စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, December 23, 2015

Luck

*** Luck ***

   အဘိဓာန်က Luck ကို တစ်စုံတစ်ယောက်၌ ဖြစ်ပျက်သော အကောင်းအဆိုး မှန်သမျှသည် အခွင့် ကောင်းသောကြောင့် ၊ ကြမ္မာဆိုးသောကြောင့် ၊ ကံကောင်းသောကြောင့် ဖြစ်သည်ဟု ယုံကြည်ခြင်း "" လို့ ဖွင့်ပြပါတယ်။

    ဖြစ်ပျက်သမျှ အရာတိုင်းမှာ အကြောင်းတစ်ခု ဖြစ်စေ၊ အများကြီးဖြစ်စေ ရှိပါတယ်။  အဖြစ်အပျက်တိုင်းမှာ ကြောင်းကျိုးဆက်သွယ်မှုရှိပါတယ်။

   ဥပမာ ဆိုကြပါစို့..။   မကျန်းမမာဖြစ်တယ်ဆိုရင် သူ့ရဲ့ သက်ဆိုင်ရာ အကြောင်းတွေရှိပါတယ်။    ရောဂါပိုးနှင့် ထိတွေ့မိလို့ဖြစ်စေ ၊ ခန္ဓာကိုယ်က ရောဂါပိုး ၀င်နိုင်လောက်အောင် အားနည်းနေလို့ ဖြစ်စေ မကျန်းမမာ ဖြစ်တာပါပဲ။

   ရောဂါပိုးနှင့် ခန္ဓာကိုယ် အားနည်းခြင်းဆိုတဲ့ အကြောင်းနှင့် မကျန်းမာခြင်းဆိုတဲ့ အကျိုးဟာ အချင်းချင်း တိကျစွာ ဆက်စပ်နေပါတယ်။

    ဘယ်လိုလဲဆိုတော့ ရောဂါပိုးက ( ခန္ဓာ ကိုယ်မှာရှိတဲ့ ) သက်ရှိအဖွဲ့အစည်းကို တိုက်ခိုက်လို့ မကျန်းမာခြင်း ဖြစ်တာပါ။

   သို့သော်လဲ အင်းချထားတဲ့ စာရွက်ကို ဆောင်ထားခြင်းနှင့် ပစ္စည်းချမ်းသာခြင်း ...
စာမေးပွဲ အောင်ခြင်းတို့ အကြားမှာ ဘာဆက်စပ်မှုမှ မတွေ့နိုင်ပါဘူး။

   ဗုဒ္ဓဘာသာက ဖြစ်ပျက်တဲ့ အရာတိုင်းဟာ အကြောင်းတစ်ခုကြောင့် သို့မဟုတ်  အကြောင်းများစွာကြောင့် ဖြစ်ပျက်တယ်လို့ သင်ကြားပေးပါတယ်။

   ကံကောင်းလို့ အခွင့်ကောင်းလို့ ကြမ္မာဆိုးလို့ ဖြစ်ပျက်တယ်လို့ သင်ကြားမပေးပါဘူး။

★ ချမ်းမြေ့ဆရာတော်ဘာသာပြန်သည်။

No comments:

Post a Comment