🎓ဂုဏ်ရည်ပြည့်ဝတဲ့မြတ်ဆရာ
´´´´´´´´´´´´´´´´´´´´´´´´´´´´´´´
၁.. ပီယဂုဏ်.. ကိုယ်ကျင့်သီလကြောင့် ချစ်ခင်မြတ်နိုးအပ်တဲ့ ဆရာ။
၂.. ဂရု.. သမာဓိကြီးမားလို့ လေးစားအပ်တဲ့ဆရာ။
၃.. ဘာဝနိယ.. အစဉ်သဖြင့် အသိဥာဏ် တိုးပွား နိုးကြားစေတဲ့ ဆရာ..။
၎.. ၀တ္တာ.. အပြစ်မြင်ရင် မ၀ှက်မသို ဆုံးမတတ်တဲ့ဆရာ..
(( အဆင့်အတန်းမခွဲဘဲ ပြောသင့်တာ ပြောတဲ့ဆရာ.))
၅.. ၀စနက္ခမ.. သည်းခံနိုင်စွမ်းရှိပြီး တပည့်မေးလာတဲ့ စကားကို ဖြေနိုင်စွမ်းရှိတဲ့ ဆရာ..။
၆.. ဂမ္ဘီရကထံကတ္ထာ.. လေးနက်တဲ့ တရားသဘော သဘာဝ..(( ရုပ် နာမ် ခန္ဓာ ဓာတ် သစ္စာ.. ....စသည်...)) တွေကို ဟောပြောတတ်တဲ့ ဆရာ။
၇.. အဋ္ဌာနေ နောစ နိယောဇယ....... အကျိုးမရှိတဲ့ စကား ဥာဏ်တုံးတဲ့စကား မပြောတဲ့ ဆရာ..((အပါယ်လမ်းကိုမညွှန်တဲ့ ဆရာ))
ဆရာကောင်းရဲ့အရည်အချင်း ဘယ်လောက်အရေးကြီးလဲဆိုတာ ကြည့်ပေတော့..
ဆရာမှားရင် တစ်သံသရာလုံး မှောက်မယ့်အရေးမို့.. အထူးဂရုတော့ ပြုစေချင်တယ်..။
ဝိပဿနာတရား အားထုတ်ဖို့ ရိပ်သာရှာရင်းနဲ့လည်း အချိန်တွေ အများကြီး ကုန်နေကြပြန်တယ်..
နည်းရှာရင်းနဲ့လည်း အချိန်တွေအများကြီး ကုန်နေကြပြန်တယ်..။
တန်ဖိုးကြီးမားတဲ့ အချိန်တွေကို အဲ့ဒီလို ရှာရင်း လွဲရင်းနဲ့ မကုန်မိစေဖို့.. အရေးကြီးလှပါတယ်။
🎄အရှင်အာစာရ 🎄
ကံယုံ
No comments:
Post a Comment