စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, December 5, 2015

မေတ္တာလက်​နက်​​ဆေးစွမ်းထက်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း မဏိဘဒ္ဒဘီလူး၏ ဗိမာန်ဖြစ်သော မဏိမာလိကနတ်ကွန်း၌ သီတင်းသုံးတော်မူ၏။  ထိုအခါ မဏိဘဒ္ဒဘီလူးသည် မြတ်စွာဘုရားကို အောက်ပါအတိုင်း လျှောက်ထားသည်။

   သတိရှိသောသူအား အခါခပ်သိမ်းကောင်းမြတ်၏။
   သတိရှိသောသူသည် ချမ်းသာရ၏။
   သတိရှိသောသူအား အမြဲသာလျှင်မြတ်၏။
   ဘေးရန်မှလည်း ကင်းလွတ်၏ ......ဟု လျှောက်ထားရာ ဗုဒ္ဓက

    သတိရှိသောသူအား အခါခပ်သိမ်း ကောင်းမြတ်ခြင်း ချမ်းသာကိုရခြင်း..အမြဲမြတ်ခြင်း ဖြစ်နိုင်သော်လည်းဘေးရန်မှမူကား မကင်းလွတ်သေး။
'
  
       အကြင်ပုဂ္ဂိုလ်အား အလုံးစုံသော နေ့ညဥ့်ပတ်လုံး သတ္တ၀ါတို့အပေါ်၍ မေတ္တာပွားများ၍နေ၏။ ထိုပုဂ္ဂိုလ်အား တစ်ဦးတစ်ယောက်ကြောင့်မျှ ဘေးရန်မရှိဟု မိန့်တော်မူပါသည်။'

   📔မေတ္တာရှင်(ရွှေပြည်သာ)
     မေတ္တာအစွမ်းအံ့မခန်းစာအုပ်မှ

No comments:

Post a Comment