❆ ရွှေအိုးလေးလုံး ဘုရားရှိခိုးဂါထာ ❆ '
°•°•°•°•°•°•°•°•°•°•°•°•°•°•°•
သေခါၤ , ဧေလာ ဥပၸေလာစ၊
ပုဏ္ဍရိကောတိ အက္ခီယေ။
စတ္တာရော ကုမ္ဘီကေ စဇ္ဇ
ခေဠံဝ နိဂ္ဂတံ နမေ။ '
သခေါင်္= သင်္ခရွှေအိုးလည်းကောင်း
ဧလော =ဧလရွှေအိုးလည်းကောင်း
ဥပ္ပလောစ = ဥပ္ပလရွှေအိုးလည်းကောင်း
ပုဏ္ဍရိကောစ=ပုဏ္ဍရိကရွှေအိုးလည်းကောင်း
ဣတိ =ဤသို့
အက္ခီယေ= ယူဆောင်သုံးစွဲ၍ မကုန်နိုင်သော
စတ္တာရောကုမ္ဘီကေ=လေးလုံးသော ရွှေအိုးကြီးတို့ကို
ခေဠံဝ =တံတွေးပေါက်ကဲ့သို့
စဇ္ဇ = စွန့်လွှတ်တော်မူသည်ဖြစ်၍
နိဂ္ဂတံ =တောတွက် ကြွသွားတော်မူသော မြတ်စွာဘုရားကို..
အဟံ =တပည့်တော်သည်
နမေ-နမာမိ =ရှိခိုးပါ၏ အရှင်ဘုရား..
_()_ **_()_ **_()_
ဘုရားအလောင်းတော်ဖွားစဉ်က ရေအိုးကြီးလေးလုံး ပေါ်ထွက်လာရာ
သင် ၊ ဧ၊ ဥ၊ ပုဏ်၊
၎မျိုးတုံ မှတ်ကုန်ရွှေအိုးကြီး ။
ဗုဒ္ဓ၀င်မဟာ ကျမ်းတော်လာ မှတ်ပါနာမည်တည်း..။ '
★ ဆောင်ပုဒ်မှာ★
´`´`´`´`´`´`´`´`
သင်္ခ , ဧလ ၊ ဥပ္ပလ ပုဏ္ဍရိကသာ။ ဂါဝုတ် ယူဝက် သုံးဝုတ်စွက် တစ်ချက်ယူဇနာ။
'
ရွှေအိုးလေးလုံး ၊ စဉ်မှတ်သုံး သိအုံးပမာဏာ။
လောင်းတော်မြတ်စွာ ဖွားနေ့မှာ မှန်စွာ ပေါ်ပေါက်လာ။
၁.. သင်္ခရွှေအိုး .. အ၀အကျယ် တစ်ဂါဝုတ် ပမာဏရှိ၏။ (၂မိုင်ခန့်)
၂.. ဧလရွှေအိုး.. အ၀အကျယ် နှစ်ဂါဝုတ်ပမာဏရှိ၏..။
( ၄မိုင်ခန့် )
၃.. ဥပ္ပလရွှေအိုး.. အ၀အကျယ် သုံးဂါဝုတ် ပမာဏရှိ၏။
( ၆ မိုင်ခန့် )
၎.. ပုဏ္ဍရိကရွှေအိုး.. အ၀အကျယ် တစ်ယူဇနာ ပမာဏရှိ။( ၈ မိုင်ခန့်..)
#မှတ်ချက်..
ဤရွှေအိုးကြီး လေးလုံးသည် ကပိလ၀တ်နေပြည်တော် နန်းတော်ဝင်းအတွင်း၌ တည်ရှိကုန်၏ ။
အိုးအနက်ပမာဏကား မဟာပထ၀ီမြေကြီးဆုံး နှစ်သိန်းလေးသောင်းထု ပမာဏရှိ၏။ မြေပြင်ပေါ်မှာ မျက်နှာဝ ပေါ်ယုံသာ ပေါ်နေ၏။ ထို ရွှေအိုးကြီးလေးလုံးမှ ရွှေကိုထုတ်ယူသုံးစွဲသော်လည်း ယူရာမထင်.. ပြည့်မြဲပြန်၍ ပြည့်နေ၏။
ထိုရွှေအိုးကြီး လေးလုံးသည် ဘုရားအလောင်းတော် တောထွက်သောအခါ အလိုလို ပျောက်ကွယ်သွား၏..။
ထို့ကြောင့် သားတော်ရာဟုလာက အမွေတောင်းသော်လည်း မရပြီ။..။
❆ဒီပါအေးဆရာတော် ဦးနန္ဒမာလာ
(လောကဓမ္မအမေးအဖြေများ.၂)
No comments:
Post a Comment