ဘုရားနဲ့သမုဒ္ဒရာမြေကောင်းကင်
*****************************
သမုဒ္ဒရာထဲကရေကို ပြည်ခွက်နဲ့ခြင်ရင် ရချင် ရနိုင်ပါမယ်။ ဘုရားရှင်ရဲ့ သဗ္ဗညုတဥာဏ်ကို အဲ့ဒီလို ခြင်တွယ်လို့မရနိုင်သည်သာ။
မြေကြီးကို ချိန်ခွင်မှာထည့်ပြီး ချိန်တွယ်လို့ ရချင် ရနိုင်ပါမယ်။ ဘုရားရှင်ရဲ့ သဗ္ဗညုတဥာဏ်ကို အဲ့ဒီလို ချိန်တွယ်လို့ မရနိုင်သည်သာ။
ကောင်းကင်ကို ကြိုးနဲ့ဖြစ်စေ၊ လက်ချောင်းနဲ့ဖြစ်စေ တိုင်းတာလို့ ရချင် ရနိုင်ပါမယ်။ ဘုရားရှင်ရဲ့ သဗ္ဗညုတဥာဏ်ကို အဲ့ဒီလို တိုင်းတာလို့ မရနိုင်သည်သာ။
မဟာသမုဒ္ဒရာထဲက ရေနဲ့မြေ ကောင်းကင်တို့ကို ဘုရားရှင်ရဲ့ဥာဏ်ကို ထောက်ဆကာ ဥပမာအနေနဲ့ မနှိုင်းယှဉ်နိုင်ပါ။
(ထေရဂါထာ ဋ္ဌ၊ သာရိပုတ္တတ္ထေရဂါထာ၊၃၈၂)
No comments:
Post a Comment