သတိကင်းဆိတ် ကာမစိတ်မျှ
အိပ်ရုံစားရုံ ပျော်ပါးရုံဖြင့်
လူ့ဘုံခန်းဝါ သင်မလာသင့်
ကာမသက်သက် ထိုလုပ်ကွက်က
ကြက်ဖြစ်လည်းရ ၀က်ဖြစ်ရလည်း
ဘ၀လူ့ရွာ သင်ရောက်ရာတွင်
လူမှာလူဆင့် လူအကျင့်
ကျင့်ပြအပ်သည်သာ...။
လူ့လောကကြီးထဲကို
လူသားတစ်ယောက်အနေနဲ့ ရောက်လာပြီး စားဖို့ .. သောက်ဖို့.. ပျော်ပါးဖို့.. ကာမဂုဏ်ခံစားဖို့ သက်သက် တွေချည်း လုပ်နေရင် လူ့ဘုံကို လာကိုမလာပါနဲ့။
လူ့ဘုံကို ရောက်လာတာ ကုသိုလ်လုပ်ဖို့ပါ.. ။
_()_မဟာဗောဓိမြိုင်ဆရာတော်
No comments:
Post a Comment