❆ စက်လေးပါး❆
`°`°´°`°´°´°´°`
★ သင့်တော်လျောက်ပတ် နေရာမြတ် ချဉ်းကပ် နေထိုင်ပါ။
★ စိတ်ထားဖြူစင် ပညာရှင် အစဉ်မှီဝဲပါ။
★ သူတော်ကောင်းများ မြတ်တရား နာကြား ရိုသေစွာ။
★ ကိုယ်နှုတ်စိတ်များ ကောင်းအောင်ထား ကြိုးစား ကျင့်ကြံပါ။
ဤစက်လေးပါး ပြည့်စုံငြား ကြီးပွား အမှန်ပါ။
စည်းစိမ်ဖွံ့ဖြိုး ချမ်းသာတိုး ကောင်းကျိုးကြွယ်လှပါ။
🌴ချမ်းမြေ့ဆရာတော်🌴
No comments:
Post a Comment