🌲ဓမ္မပွဲနှင့် လွဲရခြင်း🌲
´´´´´´´´´´´´´´´´´´´´´´´´
* ဗောဇ္ဈင်မြိုက်ခဲ ၊ ဓမ္မပွဲလျှင်
လက်ထဲပုံသေ ဆိုက်ရောက်နေလည်း
ရှောင်သွေနှလုံး မစားသုံးလျှင်
အရှုံးတို့ပြင် ရှိချိမ့်လော..။
တရားကို နောက်မှ နောက်မှနဲ့ နောင်တတွေ ပွေ့ပိုက်ပြီး ခေါင်းထဲရောက်သွားရသူတွေ များလှပါပြီ။ မောရှုံး ။
အလုပ်များသေးလို့..
စီးပွားရေးအဆင်မပြေသေးလို့..
ကလေးတွေ ငယ်သေးလို့..
ကျန်းမာရေးမကောင်းသေးလို့..
မအားသေးလို့......
........................
........................ ဒီလို ဒီလိုနဲ့ အချိန်ဆိုင်းရင်းနဲ့ ဗောဇ္ဈင်မြိုက်ခဲ ဓမ္မပွဲနဲ့ လွဲခဲ့ရသူတွေ၊ တရားနဲ့ဝေးရသူတွေ များလှပြီ။
တရားအလုပ် နောက်ဆုတ်သူတွေကို ဆရာတော်ကြီးတစ်ပါး မိန့်လိုက်ပုံက.. .. ➳ ➳ အေး...နောက်ဆုတ်ရင်လည်း
သင်္ချိုင်းကုန်း ရောက်အောင်ဆုတ်..""" တဲ့။
ဂရုဏာတော်စကား။
No comments:
Post a Comment