စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, December 30, 2015

အနှစ်​နှင့်​အကာ

အနှစ်​နှင့်​အကာ
***************
၁. ​ရေ မီး သူခိုး ​မွေခံဆိုး မငိသဆိုးအပြား ရန်​သူမျိုးငါးပါးတို့နှင့်​ ဆက်​ဆံ​နေ​သော​ကြောင့်​ စည်းစိမ်​ဥစ္စာ မှန်​သမျှ အနှစ်​မဟုတ်​.. အကာသာဖြစ်​သည်​။

   ထိုအကာဖြစ်​​သော စည်းစိမ်​ဥစ္စာကို စွန့်​ကြဲ​ပေးကမ်း လှူဒါန်းမှု ဒါန​စေတနာသည်​ အနှစ်​ဖြစ်​၏။

၂. ကိုးဆယ့်​​ခြောက်​ဖြာ ကိုးဆယ့်​ရှစ်​ဖြာ​သော ​ရောဂါအမျိုးမျိုးနှင့်​ ဆက်​ဆံ​နေ​သော​ကြောင့်​ ခန္ဓာကိုယ်​ကြီးသည်​ အကာဖြစ်​၏။
   ထိုအကာဖြစ်​​သော ခန္ဓာကိုယ်​ဖြင့်​ သီလရှိ​သော သူ​တော်​သူမြတ်​တို့ကို ရှိခိုးဦးချမှု့ စ​သောကုသိုလ်​များကို ပြုခြင်းဟူ​သော သီလသည်​ အနှစ်​ဖြစ်​၏။

၃. မမြဲခြင်း သ​ဘောတရား၏ လွှမ်းမိုးနှိပ်​စပ်​ခံရ​သော​ကြောင့်​ မိမိတို့၏ အသက်​သည်​ အကာဖြစ်​၏။
     ထိုအကာဖြစ်​​သော အသက်​ကို အနိစ္စ ဒုက္ခ အနတ္တ ဟု ၀ိပဿနာ ရှုမှတ်​ ပွားများမှု့သည်​ အနှစ်​ဖြစ်​သည်​။

   (သြ၀ါဒကထာကျမ်းစာအုပ်​မှ )

No comments:

Post a Comment