စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, December 11, 2015

ကောသလမင်းကြီးရဲ့အ​တွေး

ကောသလမင်းရဲ့အတွေး...'

   အခါတစ်ပါးမှာ ရှင်တော်မြတ်ဘုရားကို ကောသလမင်းကြီးက လျှောက်ထားပါတယ်...။

   _()_ မြတ်စွာဘုရား တပည့်တော်ဟာ တိတ်ဆိတ်ငြိမ်သတ်တဲ့ နေရာမှာ တစ်ကိုယ်တည်း အေးအေးဆေးဆေး ရှိနေတုန်း စဉ်းစားမိပါတယ် အရှင်ဘုရား..

_()_ ဘယ်လို ပုဂ္ဂိုလ်မျိုးဟာ မိမိကိုယ်ကို ချစ်ရာရောက်သလဲ..
       ဘယ်လို ပုဂ္ဂိုလ်မျိုးဟာ မိမိကိုယ်ကိုမိမိ မချစ်ရာရောက်သလဲလို့ စဉ်းစားမိပါတယ် အရှင်ဘုရား။

_()_ တပည့်တော်ဆက်ပြီး စဉ်းစားမိတာကတော့
ကိုယ်အလုပ်
နှုတ်အပြော
မနောအကြံ.... ဒီကံ ၃ မျိုးနဲ့ မကောင်းမှု့ ဒုစရိုက်တွေကို လွန်ကျူးနေသူတွေဟာ ကိုယ့်ကိုယ်ကိုယ် မချစ်ရာ ရောက်တဲ့ သူတွေဖြစ်တယ်။

   အဲ့ဒီသူတွေဟာ  ငါတို့လည်း ကိုယ့်ကိုယ်ကိုယ် ချစ်ပါတယ် ' လို့ ပြောကောင်း ပြောပါလိမ့်မယ်။   ဒါပေမယ့် သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ရာမရောက် နှစ်ရာ ရောက်နေကြပါတယ်။

   ဘာကြောင့်လဲဆိုတော့ ရန်သူတစ်ယောက်က ကိုယ့်ကို ဒုက္ခပေးမယ့်အလုပ်မျိုးကို အဲ့ဒီဒုစရိုက်သမား ကိုယ်တိုင်ကပဲ ဖန်တီးနေမိတာကြောင့်ပါ ဘုရား..။

_()_ ကိုယ်အလုပ်
        နှုတ်အပြော
        မနောအကြံ.. . ဒီကံသုံးမျိုးနဲ့ ကောင်းမှု့ ကောင်းမှု့ #သူစရိုက်တွေကို ကြိုးစားအားထုတ်နေသူတွေကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ရာ ရောက်တဲ့သူတွေဖြစ်ပါတယ်။

   အဲ့ဒီသူတွေက   ကိုယ့်ကိုယ်ကိုယ် မချစ်ပါဘူး ' လို့ ပြောရင်တောင်မှ တကယ်တော့ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ရာရောက်နေပါတယ်။

   ဘာကြောင့်လဲဆိုတော့ မိတ်ဆွေတစ်ယောက်က ကိုယ့်အပေါ် ဆောင်ရွက်ပေးမယ့် ကောင်းကျိုးချမ်းသာ မင်္ဂလာမှန်သမျှကို အဲ့ဒီ သုစရိုက်ရှင် ကိုယ်တိုင်ကပဲ ကိုယ့်အတွက် ကိုယ့်တာ ပြုလုပ်နေမိတာကြောင့်ပဲ ဖြစ်ပါတယ် ဘုရား..။ ....
......
ဟု လျှောက်ထားချက်ကို မြတ်စွာဘုရား ထောက်ခံချက် ပေးတော်မူလေသည်။

    ကောသလမင်း တွေးသလို တွေးပြီး လက်တွေ့လိုက်နာ ကျင့်သုံးမယ်ဆိုရင် တစ်ကမ္ဘာလုံး အေးချမ်းသာယာသွားမှာ အမှန်ပါပဲ..။'

       🍃အရှင်အာစာရ 🍃
                  ကံယုံ

No comments:

Post a Comment