စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, December 1, 2015

ဘ၀ဆိုတာဘာလဲ..

ဘ၀ဆိုတာ ဘာလဲ..
ဘ၀အဓိပ္ပါယ်က ဘာကိုဆိုလိုတာလည်း..'

  
   ဗုဒ္ဓအဘိဓမ္မမှာ ဖြစ်မှုကို ဘ၀ဟု ဆိုထားပါတယ်။
ဘာတွေဖြစ်တာလဲ.....
    ရုပ်တွေဖြစ်တယ်။
    စိတ်တွေဖြစ်တယ်။
    ခန္ဓာတွေဖြစ်တယ်။
ဒါကိုပဲ ဘ၀ဆိုတယ်။ ထိုဘ၀ကိုပဲ သံသရာလို့ ခေါ်တယ်။  ရုပ်နာမ်ခေါ်တဲ့ ခန္ဓာအစဉ်ဖြစ်မှု့ကို ဘ၀ဟုခေါ်တယ်။  ဒါဟာ ဘ၀ရဲ့ အဓိပ္ပါယ်ပဲ။

#မှတ်ချက်..
     လောကီလူသားတွေရဲ့ နယ်ပယ်မှာ သုံးစွဲနေကြတာကတော့ ဖြစ်ချင်တာ တစ်ခု.. ဖြစ်နေတာတစ်ခုကို ဘ၀လို့ အဓိပ္ပါယ် ဖွင့်ဆိုကြတယ်။    ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းမကျတာကို ဘ၀လို့ ပြောကြပြန်တယ်..။ ဒီစကားဟာ... ယေန ယေန ဟိ မညန္တိ ၊ တတော တံ ဟောတိ အညထာ..**'
(သလ္လသုတ် ၃၇၂ ၊ သုတ္တနိပါတ်ပါဠိ ) ၌ ဘုရားဟောစကားတော်နဲ့ အများကြီးနီးစပ်တာပေါ့..။

** ယမ္ပိစ္တံ နလဘတိ တမ္ပိဒုက္ခံ..** '
...... လို့ ဟောတော်မူတဲ့ ဓမ္မစကြာဒေသနာနဲ့တော့ တစ်ထပ်တည်းကျတာပေါ့..။

    ** ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယောဟောတိ..*** '
..... ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နှင့်လည်းကောင်း..
** သုခဟူသည် မြူမျှမဖက် သက်သက်ဒုက္ခ ဓာတ်မှန်ရသည် ဘ၀ဤကိုယ် ဖြစ်တုံးတည်း..** '
ဟူသော လယ်တီဆရာတော်၏ ကဗျာနှင့်လည်း တစ်ထပ်တည်းကျ ညီညွတ်
. နှီနှောလှ၏..။

  ဘ၀ဆိုတာ လိုရင်းကတော့  ဒုက္ခသစ္စာ' ပါပဲ..။ ချမ်းသာတယ်လို့ ပြောကြတာဟာ တကယ်တော့ ထင်မှု့တွေပါပဲ..။

'' ဟူ၍ ဘုရားဟော လုံးဝမရှိပါ...။

### ပညာရှင်တစ်ဦး၏ဆွေးနွေးမေးမြန်းချက်ကို ဒီပါအေးဆရာတော် ဦးနန္ဒမာလာ ပြန်လည်ဖြေကြားပေးပါသည်။။

No comments:

Post a Comment