စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, December 2, 2015

လောကဓံ နှင့် သမ္မာဒိဌိ

လောကဓံနှင့် သမ္မာဒိဋ္ဌိအမြင်
လောကဓံနှင့် သမ္မာဒိဋ္ဌိအမြင်
------------------------------------------
       ဘဝသည် ငှက်ခါးပြန်သလို နိမ့်လိုက်မြင့်
လိုက်ဖြစ်ရ၏။ ဤသည်ကိုပင် 'လောကဓံ' ဟူ
၍ ဆိုရ၏။ "လောကဓံ' ကို 'လောကဓံ' မှန်းသိ
လျှင် ယထာဘူတဉာဏ်ကို ရသည်မည်၏။
ယထာဘူတဉာဏ်ဟူသည်ကား သမ္မာဒိဋ္ဌိ အ
မြင်ဖြစ်၏။ သမ္မာဒဋ္ဌိ၏ နောက်၌ များစွာသော
ကုသိုလ်များရှိကြ၏။ ဘာမျှ အားငယ်စရာမလို။
ကုသိုလ်ဟူသည် ကောင်းသောအကျိုးကို ပေး
မြဲဖြစ်၏။ ထို့ ကြောင့် လောကဓံနှင့်ကြုံလျှင်
လောကဓံမှန်း သိဖို့ အရေးကြီးပါ၏။ ဒုက္ခကို
လောကဓံဟုနားလည်ပြီး သုခကို လောကဓံဟု
နားမလည်လျှင်ဖြစ်စေ သုခကိုသာ လောကဓံ
ဟု နားလည်ပြီး လောကဓံဟု နားမလည်လျှင်
ဖြစ်စေ ထိုနည်းအတူ အခြားလောကဓံ အစုံ
လိုက်များကိုလည်း လောကဓံမှန်း နားမလည်
လျှင်ဖြစ် ထိုအခါမှားယွင်းသော အမြင် မိစ္ဆာဒိဋ္ဌိ
ဖြစ်သည်မည်၏။ မိစ္ဆာဒိဋ္ဌိ၏နောက်၌ အကုသိုလ်
များသည် တစဉ်တတန်းကြီးရှိလေ၏။ အကု
သိုလ်ကလည်း မကောင်းသော အကျိုးကိုပေးမြဲ
ဖြစ်၏။
     ဆရာကြီးဦးရွှေအောင် လောကသားတို့ ၏
အနှိုင်းမဲ့ကျေးဇူးရှင်(စာ-၁၃၂)

No comments:

Post a Comment