ဘာရာ ဟဝေ ပဉ္စက္ခန္ဓာ
ဘာရဓာရော စ ပုဂ္ဂလော၊
ဘာရာဒါနံ ဒုက္ခံ လောကေ,
ဘာရနိက္ခေပနံ သုခံ။
ပဉ္စက္ခန္ဓာ = ငါဟုခေါ်တွင် ငါ့ကိုယ်ပင်ဟု ထင်မြင်ရငြား ခန္ဓာငါးပါးတို့သည်
ဟဝေ. = စင်စစ်ဧကန် အမှန်အားဖြင့်
ဘာရာ = လေးလံလှစွာ ၀န်ထုပ်ဝန်ပိုးကြီးတို့ပါတကား၊
ပုဂ္ဂလော = သူငါကစ ပုဂ္ဂိုလ်ဟူသမျှသည်
ဘာရဓာရော= ခန္ဓာဝန်ထမ်း အမြဲနွမ်းလျက် ပင်ပန်း၍သာ နေရပါတကား၊
လောကေ. = ငရဲ တိရစ္ဆာန်, မချန်ပြိတ္တာ , ဗြဟ္မာလူနတ် , အရပ်ရပ်သော လောက၌
ဘာရာဒါနံ = အ၀ိဇ္ဇာ တဏှာ အရင်းပါသဖြင့် , ခန္ဓာဝန်ကို ယူရခြင်းသည် ၊
ဒုက္ခံ = ဇာတိ ဇရာ , အစဖြာလျက်, များစွာ ထောင်သောင်း ဆင်းရဲအပေါင်း၏ အကြောင်းရင်းမှန် အခြေခံပါတကား၊
ဘာရနိက္ခေပနံ = မဂ် အရိယာ , ရသည့်အခါဝယ် , ခန္ဓာဝန်ညစ်ကို ၊ ပစ်ချလိုက်ခြင်းသည်၊
သုခံ = ဒုက္ခများစွာ , ကင်းစင်ကွာသဖြင့် , သာယာငြိမ့်ညောင်း ချမ်းသာကြောင်းပါတကား။
_()_ အရှင်မဟာသဓပဏ္ဍိတ
အရှင်ဇနကာဘိဝံသ ၏ နံက်ခင်းသြ၀ါဒများစာအုပ်မှ
No comments:
Post a Comment