စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, December 30, 2015

လောကဓံကြုံ မဖြုံစတမ်း

လောကဓံကြုံ မဖြုံစတမ်း
***********************

   ဤ​လောကကြီးမှ မလွတ်​ကင်း​သေးသမျှ ​လောကဓံများနှင့်​ ကြုံရမည်​။ ဘုရားရှင်​တို့​သော်​မှ ​လောကဓံအမျိုးမျိုးနှင့်​ ကြုံ​တော်​မူရပါ​သေးသည်​။  

   ကြုံလာသမျှ ​လောကဓံကို အ​ကြောင်းပြု၍ တုန်​လှုပ်​မှု့မရှိခြင်းသည်​ မင်္ဂလာတစ်​ပါးဟု ဘုရားရှင်​က ​ဟော​တော်​မူသည်​။

   ** တစ်​ခဲနက်​ ​ကျောက်​အတိပြီး​သော ​တောင်​သည်​ ​လေ​ကြောင့်​ မတုန်​လှုပ်​သကဲ့သို့ ...
ဤအတူ ပညာရှိတို့သည်​ ကဲ့ရဲ့ခံရမှု၊ ချိးမွမ်းခံရမှု စ​သော ဆိုး​ကောင်းနှစ်​တန်​ ​လောကဓံတို့​ကြောင့်​ ​ဒေါသ ​လောဘအစွမ်းဖြင့်​ မတုန်​လှုပ်​ကြ။ ** ဟုလည်း ဘုရားရှင်​ ​ဟောကြား​တော်​မူသည်​။

   မိမိကိုယ်​ကို ပညာရှိစာရင်းဝင်​​အောင်​ ၊ မင်္ဂလာရှိသူဖြသ်​​အောင်​ ​လောကဓံတို့နှင့်​ မဖြုံစတမ်း ​နေနိုင်​​အောင်​ ​လေ့ကျင့်​​ပေးပါ။

   ကျင့်​သားရလျှင်​ ​လောကဓံ​ကြောင့်​ တုန်​လှုပ်​မှု နည်းပါးလာမည်​မှာ ​သေချာပါသည်​။

No comments:

Post a Comment