*** သေချာသောလမ်းမှ လျှောက်လှမ်းပါ..
(( တရားတော်မှ ))
လောကမှာ အတုဆိုတာတွေက အစစ်နှင့် အလွန်တူတာမို့ ခွဲခြားဖို့ခက်တယ်။ တုထားတဲ့ အရာက အစစ်နှင့် အလွန်တူတယ်ပေါ့..။ အတုနှင့်အစစ် တစ်ခါတစ်ရံ အလွန်ခွဲခြားဖို့ခက်သည့်အတွက်ကြောင့် ခွဲခြားနိုင်သည့် နည်းလမ်းကလေးတွေ ပေးထားရတယ်..။
ရွှေမှာ အစစ် အတု ရှိတယ်။ စိန်မှာ အစစ်အတုရှိတယ်။ ကျောက်သံပတ္တမြားတွေမှာလည်း အစစ်အတုရှိတယ်။
ထို့အတူပဲ တရားဓမ္မတွေမှာလည်း အစစ်အတုရှိတယ်တဲ့..။
ရွှေအစစ်ထင်ပြီး ရွှေအစစ်ကို ၀ယ်မိလိုက်ရင် ထိုပုဂ္ဂိုလ်ဟာ အများကြီးဆုံးရှုံးသွားတယ်။ ဆုံးရှုံးတယ်ဆိုတာ တစ်ဘ၀ပဲဆုံးရှုံးတာပါ.။ ဒီထက်ပိုပြီး မဆုံးရှုံးဘူး။
တရားအတုကို လိုက်နာကျင့်သုံးမိပြီ ဆိုရင်တော့ သံသရာမှာပါ ဆုံးရှူံးနိုင်တယ်။ အဲ့ဒီ ဆုံးရှုံးမှုဟာ ပိုကြီးတယ်လို့ ပြောတာ။
ဒါကြောင့်မို့ တရားဓမ္မကို ကျင့်သုံးလိုက်နာကြရတယ်ဆိုတာ အစစ်အတု ခွဲခြားတတ်ဖို့..
** စံ ** ကလေးတွေမှတ်ထားဖို့လိုတယ်။
တရားနာလိုက်သည့်အတွက်ကြောင့် ကိုယ့်စိတ်ထား ယဉ်ကျေးလာသလား..၊ လောဘတွေနည်းလာသလား..၊ ဒေါသတွေနည်းလာသလား..၊ အရင်က တစ်နေ့ကို ဆယ်ခါလောက်စိတ်ဆိုးရင် တရားနာပြီးတဲ့နောက်မှာ တစ်ခါတောင်မှ အနိုင်နိုင် ဆိုးတော့တယ်ဆိုရင် ဒါတိုးတက်မှု့ပဲ..။
လောဘဖြစ်တဲ့.. ဒေါသဖြစ်တဲ့ အကြိမ်တွေနည်းလာပြီဆိုရင် ဒါ တိုးတတ်မှု့ပဲ..။
မြတ်စွာဘုရားကလည်း အဲ့ဒီ..** စံ ** ကို ဟောထားခဲ့တယ်။ ဘုရားဟော တရားမှန်သလား.., မမှန်ဘူးလားဆိုတာ အဲ့ဒါနဲ့ပဲတိုင်းတာပါတဲ့..။
Criterion ဆိုတဲ့ ဒီ..** စံ ** ၊ ဒီ #မှတ်ကျောက် ပေါ်တင်ကြည့်ပါတဲ့..။
သူများကိုသွားမေးဖို့မလိုဘူး.. ။ ကိုယ့်ရဲ့ တိုးတတ်မှု၊ ဆုတ်ယုတ်မှု့ဟာ ကိုယ့်ပေါ်မှာသာ ရှိပါတယ်။
ဒါကြောင့် မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ..
}}** သူများစိတ်မသိလျင် နေပါစေ.. ကိုယ့်စိတ်ကိုသိအောင်ကြိုးစားပါ..**{{.
လို့ ဟောထားတယ်။
🍀ဒေါက်တာနန္ဒမာလာဘိဝံသ
No comments:
Post a Comment