှောင်​ရှားပါကွယ့်​ ​ကောင်း​ကောင်းတဲ့။

၁၃.   ​ဝေယျာဝိစ္စာ ၊ ​ကျောင်းအိမ်​မှာ ​လျော်​စွာလုပ်​ကွယ့်​ မခိုနဲ့။

၁၄.   လူရှုပ်​လူ​ပွေ၊ လူယုတ်​​တွေ၊ ​ရှောင်​​လေရှားကွယ့်​ ​ဝေး​ဝေးတဲ့။

၁၅.   ကုန်း​ချောကြမ်းကြုတ်​၊ အကျင့်​ယုတ်​၊ မဟုတ်​စကား​ မ​ပြောနဲ့။

၁၆.   ဘုရားပုထိုး ဦးညွတ်​ကျိုး ရှိခိုးအိပ်​ကွယ့်​ မ​မေ့နဲ့။

၁၇.   မိခင်​ဖခင်​၊ ဆရာရှင်​၊ ​နေ့စဉ်​မ​မေ့နဲ့ ရှိခိုးကွယ့်​။

   🌲ဆရာ​တော်​အရှင်​ပညာသာမိ
          (( မာဂဓီ -သာစည်​))

No comments:

Post a Comment