စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Wednesday, December 16, 2015
ဗုဒ္ဓ၏​ဒေသနာ​တော်
_()_ ဗုဒ္ဓ၏​ဒေသနာ​တော်
      ********************
ပုတ္တာ မတ္ထိ ဓနမ္မတ္ထိ
ဣတိ ဗာ​လော ၀ိဟညတိ
အတ္တာဟိ အတ္တ​နော နတ္ထိ
ကု​တော ပုတ္တာ ကု​တောဓနံ ။
မေ.. ငါ့အား
ပုတ္တာ.. သားသမီးတို့သည်
အတ္ထိ.. ရှိကုန်​၏။
မေ....  ငါ့အား
ဓနံ..... ဥစ္စာသည်
အတ္ထိ.. ရှိကုန်​၏။
ဣတိ... ဤသို့
ဗာ​လော.. မလိမ္မာ​သော လူမိုက်​သည်
တဏှာယ.. သားသမီး ဥစ္စာ ကပ်​ငြိကာဖြင့်
ဝိဟညတိ.... ပင်​ပန်းဆင်းရဲ၏။
ဧ၀ံပိ....... ဤသို့ ပင်​ပန်းဆင်းရဲ ရပါ​သော်​လည်း
အတ္တာဟိ... မိမိပင်​လျှင်
အတ္တ​နော... မိမိ၏
တာဏာယ.. ကိုးကွယ်​ရာ ​စောင့်​​ရှောက်​ရာ အကျိုးငှါ
နတ္ထိ...........  မရှိ
ပုတ္တာ.........   သားသမီးတို့သည်
ကု​တောအတ္ထိ.. အဘယ်​မှာ ရှိပါ ကုန်​အံ့နည်း..။
ဓနံ............... ဥစ္စာသည်
ကု​တောအတ္ထိ.. အဘယ်​မှာ ရှိပါကုန်​အံ့နည်း..။
#သုံးသပ်​ချက်
*** ငါ့မှာ သားသမီး အ​ခြွေအရံ အ​ပေါင်းအသင်း ရှိတာပဲ၊ ဘာမှအားငယ်​စရာ မရှိဘူး။ ***
ဟူ၍ သားမာန်​၊ သမီးမာန်​ တက်​တတ်​ကြ၏။
   စီးပွားဥစ္စာ အရှိန်​အ၀ါ ရှိ​သောသူကလည်း ယင်းစီးပွားဥစ္စာ အရှိန်​အ၀ါ တို့ကို အမှီပြု၍ ** ငါ့ကို ဘာထင်​သလဲ..*** ဟု လက်​မ​ထောင်​တတ်​ကြ၏။
   ထိုသို့ မာန်​မာနတက်​၍ လက်​မ​ထောင်​​နေကြပါ​သော်​လည်း မိမိခန္ဓာကိုယ်​ကြီးကိုပင်​ မပိုင်​ဆိုင်​ဘဲ ယိုင်​လဲပြိုကွဲလျက်​ မရဏလမ်းဘက်​သို့ တက်​လှမ်းကြရသဖြင့်​ ထိုသားသမီး စီးပွားဥစ္စာ အရှိန်​အ၀ါစ​သော.. ပကာသနတို့သည်​ အဘယ်​မှာ ဖြစ်​ပါ​တော့မည်​နည်း..။..။
×××====××××=====××××
      ❆ ဓမ္မပဒ၊ အာနန္ဒသူ​ဌေးကြီးဝတ္ထုမှ ​ကောက်​နှုတ်​ချက်​..
✏ ပန်းတကာ-ကိုတင်​မြင့်
No comments:
Post a Comment