စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Saturday, December 12, 2015
ကုသိုလ်​အဖျားရှူးသွားခြင်း
★ကုသိုလ်အဖျားရှူးသွားခြင်း.. ★
   လူတွေကုသိုလ်လုပ်ကြပုံကို လေ့လာကြည့်စမ်းပါဦး..။  လူတွေဟာ ဒါနလဲ လုပ်ကြပါတယ်။ သီလလဲလုပ်ကြပါတယ်..။
သမာဓိ ဘာဝနာ အလုပ်လဲ လုပ်ကြပါတယ်။
   အဲ့လိုလုပ်တဲ့ နေရာမှာ ဒါနထက် သီလ အရေအတွက် နည်းသွားတယ်..။
သီလထက် သမထအရေအတွက် နည်းသွားတယ် ။
   စေတီကြီးတစ်ဆူမှာ အရင်းကနေ အဖျားကို တဖြည်းဖြည်း ရှုးသွားသလိုပါပဲ....။
ဘုရားသာသနာနဲ့ ကြုံပါလျှက်နဲ့ ဘုရားဒကာ.. ကျောင်းဒကာ..ရှင်ဒကာဖြစ်ကျိုး မနပ်သူတွေ များလှတယ်..။
  ဗုဒ္ဓဘာသာဝင်အများစုဟာ  ပကတိသဒ္ဓါ ' အားကောင်းပါလျှက်နဲ့  ဘာဝနာသဒ္ဓါ ' အားမကောင်းကြောင်း လယ်တီဆရာတော်ဘုရားကြီးက မိန့်ပါတယ်။
#သတိရှိကြစမ်းပါ။
   တကယ်တော့ ၀ိပဿနာအလုပ်ဟာ အရင်းနည်းပြီး အမြတ်များတဲ့ အလုပ်ဖြစ်ပါတယ်..။ ၀ိပဿနာဆိုတာ ဥာဏ်အလုပ် ဖြစ်တဲ့အတွက် ဘာပဲလုပ်နေ လုပ်နေ.. ဘယ်နေရာပဲရောက်ရောက်..
ဘယ်ပုံစံပဲနေနေ ၀ိပဿနာရှု့လို့ ရနိုင်ပါတယ်။
   အလုပ်မပျက်.. အသွားမပျက် ၀ိပဿနာလုပ်လို့ ရနိုင်ပါတယ်။
    အချိန်ရှိသမျှ အမြတ်ထွက်နေတဲ့ အလုပ်ထူးကြီး ဖြစ်ပါတယ် ။..။'
       🐠 အရှင်အာစာရ.. 🐠
               ** ကံယုံ **
No comments:
Post a Comment