လောကမှာ လူရယ်လို့ ဖြစ်လာရင် ရှုံးဖို့လား ... မြတ်ဖို့လား..'
ဒါန သီလ သမထလောက်နဲ့' အားရကျေနပ်နေကြတဲ့ လူတွေ တော်တော်များပါတယ်။
အဲ့ဒါလောက်နဲ့ လူဖြစ်ကျိုး မနပ်သေးပါဘူး..။
ဒါန သီလ သမထရဲ့ အစွမ်းဟာ လူ နတ် ဗြဟ္မာမှာပဲ လမ်းဆုံးပါတယ်။ ၃၁ ဘုံက မလွတ်မြောက်နိုင်သေးပါဘူး..။ အပါယ်လေးပါးမှ စိတ်မချရသေးပါဘူး...။
ဒါန သီလ သမထကို မြတ်စွာဘုရား ဟောကြားပေးတာက နိဗ္ဗာန်ရဲ့ အထောက်အပံ့ ' ဖြစ်စေဖို့အတွက် ဟောပေးတာပါ..။
အဲ့ဒီကုသိုလ်တွေဟာ နိဗ္ဗာန်နဲ့ ဝေးသော အကြောင်းတွေ ဖြစ်တယ်။
ဝိပဿနာကသာ နိဗ္ဗာန် နဲ့ နီးသောအကြောင်း ဖြစ်တယ်..။
ဝိပဿနာဟာ နိဗ္ဗာန်ရဲ့ အနီးဆုံး ကုသိုလ်ဖြစ်တယ်..။'
ဒါကြောင့် ဒါန သီလ သမထနဲ့ပဲ ကျေနပ်မနေဘဲ ၀ိပဿနာတရား ' အားထုတ်ကြဖို့ တိုက်တွန်းချင်ပါတယ်..။
🌲အရှင်အာစာရ 🌲
ကံယုံ
No comments:
Post a Comment