စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Wednesday, December 16, 2015
ဝိပဿနာ အာစိဏ္ဏကံ
🍀၀ိပဿနာ အာစိဏ္ဏကံ 🍀
၁.. လက်​ရှိခန္ဓာ မတွယ်​တာနှင့်
     အာစိဏ္ဏကံ ဖြစ်​​ကြောင်းဖန်​မူ
     ထိုသည့်​သူကား ​သေမူမလွဲ
     ဂတိမြဲ၏..။
၂.. မီးစွဲ​လောင်​မှ ​ရေကိုတ​သော်
     မရဖြစ်​​အောင်​ ပုံနှိုင်းယှဉ်​၍
     မဂ္ဂင်​သ​န္ဓေ တည်​မြဲ​နေ​အောင်
     မ​သေခင်​က ပြင်​ဆင်​​တောက်​​လျှောက်
     မ​မေ့​ပျောက်​နှင့်​ ​ချွေး​ပေါက်​ ယိုစီး
     မဂ်​ကို ရလိမ့်​..။
၃.. ကိစ္စမ​လျော်​ အ​ကြောင်း​ပေါ်၍
     မ​တော်​တဆ မဂ်​ မရဦး
     ဘ၀အစွန်​ တမလွန်​၌
     ထူးချွန်​အံ့​လောက်​ နတ်​ပြည်​ ​ရောက်​၍
     မ​ဖောက်​မပြန်​ ​သောတာပန်​စစ်
     ဧကန်​ဖြစ်​သည်​.............
မလစ်​ ၀ိပဿနာ အကျိုးတည်း..
No comments:
Post a Comment