မှော်ဘုရင်ကြီး ဇမ္ဗုပတိမင်း၏ မှော်ပညာတို့ဖြင့်
မြတ်စွာဘုရားရှင်အား တိုက်ခိုက်သော စိတ်ဝင်စားဖွယ် ဇာတ်လမ်းကြီးကို ဦးဇင်းရဲ့ စာဖတ်ပရိတ်သတ်ကြီး
ဗဟုသုတ တိုးပွားစေရန်အတွက် ရေးသားပေးပါတော့မယ်။ ဒိဇာတ်လမ်းကို တထာဂတဥဒါနဒီပဏီကျမ်း
တတိယတွဲမှာ အပြည်စုံရေးသားထားတာ တွေ့ရပေမယ့်လို့ အခြားခြားသော ကျမ်းဂန်ပိဋကတ်တော်များမှာတော့
မတွေရပါဘူး။
ဇာတ်လမ်းဆုံးရင် ဒိဇာတ်လမ်းနဲ့ ပတ်သတ်တာတွေကို
သုံးသပ်ပြပါမယ်။ မိမိတို့ နှစ်သက်သည်ကို ယူကြပါ မကြိုက်တာတွေ့ရင် ပယ်ကြပါ။ ဦးဇင်းအနေနဲ့
ဒိဇာတ်လမ်းကို ဖတ်ချင်သဖွယ်ဖြင့်အောင် ပုံပြင်ဝတ္ထုပုံစံ ရေးပြမှာ ဖြစ်ပါတယ်။ သူတော်ကောင်းအပေါင်းတို့။
ရှေ့အခါက ပဉ္စာလာတိုင်းကိုအုပ်ချုပ်တဲ့
ဘုရင်ကြီး ဇမ္ဗုပတိ ဆိုတာရှိပါတယ်။ မှော်လတ်နက်ဆန်းတွေကို ပိုင်ဆိုင်တဲ့ ဘုရင်ကြီးပေါ့။
အဲဒိဘုရင်ကြီးကို အခြားမင်းတွေက ကြောက်ရပါတယ်။ ဇမ္ဗုပတိမှာ ကောက်ကင်ပျံသန်းနိုင်တဲ့
ဆင်ပျံကြီးလဲရှိပါတယ်။ အဲဒိဘုရင်ကြီးက ဒေါသလဲကြီးတယ် မာနလဲကြီးတဲ့ မင်းကြီးပေါ့။ ဘယ်သူကိုမှ
ဦးညွတ်အရှိသေပြုလေ့ မရှိပါဘူး။
တစ်နေ့တော့ ဇမ္ဗုပတိမင်းဟာ သူဆင်ပျံကြီးကိုစီးပြီး
ကောက်ကင်ခရီးနှင်လာပါတယ်။ တစ်နေရာရောက်တော့ ဆင်ပျံကြီးက မသွားတော့ပါဘူး။တယ်ငါ့ဆင်ပျံ
ဘယ်အချင်းရာကြောင့် ဆက်မသွားပါလိမ့် အော် လက်စသတ်တော့ အောက်မှာ နန်းတော်ကြိးတစ်ဆောင်ပါ့လား။
ကြည့်စမ်း ငါဆင်တော် မဖျက်ကျော်ရဲအောင် လုပ်ထားတယ်။ ငါအကြောင်း မသိလေသလော နန်းမဆောင်ပေါ်ကျော်မရလဲ
အဆောင်ငယ်ပေါ်ကျော်ပြီး ငါဖြတ်သွားတဲ့အကြောင်း သိအောင်လုပ်ရမှာပေါ့ကွ။
ငါ့ဟဲ့ ဇမ္ဗုပတိ ဘာထင်လဲဟေ့။ ဒိအချိန်မှာ
ဗိမ္ဗိသာရမင်းကြီးက မြတ်စွာဘုရားကို ဆွမ်ကပ်ပြီး တရားနာနေတဲ့အချိန်ပါ။ မြတ်စွာဘုရားရှင်တို့ရဲ
ဘုန်တော်ကြောင့် အောက်လမ်းမှော်ဘုရင်ကြီး ဖြတ်သန်းလို့မရတာပါ။ အရှင်ဘုရား တပည့်တော်ကြီး
အဘယ်ကြောင့် ကြောက်လန့်ဖွယ် တုန်လှုပ်သွားတာ လဲဘုရား။
အို ဗိမ္ဗိသာရမင်းကြီး ကြောက်လန့်ခြင်း
မဖြစ်လေနှင့် ။ဇမ္ဗုပတိမင်း ဆင်ပျံနှင့် တိုက်လိုက်သောကြောင့် တုန်လှုပ်ခြင်း ဖြစ်ပေတယ်။
သူဆင်ပျံလဲ နန်းပြဿဒ်နှင့် တိုက်ပြီး ခြေနာသွားပြီး သင်မင်းကြီးအားလဲ ရန်ငြိုးဖွဲ့သွားလေပြီ။
သို့သော် ငါဘုရားရှင် ဇမ္ဗုပတိမင်းအား ဆုံးမတော်မူမယ်မင်းကြီး။မှန်လှပါ ဘုန်းတော်ကြိးမြတ်တော်မူသော
မြတ်စွာဘုရား။
ဇမ္ဗုပတိမင်း နန်းတော်ပြန်ရောက်တဲ့အခါ
ချက်ချင်း မူးမတ်တွေကိုခေါ်လိုက်ပါတယ်။ မင်းကြီးများ ငါလိုဇမ္ဗုပတိမင်းကို မလေးမခန့်လုပ်တဲ့
မင်းတစ်ဦးကို ငါတွေ့တော်မူတယ်။ ငါစီးတော်မူတဲ့ မင်္ဂလာဆင်ပျံလဲ သူနန်းပြဿာဒ်နဲ့တိုက်မှိပြီး
ခြေတော်ခွင်သွားတယ် အဲဒိမင်းကို ငါတိုက်ခိုက်တော် မူမယ်မင်းကြီးများ။
မှန်လှပါ သင့်မြတ်တော်မူကြောင်းပါဘုရား။
ကဲ မောင်မင်းများ ငါ့ရဲ မြားစကြာ ဆက်တော်မူစမ်း။ ဇမ္ဗုပတိမှာ အလွန်အစွမ်းထက်တဲ့ မြားစကြာ
ရှိပါတယ်။ ရန်သူဆီကို အလိုလိုသွာပြီး ခေါင်းကို ဖြတ်ယူနိုင်စွမ်ရှိပါတယ်။ ယ္ခု အဲဒိမြားစကြာကို
ဗိမ္ဗိသာရမင်းခေါင်းကို ဖြတ်ဖို့အတွက် ခိုင်းစေလိုက်ပါပြီ၊၊
ညချမ်းအချိန် ဗိမ္ဗိသာရမင်းကြီး မြတ်စွာဘုရားထံတော်မှာ
တရားနာနေခိုက်ပေါ့။ အသက်မဲ့တဲ့ မှော်မြားတစ်စင်းဟာ လူလိုစကားပြောပြီး ဗိမ္ဗိသာရမင်းနိုင်ငံကို
ကျုးကျော်လာပါတယ်။ အားလုံးသော မင်းချင်းတွေ တိုင်းသူပြည်သားတွေ ထိက်လန့်ကုန်ကြပါတယ်။
လူလဲမပါဘဲ မြားက မကောင်းဆိုးဝါး တစ်ကောင်သဖွယ် အော်လာပါတယ်။
ဗိမ္ဗိသာရမင်း ရဲအသဲကိုဖောက် ခေါင်းကိုဖြတ်မယ်။
ဗိမ္ဗိသာရမင်း ရဲ့အသဲကိုဖောက် ခေါင်းကိုဖြတ်မယ်။
နန်းတော်ထဲ မှာ မင်းကြိးကို ရှာလို့်မတွေ့တော့
မင်းကြီးသွားတဲ့နေရာအထိ မြားကလိုက်သွာပါတယ်။ မြတ်စွာဘုရား တရားဟောလို့ပြီးချိန် မင်းကြီးပြန်လာလို
ကျောင်းပေါက်ဝ ရောက်နေပါပြီ ဒိအခါမှာ ထူးဆန်းသော မြားတစ်စင်း အသံကြားတာနဲ့ မင်းကြီးလည်း
ကျောင်းတော်ထဲ ပြန်ဝင်လာပါတယ်။ မှော်မြားစကြာက ဘုရားကျောင်းတော်ထဲတော့ မဝင်နိုင်ပါဘူး။
ကျောင်အပြင်မှာဘဲနေပြီ ဗိမ္ဗိသာရမင်းရဲ့ အသဲကိုဖောက်ပြီး ခေါင်းကိုဖြတ်မယ်လို့ အော်နေပါတယ်။
ဘုန်းတော်ကြီးလှသော်မြတ်စွာဘုရား တပည်တော်အား
ကယ်တင်တော်မူပါဘုရား။ တပည့်တော်ရဲ့ အသဲကို ဖောက်ပြီး ခေါင်းကိုဖြတ်မယ်လို့ ကြီမ်းဝါးသံနဲ့
မကောင်းဆိုးဝါး မြားတစ်စင်း ကျောင်းပေါက်မှာ စောင့်နေပါတယ်ဘုရား။ အို မြတ်သောမင်းကြီး
မကြောက်လေနှင့် အဲဒိမြားက နေ့လည်က ငါဘုရားပြောတဲ့ ဇမ္ဗုပတိမင်းကြီး၏ မှော်မြားဖြစ်ပေတယ်။
မှန်လှပါဘုရား တပည်တော်အား ကယ်မတော်မူပါဘုရား။
ကောင်းပြီ မင်းကြီး ငါဘုရားသခင် ဓားစကြာကို ဖန်းဆင်းပြီး သင်မင်းကြီးအား ကယ်တော်မူမယ်။
မြတ်စွာဘုရှင်သည် ဘယ်လက်တော်ဖြင့် ဓားစကြာကို ဖန်ဆင်းတော်မူလိုက်ပါတယ်။ ဓားစကြာသည်
မြားစကြာရှိရာသို့ ထွက်ခွါသွာပါတယ်။
အောင်မယ် ရာရာစစ ငါဓားစကြာ ရှိတဲ့အရပ်ကို
သင်မြားစကြာက လာရဲ ဟုက်လား ။ တွေ့ကြသေးတာပေါ့ကွာ။ ဘယ်မလဲဟေ့ မြားစကြာင်္ ငါလာပြီဟေ့။
ဓားစကြာသည် မြားစကြာရှိရာ အရပ်သို့ ပြေးထွက်သွားပြိး မြားစကြာကို တိုက်ခိုက်ပါတော့တယ်။
ကောက်ကင်မှာ လူမပါဘဲ ဓားစကြာနှင့် မြားစကြာတို အချင်းချင်း ဆူညံစွာတိုက်ခိုက် ကြပါတော့တယ်။
အောက်က လူတွေလဲ အံသြစွာ ကြည့်နေကြရပါတယ်။
ဟယ်ကြည့်ကြစမ်းဟေ့ ကောက်ကင်မှာ လူမပါပဲ
ဓားနဲ့ မြား တိုက်ခိုက်နေကြတယ် ထူးဆန်းလိုက်တာနော်။ အေး ဟေ့ ကြည့်ကြစမ်း အရမ်းထူးဆန်းတယ်ဟ။
မြေပြင်မှာ လူအပေါင်းရဲ့ အော်သံတွေ ဆူညံသွားပါတော့တယ်။
ဟယ် မြားစကြာရူံးနေပြီ ဟ ။ အေးဟုက်တယ် ဟုက်တယ် မြားစကြာပြေးပြီး။ ဟာနောက်က ဓားစကြာင်္က လိုက်ခုတ်နေပြီ။
ဟယ် မြားစကြာရူံးနေပြီ ဟ ။ အေးဟုက်တယ် ဟုက်တယ် မြားစကြာပြေးပြီး။ ဟာနောက်က ဓားစကြာင်္က လိုက်ခုတ်နေပြီ။
ဘယ်မလဲကွ မြားစကြာင်္ သေဖို့သာပြင်တော့
ငါ ဓားစကြာင်္ လိုက်လာပြီကွ။ အမလေး ကြောက်ပါပြိဗျ ကြောက်ပါပြိဗျ။
မြားစကြာ အသံနက်ကြီးနဲ့ အော်ပြီး ထွက်ပြေးပါတော့တယ်။ ဓားစကြာင်္ကလဲ နောက်က ထပ်ကြပ်မကွာ လိုက်သွားပြိး ဗိမ္ဗိသာရမင်းကြီးရဲ တိုင်းပြည်ကျော်မှ ပျောက်ကွယ်သွားပါတော့တယ်။
မြားစကြာ အသံနက်ကြီးနဲ့ အော်ပြီး ထွက်ပြေးပါတော့တယ်။ ဓားစကြာင်္ကလဲ နောက်က ထပ်ကြပ်မကွာ လိုက်သွားပြိး ဗိမ္ဗိသာရမင်းကြီးရဲ တိုင်းပြည်ကျော်မှ ပျောက်ကွယ်သွားပါတော့တယ်။
အမတ်ကြီးများ ငါဇမ္ဗုပတိမင်းရဲ မြားစကြာအရေးတော်ပုံ
အောင်ခဲ့ရဲလား။ မှန်လှပါ မင်းတရားကြီးဘုရား မြားစကြာ အရေးနိမ့်ပြီး ပြန်ပြေးလာပါတယ်ဘုရား။
ဟဲ့ ငါ မြားစကြာကို သူလိုမင်းက နိုင်သတဲ့လား အေး အေး မြားစကြာ မရတော့လဲ ဒင်းကို ငါခြေနင်းစကြာနဲ့
သတ်မယ်ဟေ့ ။ ခြေနင်းစကြာအကြောင်းမနက်ဖန် ဒင်း သိစေရမယ်။
မောင်းမင်းများ ငါကိုယ်တော်မြတ်ကိုအာခံတဲ့
ဘုရင်ကိုသတ်ဖို့ ခြေနှင်းစကြာ ဆက်သကြစမ်း။ ကဲ သေပေတော့ ဗိမ္ဗိသာရ ငါစိးတော်မူတဲ့ ခြေနှင်းစကြာဖိနပ်ကို
မန္တာန်စုက်ပြီး အသက်သွင်းလိုက်မယ် ဒင်းခံနိုင်ရိုးလား ဟားဟား။ မှော်ဘုရင်ကြီး ဇမ္ဗုပတိမင်
းမှော်အတတ်နဲ့ ဖန်ဆင်းလိုက်တာကြောင့် ခြေနှင်းစကြာက နဂါးကြီးအသွင် ပြောင်းသွားပါတော့တယ်။
ကဲငါ့ စီးတော်ဖိနပ်ကို နဂါးအသွင်းတော့ဖန်ဆင်းလိုက်ပြီ
ဒင် သေဖို့သာပြင်တော့။ ကဲ...ငါမှော်ဘုရင် ဇမ္ဗုပတိ အမိန့်ပေးမယ် ခြေနှင်းစကြာ နဂါးနှစ်ကောင်နာခံစေ။
ခုချက်ချင်း ဗိမ္ဗိသာရကိုသတ် ခေါင်းကိုဖြတ်စေ။ ဟား .ဟားး.ဟားးးး ဒေါသကြီးလွန်းတဲ့ ဇမ္ဗုပတိ
အောက်လမ်းဘုရင်ကြီးရဲ့ ကြောက်မက်ဖွယ်ရယ်သံကြီး လွှမ်းသွားပါတော့တယ်။
ခြေနှင်းစကြာ (ဖိနပ်) ကိုဖန်းဆင်းပြီး အသက်သွင်းထားတဲ့ တိုက်နဂါးနှစ်ကောင်ဟာ အလျှင်အမြန် ပဉ္စာလာတိုင်းကနေပြီး မာဂတိုင်းကို လေဟုန်စီးပြီး ထွက်သွားပါတယ်။
ခြေနှင်းစကြာ (ဖိနပ်) ကိုဖန်းဆင်းပြီး အသက်သွင်းထားတဲ့ တိုက်နဂါးနှစ်ကောင်ဟာ အလျှင်အမြန် ပဉ္စာလာတိုင်းကနေပြီး မာဂတိုင်းကို လေဟုန်စီးပြီး ထွက်သွားပါတယ်။
ဗိမ္ဗိသာရကိုသတ်ခေါင်းကိုဖြတ်မယ်။
။ဗိမ္ဗိသာရကိုသတ်ခေါင်းကိုဖြတ်မယ်။
။ဗိမ္ဗိသာရကိုသတ်ခေါင်းကိုဖြတ်မယ်။
ကောင်းကင်မှာ မိစ္ဆာနဂါးနှစ်ကောင်ဟာ အသံနက်ကြီးတွေနဲ့
ကြုံးဝါးပြီး မာဂတတိုင်းပေါ် ပျံဝဲနေကြပါတယ်။ နန်းတော်ဘက်ကို ဦးတည်ပြီး ထွက်ခွါသွားပါပြီ။
တိုင်းသူပြည်သားတွေလဲ ကြောက်လန်ပြီး အသံမျိုးစုံ ပြောနေကြတာ ဆူညံနေပါတယ်။ဟေ့ အိမ်ပြင်မထွက်ကြနဲ့
အိမ်ပြင်မထွက်ကြနဲ့။ ကောက်ကင်မှာ မိစ္ဆာနဂါးတွေပျံနေတယ် မီးနဲ့ မှုတ်ပြီး လူတွေကို ဒုက္ခပေးလိမ့်မယ်
သတိထားကြဟ။
အမလေး ကယ်ကြပါအုံးရှင် နဂါးကြီးတွေ နဂါးကြီးတွေ။
ဟာ နဂါးတွေက နန်းတော်ဘက်ကို ဦးတည်သွားတာ
ဟေ့ ဘုရင်ကြီးတော့ ဒုက္ခပါဘဲ။
ဟာဗျာ လူသံတွေကလဲ ဆူညံလို့ ဦးကြီးတို့
သိပ်လဲမစိုးရိမ်ကြပါနဲ့ နန်တော်ထဲမှာ မြတ်စွာဘုရား တရားဟောနေတာလေ မြတ်စွာဘုရားက အတုမရှိပဲ
ဒိနဂါးတွေကို နှိမ်နင်းမှာပါဗျ။
လူတွေရဲ့ အော်ဟစ်သံတွေ အမျိုးမျိုးညံနေပါတော့တယ်။
ဒါပင်မယ့် မိစ္ဆာနဂါးနှစ်ကောင်ကတော့ ဘယ်သူကိုမှ ဒုက္ခမပေးဘဲ နန်းတော်အဝမှာဝဲပျံနေပါတယ်။
မြတ်စွာဘုရားရှင် နန်းတော်ထဲမှာ ရှိနေလို အတွင်းထဲကို သူတို့မဝင်နိုင်ပါဘူး။ ဘုန်းတော်ကြီးတော်မူသော
မြတ်စွာဘုရား နန်းတော် အပြင်ဘက်မှာ ဘုရားတပည့်တော် ဗိမ္ဗိသာရကို သတ်ဖို့အတွက် မိစ္ဆာနှစ်ကောင်
စောင့်နေပါတယ်ဘုရား ကယ်တော်မူပါဘုရား။
အို မင်းကြီး သင့်ကဲ့သို့ ရတနာသုံးပါကို
ကြည်ညိုသူတို့အား မကောင်းမိစ္ဆာတွေ ခြောက်လှန့်လို့ ပဲရမယ်။ ဒါပင်မဲ့ အန္တရာယ်တော့ မပြုနိုင်ပါဘူး။
ဒိနဂါးရန်ကို ငါဘုရား ဖယ်ရှားတော်မူအံ့။
အဲဒိလို မြတ်စွာဘုရားရှင်က မိန့်ကြားပြီး
ခေါင်းငါးလုံးရှိတဲ့ ပဉ္စဂီရိဂဠုန်ကြီးကို ဖန်ဆင်းလိုက်ပါတော့တယ်။ ဟော ခေါင်းငါးလုံးနဲ့ဂဠုန်ကြီး
နန်းတော်အပြင်ဘက်ကို ထွက်ခွာသွားပါပြီ။
ဘယ်မလဲနဂါးတွေ ငါဂဠုန်လာပြီဟေ့။ အော်လက်စသတ်တော့
နဂါးသေးသေးလေး နှစ်ကောင်ပါလား အင်း ဒါလေးနဲ့ ဗိုက်ဝမှာတော့ မဟုက်ဘူး။
ကဲရှိတာစားရမှာပေါ့။
ခေါင်းငါးလုံးနဲ့ အလွန်အင်မတန်ကြိးမားတဲ့ဂဠုန်ကြိးကို
မြင်သွားတော့ နဂါးနှစ်ကောင် လန့်သွားပါတယ်။ ဂဠုန်နဲ့ နဂါး ကောင်းကင်မှာ ထိပ်တိုက်လဲတွေရော
နဂါးတွေ မယှဉ်ရဲပါဘူး။ ချက်ချင်းမာဂတိုင်းကနေ သူတို့သခင် ရှိရာ ပဉ္စာလာတိုင်းကို ထွက်ပြေးပါတော့တယ်။
ဟယ်ကြည့်ကြစမ်းအေ ပြောတော့ ဟိုလူသတ်မယ်ဒိလူသတ်မယ်နဲ့
ခုဂဠုန်ကြီးနဲ့တွေတော့ တန်းရောပြေးလိုက်တာအေ့။
ဝေးး ပျော်လိုက်တာ နဂါးကြီး ပြေးပြီး
ပြေးပြီး။
ဟား တို့ ဘုရင်ကို သတ်မဲ့နဂါး သူသတ်မှာကျ
ကြောက်လိုက်တာနော်။
တိုင်သူပြည်သားတွေရဲ့ အော်ဟစ်သံတွေ ဆူညံသွားပါတယ်။
ခေါင်းငါးလုံးနဲ့ ဂဠုန်ကြီးက ဇမ္ဗုပတိရဲ့ ပဉ္စာလာတိုင်း နယ်စပ်ရောက်ခါမှ ပျောက်ကွယ်သွာပါတယ်။
ဟဲ့မောင်မင်းများ ငါလွှတ်လိုက်တဲ့ နဂါးနှစ်ကောင်တော့
ဗိမ္ဗိသာရ ခေါင်းကိုဖြတ်ပြီးနေလောက်ပြိနော်။
အရှင်မင်းကြီးဘုရား နဂါးကြီးတွေ ပြန်ရောက်နေပါပြီ။
ဟဲ့ အမတ်ကြီး ငါနဂါးတွေ ဘယ်လိုဖြစ်တာလဲ
ချက်ချင်း ငါကို လျှောက်တင်စမ်း။
မှန်လှပါ အရှင်မင်းကြိး နဂါးနှစ်ကောင်
ဂဠုန်ရန်ကိုကြောက်လို့ အသက်လုပြီး ပြေးလာရကြောင်းပါ။
တယ် ရာရာစစ ရာဇဝင်ရိုင်းလိုက်လေ ငါ မှော်နဂါးကို
ဒင်း တိုကနိုင်တယ်ပေါ့ အေး တွေကြသေးတာပေါ့ကွာ။ ထွီးးးးး....တောက်.....
မှော်ဘုရင်ကြီး ဇမ္ဗုပတိရဲ့ ဒေါသသံ လွှမ်းသွားပါတော့တယ်။
မာဂတတိုင်းဘုရင်ကြီး ဗိမ္ဗိသာရက မြတ်စွာဘုရားရှင်အား လျှောက်တင်ပါတယ်။ ဘုန်းတော်ကြီးတော်မူသော
မြတ်စွာဘုရား တပည်တော်အား ရန်သူမင်းက မကောင်းသောအတတ်တွေနဲ့ စိတ်ဒုက္ခ ပေးပါလိမ့်မယ်ဘုရား။
တပည့်တော်ကတော့ ရတနာသုံးပါးကို ကြည်ညိုသူဖြစ်လို့ မကြောက်ပါ ဘုရား။
တိုင်သူပြည်သာတွေ ထိတ်လန်ကုန်မှာစိုးတဲ့အတွက်
တိုင်းသူပြည်သားများကို သနားသောအားဖြင့် စောင့်ရှောက်တော်မူပါဘုရား။
ကောင်းပြီမင်းမြတ် ။
အဲဒိအချိန်မှာ ဘုရားရှင် အလိုတော်ရှိတဲ့အတွက်
သိကြားမင်းရဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာတင်းလာ ပါတော့တယ်။
အလို ငါသိကြာနေရာ အဘယ်အချင်းရာကြောင့်
တင်းလေသနည့် လူပြည်မှာ အမိ အဖကို လုပ်ကြွေးသူတွေများ ဒုက္ခ ရောက်လေသလော။ ရတနာသုံးပါးကို
ကြည်ညိုသူတွေများ အန္တရာယ်ကြုံနေလား? ။ အလို အလို အလို လက်စသတ်တော့ သုံးလောကထွဋ်တင်
ဘုရားရှင်ကိုယ်တော်မြတ်ကြီး အလိုရှိနေတာပါလား။ အင်း ယ္ခုမကြာ ချက်ချင်း ငါသီကြား လူပြည့်ဆင်းမယ်
ဟေ့။
မြတ်စွာဘုရားထံတော်မှောက်သို့ သိကြားမင်း
ရောက်လာပါတော့တယ်။ မှန်လှပါ မြတ်စွာဘုရား တပည်တော် အဘယ်အမူတော်မျိုးကို ထမ်းဆောင်
ရမယ်လဲ ဘုရား။ တပည့်တော်အား သနားသောအာဖြင့် မိန့်ကြားတော်မူပါ ဘုရား။
ကောင်းပြီ ဒါယိကာ သိကြားမင်း အသင် ယ္ခုချက်ချင်း
ဇမ္ဗုပတိထံသို့သွာပြီး ငါဘုရားရဲ့ ရှေ့တော်မှောက်ကို အရောက်လာစေရန် အမိန့်ပြန်လေလော့။
မှန်လှပါမြတ်စွာဘုရား တပည့်တော် ချက်ချင်း
သွားရောက်ပြီး အမူတော်ထမ်းပါမယ် ဘုရား။
ဇမ္ဗုပတိမင်းနေရာ ပဉ္စာလာတိုင်းသို့ တမန်တစ်ဦး
ရောက်လာပါတယ်။ အဲဒိတမာန်က သာမန်လူတွေနဲ့ မတူပါဘူး ကောက်ကင်မှာ မတ်တပ်ရပ်နေပါတယ်။ ပြီးတော့
ဇမ္ဗုပတိကို မလေးမခန့်ပုံစံမျိုးနဲ့ အထက် ကောက်ကင်က နေဆက်ဆံပါတယ်။ ဒါကိုမြင်ကထဲက ဇမ္ဗုပတိမင်း
တော်တော် ဒေါကန်နေပါပြီ။ သူလိုဘယ် သူမှ မလေးမခန့်မလုပ်ရဲတဲ့မင်းကို စော်ကားနေတာ ဘယ်ဒေါသ
မထွက်ဘဲနေပါ့မလဲ။
ဟေ့ ငါလို ဘုရင်ကို မလေးမခန့်နဲ့ စော်ကားတာ
ဘယ်သူလဲကွ။ သေချင်ပြီထင်တယ်။
တမန်တော်ကတော့ ဘာကိုမှကြောက်လန့်ခြင်း
မရှိပါဘူ။ ဟော ခပ်တည်တည်နဲ့ အမိန့်စာချွန်ကိုတောင် ဖြေလိုက်ပါပြီ။ အဟမ်း အဟမ်း......လူမင်း
နတ်မင်း ဗြဟ္မာမင်းတို့၏ အရှင်သခင်ဖြစ်တော်မူသော သုံးလောကထွဋ်ထား ဇေတဝန်မင်းတရားကြီး
အမိန့်တော်။ ကျေးတော်ကျွန်တော်ဖြစ်သည် ဇမ္ဗုပတိမင်း ချက်ချင်း မြေပြင်၌ ဒူထောက်၍ နာစေသတည်း။
အောင်မယ် ရာရာစစ ငါနိုင်ငံထဲလဲလာသေး
ငါလဲစော်ကားသေးတယ် တောက်........မောင်းမင်း မြားသမားများ ဒိ လူလိုမသိတဲ့ သံအမတ်ကို
ချက်ချင်းသတ်စေ။
ဇမ္ဗုပတိမင်း အမိန့်ပေးလိုက်တာနဲ့ မြားသမားတွေက
သံအမတ်ကြီးကို ဝိုင်းပစ်ကြပါတော့တယ်။ ဒါပေမယ့် သံအမတ်ကြီးက မြားတွေကို အသာလေး လက်နဲ့
ပယ်ရှားလိုက်ပါတယ်။ ဟဲ့ ဇမ္ဗုပတိ သင်သည် ငါတို့ ဘုရင်ရဲ့ အမိန့်တော်ကို ဒူထောက်
မနာခံပဲ နေတယ်ပေါ့ အေး သိကြတာပေါ့ကွာ။
ဟော သံအမတ်ကြီးက လက်နှစ်ဖက်ကို လက်ဝါးချင်းရိုက်ပြီး
ပွတ်လိုက်ပါပြီး ။ ဟော သံအမတ်ကြီးရဲ့ လက်နှစ်ဖက် ကြားထဲက မီးလုံးကြီးထွက်လားပါပြီး။
ကဲ ဇမ္ဗုပတိ ငါ့ရဲ့ ငရဲမီးစက် ဆယ်ဆပြန်
မီးစကြာကို မြည်းပေတော့ဟေ့။
ဟော သံအမတ်ကြီးရဲ လက်ထဲကနေ မီးလုံးဝင်းဝင်းကြီးက
ဇမ္ဗုပတိမင်းထံသို့တန်းသွားပြီး ရစ်ပတ်နေပါပြီ။
အောက်လမ်းမှော်မိစ္ဆာ ဘုရင်ကြီးထံသို့
မီးစကြာက ပြေးဝင်သွားပြီး ရစ်ပတ်လိုက်ပါပြီ။
အားပူတယ် ပူတယ် ကယ်ကြပါ ကယ်ကြပါ။
မှော်ဘုရင်ကြီး ဇမ္ဗုပတိ အော်ဟစ်နေရပြီ။
သံအမတ်ကြီးဟန် ဖန်ဆင်းထားတဲ့ သိကြားမင်းကြီး၏ မီးစကြာကို ခံနိုင်ရည် မရှိပါဘူး
အလူးအလဲ အော်ဟစ်ပြီး ခံစားနေရရှာပါတယ်။ မီးအရှိန်က ပြင်းလွန်းလို့ အနားက အမတ်တွေတောင်
အပူဟတ်လို ရှောင်ပြေးနေရပြီလေ။ အောက်လမ်း ဘုရင်ကြီးခဗျာ မီးကွင်ကြီး အပတ်ခံရပြီး ထွက်ပြေးနေရရှာ
ပါတယ်။
နန်းတော်ကြီးကိုတောင်မီးတွေစွဲလာပါပြီ။
သိကြားမင်းတန်ခိုးနဲ့ ဖန်ုဆင်းထားတဲ့မီးက အောက်လမ်းဘုရင်ကြီးကို အသေမသတ်ဘဲ အလွန်ပူပြင်းမှု
အလူးလဲခံရအောင် ဒဏ်ခတ်နေတာပါ။ အောက်လမ်းဘုရင်ကြီး ခံနိုင်ရည် မရှိတော့ပါဘူး။ သံအမတ်ကြီးထံ
ပြန်ပြေးလားပါတော့တယ်။ အမတ်ကြိးရှေ့ မြေပြင်မှာ လူးလိမ်းနေရရှာပါတယ်။
အမောင်လုလင် သင့်ရဲ့မီးစကြာကို ပြန်ရုတ်သိမ်းပေးပါ။
အမလေး ပူလိုက်တာ ပူလိုက်တာ။ အမောင်လုလင် သင့် မီးစကြာကို ပြန်သိမ်းပါတော့ သင်အလိုရှိတာ
ငါပေးပါမယ်။
ဇမ္ဗုပတိမင်း အော်ဟစ်ပြီး တောင်းပန်နေပါပြီး။
ဟဲ့ မိစ္ဆာဘုရင် သင်ဒူးထောက်ပြီလာ။
ဇမ္ဗုပတိမင်းခဗျာ အပူဒဏ်ကိုမခံနိုင်လို့
အရူံးပေးလိုက်ရပါပြီ။ ဒါပေမယ့် စိတ်ထဲကတော့ ဘယ်ကျေနပ်ပါ့ မလဲ။
ကောင်းပါပြီသံအမတ် အကျွန်ူပ် ဒူထောက်ပါပြီ။
ဟား......ဒိလိုဖြစ်ရမှာပေါ့ အောက်လမ်းမိစ္ဆာရဲ့ သင့်လို အောက်လမ်းဘုရင်က ငါတို့လို
အထက်လမ်းတွေကို ဘယ်ယှဉ်ရလိမ့်မလဲ။
သံအမတ်လုလင်က ဘယ်လက်နဲ ဇမ္ဗုပတိကို ကောင်းကင်ကနေလှမ်းပြီး
တစ်ချက်သပ်လိုက်ပါတော့တယ်။ မီးစကြာလဲ သံအမတ်လုလင်ထံသို့ ပြန်ရောက်လာပြီး လုလင်၏ လက်ထဲ၌
ကွယ်ပျောက်သွားပါတော့တယ်။ဇမ္ဗုပတိမင်း မြေပြင်မှာ ဒူထောက်နေရရှာပါပြီ။
အဟမ်း အဟမ်း ...ဇမ္ဗုပတိမင်းနာခံစေသတည်း။
လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ထက် မြင့်မြတ်တော်မူထသော ဇေတဝန်အရှင်မင်းမြတ် အမိန့်တော်။
ဤပဉ္စာလာတိုင်းကို အစိုးရသော ကျေးကျွန်ဖြစ်သော
ဇမ္ဗုပတိမင်းသည် မနက်အရောက် ဇေတဝန်နိုင်ငံတော်သို့ အခစားဝင် ပဏ္ဏာဆက်သရပေမည်။
ဇမ္ဗုပတိမင်းသည် မနက်အရောက် ဇေတဝန်နိုင်ငံတော်သို့ အခစားဝင် ပဏ္ဏာဆက်သရပေမည်။
သြဇာတိက္ကမနဲ့ ပြည့်စုံတဲ့ သံအမတ်ကြီအသံ
ကောက်ကင်ယံမှာ ပဲ့တင်ထပ်သွားပါတော့တယ်။ အမိန်တော် စာချွန်လွှာကို ဖတ်ပြီးတဲ့အခါမှာ
အားလုံးသော ပရိတ်သတ်တွေရဲ့ ရှေ့မှာပဲ ကောက်ကင်သို့ သံအမတ်ကြိး တက်သွားပါပြိ။ ကောက်ကင်ကနေ
ငြိမ်သက်စွာဆင်းလာတဲ့ တိမ်တိုက်တစ်ခုပေါ်သို့ သံအမတ်ကြိးတတ်ပြီး ပျောက်ကွယ်သွားပါတော့တယ်။ သိကြားမင်းရဲ့တာဝန်ပြီးဆုံးသွာပြိလေ။
ကောက်ကင်ယံမှာ ပဲ့တင်ထပ်သွားပါတော့တယ်။ အမိန်တော် စာချွန်လွှာကို ဖတ်ပြီးတဲ့အခါမှာ
အားလုံးသော ပရိတ်သတ်တွေရဲ့ ရှေ့မှာပဲ ကောက်ကင်သို့ သံအမတ်ကြိး တက်သွားပါပြိ။ ကောက်ကင်ကနေ
ငြိမ်သက်စွာဆင်းလာတဲ့ တိမ်တိုက်တစ်ခုပေါ်သို့ သံအမတ်ကြိးတတ်ပြီး ပျောက်ကွယ်သွားပါတော့တယ်။ သိကြားမင်းရဲ့တာဝန်ပြီးဆုံးသွာပြိလေ။
တောက်.....ရာရာစစ ငါလိုဘုရင်ကို စော်ကားရဲတဲ့
ဇေတဝန်မင်း သိကြတာပေါ့ကွာ။
ဇမ္ဗုပတိမင်းရဲ့ ဒေါသလွှမ်းမိုးနေတဲ့ တောက်ခေါက်သံကြီးက
ငြိမ်သတ်နေတဲ့ ညီလာခံမှာ ကြောက်မက်ဖွယ် ပေါ်ထွက်လာပါတော့တယ်။
ကဲမောင်မင်းများ ငါဘုရင် အမိန်တော်မှတ်မယ်
နာခံစေသတည်း။
မှန်လှပါအရှင်မင်းကြီး။
ငါပိုင်စိုးသော မှော်လက်နတ်များကို အကုန်ထုက်စေ။
အစိမ်းတစ္ဆေ ဖုတ်မြေတို့ကို ယ္ခုမကြာချက်ချင်း အသက်သွင်း၍ ခေါဘနီ စစ်တပ်နှင့် တကွစစ်ချီမယ်။
ချက်ချင်းပြင်ဆင်ကြစေ။
မူမတ်တွေလဲ ဘုရင်ကြီးရဲ့ အမိန့်တော်ရတာနဲ့
စတင်ပြီ မိမိတို့တာဝန်တွေကို လုပ်ဆောင်ကြပါပြီး။ မှော်လက်နက်ဆန်းတွေကို ဘဏ္ဍာတိုက်က ထုက်နေကြပြီးပေါ့။
စစ်သည်တော်တွေလဲ လက်နတ်ကိုစီနဲ့ အသင့်အနေထားရှိနေပါပြီ။
အောင်လံတွေတစ်လူလူလွှန့်ပြီး အက္ခောဘနီစစ်တပ်ကြီး
ချီတတ်လာပါပြီ။ ရှေ့ဆုံးက ဆင်ကြီးပေါ်မှာ ဇမ္ဗုပတိမင်းက စစ်အဝတ်စားတွေနဲ့ထိုင်လို့ပေါ့
သူမျက်နှာမှာလဲ ဒေါသရောင်ကြောင့် နီရဲနေလေရဲ့။ စစ်တပ်ကြီးက အလွှန်ကြီးမားလှပါတယ် ဘယ်လောက်
ကြီးမားများပြားလဲဆိုတော့ ဒိစစ်တပ်ကြီး ဖြတ်သွားရင် ဝါးအစည်းတိုင်း အစည်းတိုင်းအလုံး
၆၀ ရှိတဲ့ ဝါးအစည်း၆၀။ ဝါးလုံးရေ ၃၆၀၀ ကိုတောင် မှုန့်မှုန့်
ညက်ညက် ဖြစ်စေနိုင်ပါတယ်။ စစ်သည်တော်တွေနဲ့အတူ မှော်ဘုရင်ကြီး ဖန်ဆင်းထားတဲ့ နာနာဘာဝသတ္တဝါ တွေကလဲအများကြီး ပါလာပါတယ်။
ညက်ညက် ဖြစ်စေနိုင်ပါတယ်။ စစ်သည်တော်တွေနဲ့အတူ မှော်ဘုရင်ကြီး ဖန်ဆင်းထားတဲ့ နာနာဘာဝသတ္တဝါ တွေကလဲအများကြီး ပါလာပါတယ်။
တဖြည်းဖြည်းနဲ့ နေ့ရောညပါ ချီတတ်လာကြတာ
ခုဆိုရင် ဇေတဝန်တိုင်းပြည် အစပ်ကိုတောင် ရောက်လာကြပါပြီ။ ဆင်သံ မြင်းသံ ရထားသံ တွေကလဲ
ဆူလို့ညံလို့ပေါ့။
ဟဲ့ မောင်မင်းများ ဟိုရှေက မြို့ရိုးကြီးက
ခန်းနားလိုက်တာ အဲဒါဇေတဝန်မြို့လား?။
မှန်လှပါ အရှင်မင်းမြတ် အဲဒါဇေတဝန်မြို့တော်ပါ
ဘုရား။
ဟားးးးး….ကောင်းတယ်ဟေ့ အရင်တစ်ခါ ဟိုသံအမတ်လာတုန်က
ငါအငိုက်မိလို့ ခံလိုက်ရတာကွ။ ခုလိုစစ်တပ်နဲ့ဆိုရင် ဒိကောင်တွေ မခံနိုင်ပါဘူး။ ဒိလိုခန်းနားတဲ့
တိုင်းပြည်ကြိ ငါအပိုင်စားတော့မယ်။ ဟားးးးးး……
ဇမ္ဗုပတိမင်းရဲ့ လောဘလွှမ်းမိုးနေတဲ့ ရယ်သံကြီးက
ဟိန်းထွက်သွားပါတယ်။ နန်းတော်ရှေ့မှာလဲ ၇ နှစ်အရွယ် ချာတိတ်လေးတစ်ယောက် ဂုံညင်းထိုးနေပါတယ်။
ဟေ့ ရဲမတ်အပေါင်းတို့ ဒိမှာစစ်တပ်ကြီးကို
ရပ်ကြမယ်။ ရှေ့က ခလေးကို ငါကိုယ်တော်တိုင် စုံစမ်းတော်မူမယ်။
ကလေးငယ်က ကြောက်ရွံခြင်း လုံးဝမရှိသလို
စစ်တပ်ကြီးကိုလဲ ဂရုမစိုက်ပါဘူး။ ဘယ်ဂရုစိုက်ပါ့မလဲ ၇နှစ်သားလေးနဲ့ ရဟန္တာဖြစ်သွာတဲ့
ကိုရင်ပဏ္ဍိစ္စလေးကို။ ဇမ္ဗုပတိမင်းကို ဆုံးမဖို့အတွက် ဂုံညင်း ထိုးတဲ့ကလေး ငယ်အသွင်
ဖန်ဆင်းထားတာပါ။ဇမ္ဗုပတိမင်းက ရဲရင့်တဲ့ကလေးငယ်ထံ အမတ်ကြီးတွေနဲ့ လမ်းလျှောက်သွာပါတယ်။
ခလေးငယ်လေးကတော့ ဘုရင်ကြီးကို ဂရုမစိုက် ဆက်ကစားနေပါတယ်။
ဟေ့ ချာတိတ်...ဒိမယ် ဒိမယ် ဒိမြို့ကဇေတဝန်မြို့လား
ကလေးငယ်က ဇမ္ဗုပတိအသံကြားတော့ တစ်ချက်လေးလှည့်ကြည့်ပြီး
ခေါင်းငြိမ့်ပြလိုက်ပါတယ်။ ဇမ္ဗုပတိမင်းလဲ တံခါးမူးမရှိတဲ့မြို့ထဲ တန်းဝင်ဖို့ သူ့စစ်တပ်ကို
အမိန့်ပေးပြီး။ သူကိုယ်တိုင် ရှေကနေ ဝင်ပါတော့တယ်။ အဲဒိအချိန်မှာတော့ ကလေးငယ်က ဇမ္ဗုပတိထံ
လှည့်ကြည့်ပြိး ပြောလိုက်ပါတယ်။ ဒိမယ်ဦးကြီး ကျွန်တော်က တံခါးမှုးပဲ မြို့ထဲဒိတိုင်ဝင်လို့မရဘူး
ဖိနပ်ချွတ်ပြီးမှဝင်ရမယ်။ ကျွန်တော်ကစားပြီးတဲ့အထိ စောင့်နေလို့ ပြောလိုက်ပါတယ်။
ဘာကွ ဖိနပ်ချွတ်ရမယ် ဟုက်လား ။ အေး ဖိနပ်တော့
မချွတ်နိုင်ဘူးဟေ့ နင်ကို ငါကိုယ်တိုင် ခုချက်ချင်း ငါကိုယ်တော်တိုင် ဆင်နဲ့နင်းသတ်မယ်။
ဇမ္ဗုပတိမင်းကိုတိုင် ဆင်ပေါချက်ချင်းတက်ပြီး
ဆင်နဲ့ခလေးကိုနှင်းဖို့အတွက် ချွင်းဖွင့်လိုက်ပါတယ်။
ကဲသေပေတော့ ကွ။
ခလေးငယ်လေးကို မညာမတာ ဆင်ကြီးနဲ့ နှင်းပါတော့တယ်။
မူးမတ်တွေအားလုံး အံသြအားသင့်ကုန်ကြပါတယ်။ ဟုက်တယ်လေ။ သူတိုအားလုံးထင်သလို ဆင်ကြီးက
ခလေးငယ်ကိုမနှင်းဘဲ ခလေးငယ်က ဆင်ကြီးခြေကို ဆွဲမလိုက်ပါတယ်။ ပြီးတော့ ခြေတောက်ကနေ ဆွဲရမ်းလိုက်ပါတယ်။
အကြိမ်ကြိမ်ဆွဲရမ်းတော့ ဘုရင်ကြီခင်မျာ အောက်ကိုပြုတ်မကျအောင် ဖက်တွယ်ထားရပါတယ်။
အမလေး ထူးဆန်းလိုက်တာနော်....ဟဲ့ခလေး
တော်ပါတော့ မလုပ်ပါနဲ့တော့ အလုပ်ပါနဲ့တော့ သင် ခိုင်းတဲ့ အတိုင်းငါလုပ်ပေးပါမယ်။
ဘုရင်ကြီးတောင်းပန်တော့မှ ကလေးငယ်က ရပ်လိုက်ပါတော့တယ်။
ဘုရင်ကြီး ဆင်ပေါ်က ဆင်းလားတဲ့အခါမှာ ခလေးငယ်ခန္ဓာကိုယ်က ချက်ချင်းဘီလူးကြီး အသွင်ဖြစ်သွားပြီး
ကောက်ကင်ထက်ကနေ တင်းပုတ်ကြီးကိုကိုင်းပြီး လေပူတွေ မှုတ်ထုက်လိုက်ပါတယ်။ ဘီလူးကြီး မှုတ်ထုက်လိုက်တဲ့
လေပူတွေအောက်မှာ အောက်လမ်းဘုရင် ဇမ္ဗုပတိရဲ မိစ္ဆာကောင်တွေ အားလုံး အငွေတွေ ပြာမှုန့်တွေအသွင်ပြောင်းပြီး
ပျောက်ကွယ်ကုန်ပါတော့တယ်။ တစ်ချို့အရာတွေက မူလပြန်ကုန်တာတာပေါ့။ ကြိုးကို မြွေအဖြစ်ဖန်ဆင်းထားရင်
မူရင်းကြိုးအတိုင်း ပြန်ဖြစ်ကုန်ပါတော့တယ်။ အက္ခောဘနီစစ်တပ်ကြီးလဲ ဖရိုမရဲဖြစ်ကုန်ပါတော့တယ်။
စစ်သားတွေကြောက်ရွံ ထိက်လန့်အောင် ပြုပြီးမှ တစ်ဖြည်းဖြည်း ဘီးလူးကြီးအသွင်ကနေ ကလေးငယ်အသွင်
ပြန်ပြောင်းသွားပါတယ်။
ဇမ္ဗုပတိမင်း အံသြကြောက်လန့်မူတွေ ဖြစ်နေပါပြီ။
အင်း စွမ်းလိုက်တာ ဒိကလေးငယ်တောင် ဒိလောက် မှော်ပညာတွေကို တတ်နေရင် အခြားလူကြီးတွေဆိုရင်
ဘယ်မှာဆိုဖွယ်ရာရှိတော့မှာလဲ။ ငါတတ်တဲ့မှော်ပညာက သူတို့နဲ့ယှဉ်ရင် မြူမှုန့်လောက်ပဲရှိမယ်တင်ပါရဲ့။
အေးလေ ခုမှတော့မတတ်နိုင်တော့ဘူး သူတို့ဘုရင်ကိုတော့ အလစ်မှာ မှော်မြားနဲ့ ပြစ်သတ်ရမှာပဲ။သူတို့ဘယ်လောက်စွမ်းစွမ်း
သတိလစ်ရင်ခံရမှာပဲလေ။ ဇမ္ဗုပတိမင်း တစ်ယောက်တည်း အကြံအမျိုးမျိုးထုက်နေပါတော့တယ်။
ဒိမယ်မင်းကြီး ကျွန်ူပ်နောက်က ဖိနပ်ချွတ်ပြီးမြို့ထဲကို
လိုက်ခဲ့ပါ။ ကလေးငယ်ရဲ့ စကားသံကြောင့် ဇမ္ဗုပတိမင်း
အတွေးပြတ်သွာပါတယ်။ ကလေးငယ်ရဲ့ အစွမ်ကိုလဲကိုတိုင် မျက်ဝါးထင်ထင် မြင်လိုက်ရတော့ ပြန်မပြောရဲရှာပါဘူး။ ကလေးငယ်ရဲ နောက်ကနေ အေးအေးဆေးဆေး လိုက်သွားပြီး သူတို့ဘုရင်ကို လုပ်ကြံဖို့ တစ်နည်းရှိတော့တာလေ။ အေးပေါ့ကွာ မင်းတို့ဘုရင် အငိုက်မိချိန် ငါရဲ့မှော်ပညာအကြောင်း ကောင်းကောင်းသိရမှာပေါ့။ ဇမ္ဗုပတိမင်းစိတ်ထဲမှာ ကြုံးဝါးလိုက်ရင် ကလေးငယ်ရဲ့နောက်ကနေ ဖိနပ်လေးချွတ်ပြီး ဇေတဝန်မြို့တော်ထဲလိုက်သွားပါပြီ။
အတွေးပြတ်သွာပါတယ်။ ကလေးငယ်ရဲ့ အစွမ်ကိုလဲကိုတိုင် မျက်ဝါးထင်ထင် မြင်လိုက်ရတော့ ပြန်မပြောရဲရှာပါဘူး။ ကလေးငယ်ရဲ နောက်ကနေ အေးအေးဆေးဆေး လိုက်သွားပြီး သူတို့ဘုရင်ကို လုပ်ကြံဖို့ တစ်နည်းရှိတော့တာလေ။ အေးပေါ့ကွာ မင်းတို့ဘုရင် အငိုက်မိချိန် ငါရဲ့မှော်ပညာအကြောင်း ကောင်းကောင်းသိရမှာပေါ့။ ဇမ္ဗုပတိမင်းစိတ်ထဲမှာ ကြုံးဝါးလိုက်ရင် ကလေးငယ်ရဲ့နောက်ကနေ ဖိနပ်လေးချွတ်ပြီး ဇေတဝန်မြို့တော်ထဲလိုက်သွားပါပြီ။
မှော်ဘုရင်ကြီးဇမ္ဗုပတိမင်း ကလေးငယ်လေးနောက်က
တစ်လှမ်းချင်း လိုက်သွားပါတယ်။ မြို့တွင်းထဲဝင်လိုက်တာနဲ့ ဇမ္ဗုပတိ မယုံနိုင်ဖွယ် ဆန်းပြားသော
မြင်ကွင်များကို စတင်တွေ့ရပါပြီ။ အလိုကြည်ကြစမ်း အဖိုးတန်ရတနာတွေကို လမ်းဘေးမှာချရောင်းနေကြပါလား။
ဟာ ဈေးရောင်းတဲ့ အမျိုးသ္မီးတွေကလဲ ချောလိုက်လှတာ ဈေးသည်နဲ့မတူဘူး နတ်သ္မီးတွေလား ထင်မှတ်ရတယ်။
အင်း ဒိနိုင်ငံကဘုရင်ကို လုပ်ကြံပြီရင်
ဒီတိုင်းပြည်က အမျိုးသ္မီးတွေအားလုံး မိဘုရားမြောက်ပြစ်မယ်။
ဇမ္ဗုပတိမင်းတစ်ယောက်ထဲ တွေးတောနေပါတယ်။
သူ့အတွေးနဲ့သူ ပီတိဖြစ်ပြီ နူတ်ခမ်းတစ်ဖတ် တွန့်သွားအောင် ပြုံးလိုက်ပါတယ်။တကယ်တော့
ဇမ္ဗုပတိမင်း တွေ့တာတွေဟာ လူသားအစစ်တွေ မဟုက်ကြပါဘူး။ နတ်သား နတ်သ္မီးတွေ နဂါး ဂဠုန်
စတာတွေ လူယောင်ဖန်ဆင်းထားကြတာပါ။ ဇမ္ဗုပတိမင်းတင်မကပါဘူး သူ့ဘေးက အမတ်ကြီးတွေလဲ လှပတဲ့ပတ်ဝန်းကျင်ကို
ရင်သတ်ရှုမောစွာ မျက်တောင်မခတ် ငေးမောနေကြလေရဲ့။ ဇေတဝန်မြို့တော်ကြီးရဲ့ လှပတဲ့ သစ်ပင်ပန်းမန်တွေ။
အလွန်သိမ်မွေ့တဲ့ လှပျိုဖြူတွေ။ များပြားလှတဲ့ အဖိုးတန် ရတနာတွေ ။ သင်းပျံနေတဲ့ အမွှေးရနံတွေ
စားချင်သဖွယ် အစားအသောက်ဆန်းတွေက ဇမ္ဗုပတိမင်းနှင့် သူလက်ရုံး အမတ်ကြီးတွေရဲ့စိတ်ကို
စွဲဆောင် ညှို့ယူဖမ်းစားထားပါတယ်။ ဒိမြို့ကို ငါအပိုင်စားရကိုရစေရမယ်။ ဇမ္ဗုပတိမင်းစိတ်ထဲက
ကြုံဝါးလိုက်ပြီ လောဘလွှမ်းပြီ အဆီပြန်နေတဲ့ မျက်နှာကြီးကို တစ်ချက်သုတ်၏လိုက်ပါတယ်။
ဟာ!
လက်နတ်အပြည့်စုံနဲ့ မြင်းပေါ်မှာထိုင်နေတဲ့သူကို
ရုတ်တစ်ရပ် တွေ့လိုက်လို့ ဇမ္ဗုပတိမင်း အံအားသင့်ပြီး အာမေဋိတ်သံ ထွက်ပေါ်လာပါတယ်။ ထိုသူရဲနောက်က
စစ်တပ်ကြီးက စီတန်းပြီရပ်နေပါတယ်။ စစ်သည်တော်တွေက မြေပြင်မှာရော ကောင်းကင်မှာပါ နေရာယူထားကြပါတယ်။
အင်း....ရှင်ဘုရင်ကိုယ်တိုင် ငါ့ကိုဖမ်းဖို့အတွက်စစ်တပ်
နဲ့စောင့်နေတာဖြစ်မယ်။
ဇမ္ဗုပတိမင်းစိတ်ထဲက တီးတိုးရွတ်ရင်း အနားမှာရှိတဲ့
သူငယ်လေးကို မေးလိုက်ပါတယ်။
ဒိမယ်မောင်မင်း...သင်တို့ဘုရင်က ငါကိုဖမ်းဖို့စောင့်
နေတာလား။
အရှင်မင်းကြီး...ခုသင်မင်းကြီးမြင်တာ
ကျွန်ုပ်တို့၏ ဘုရင်မင်းမြတ် မဟုက်ပါဘူး။ စစ်သူကြီး ရှင်မဟာ မောဂ္ဂလာန်ဖြစ်ပါတယ်။
အော်
ဇမ္ဗုပတိမင်း သက်ပြင်းတစ်ချက်ချပြိး သူငယ်လေးနောက်က
လိုက်လာပါတယ်။ တစ်နေရာမှာအခြံရံတွေနဲ့ ထိုင်နေသူတစ်ဦးက ဇမ္ဗုပတိမင်းကို နှစ်လိုဖွယ်အပြုံးနဲ့
နူတ်ဆက်လိုက်ပါတယ်။ အင်း ဒီပုဂ္ဂိုလ်က ခန့်ညားတည်ကြည်လိုက်တာ သူအပြုံးကလဲ နှလုံးသားကို
အေးချမ်းသွားစေတယ် ဒါ သူတို့ရှင်ဘုရင်ဖြစ်ရမယ်။ ဇမ္ဗုပတိမင်းစိတ်က ကောက်ချက်ချလိုက်ပါတယ်။
သူငယ်ဒါကတော့ သင့်တို့ဘုရင် ဟုက်ပါတယ်နော်။
အရှင်မင်းကြီး....ဤသူသည်ကျွန်ူပ်တို့ဘုရင်မင်းမြတ်
မဟုက်သေးပါဘူး။ ပညာရှိအမတ်ကြီး အရှင်သာရိပုတ္တရာ ပါ။
အော်!
၇ နှစ်သား ကလေးငယ်လေး၏ ဦးဆောင်ရာနောက်ကို
လိုက်လာခဲ့တာ ခုဆိုရင် နန်းတော်ထဲတောင် ရောက်လာပါပြီ။ စကြာဝတေးမင်း ပုလ္လင်ပေါ်မှာ တစ်ကိုယ်တည်း
ထိုင်နေပါတယ်။ နတ်သုဒ္ဓါတွေကို တည်ငြိမ်စွာ သုံးဆောင်နေတာကို ဇမ္ဗုပတိမင်း တွေ့လိုက်ရပါပြီ။
အလို...သူငယ်သင်တို့ဘုရင်မင်းက စကြာဝတေးမင်းပေါ့။
အရှင်မင်းကြီး..ဤစကြာဝတေးမင်းသည် ကျွန်ူပ်တို့၏
ဘုရင်မင်းမြတ်မဟုက်ပါ ကျွန်ူပ်တို့၏ ဘုရင်မင်းမြတ်သည် ဤစကြာဝတေးမင်းထက် များစွာမြင့်မြတ်ပါတယ်
ဤစကြာစတေးမင်းသည် ကျွန်ူပ်တို့ ဘုရင်မင်းမြတ်၏ ခြေတော်စုံကို ဦးတိုက်ရသော လက်အောက်ခံ
မင်းမျှဖြစ်ပါတယ်မင်းကြီး။
အော် သင်တို့ဘုရင်က စကြာဝတေးမင်းထက်တောင်
ပိုမြင့်မြတ်သေးတယ်လာ?။
မှန်ပါတယ် မင်းကြီး... ကျွန်ူပ်တို့ဘုရင်သည်
လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ရှိခိုးပူဇော်ခြင်းကို ခံရပါတယ် သင်တွေ့ခဲ့ တဲ့ စကြာဝတေးမင်း
အမည်တော်မှာ အရှင်ရာဟုလာ ဖြစ်ပါတယ်။ ငါတို့ အရှင်သခင် ဇေတဝန် အရှင်မင်းမြတ်၏ အမည်တော်မှာ
ရှင်တော်ဗုဒ္ဓ ဖြစ်ပါတယ်မင်းကြီး။
အော်! သင်တို့ ရှင်ဘုရင် အမည်နာမတော်က
ရှင်တော်ဗုဒ္ဓတဲ့လား?။
ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံတောင် မကြားရလောက်အောင်
ငြီမ်သက်နေတဲ့ အလွန်ကျယ်ဝန်းသော ခန်းမဆောင်ကြီးထဲသို့ ရောက်လာပါပြီ။ များပြားလှသော
ပရိတ်သတ်အလယ်မှာ ကြည်ညိုဖွယ် မကိုဋ်စလွယ် ဝတ်ထားသော ရှင်ဘုရင်ကြီးကို ဇမ္ဗုပတိတွေ့မြင်လိုက်ရပါပြီ။
အင်း ဒါကတော့ ကြီမ်းသေပါပြီး သူတို ဇေတဝန်မင်းကြီးပဲဖြစ်ရမယ်။ ရုပ်အသွင်က ကြည့်လို့မဝနိုင်အောင်
တည်ကြည်ပြီး ကျက်သရေရှိလိုက်တာ။ ခေါင်းတော်နောက်မှာလဲ ရောင်ခြည်တော်တွေနဲ့ မျက်နာတော်ကလဲ
ဝင်းပနေပါ့လား။ အင်း ခန်းနားကြိးကြယ်လှတဲ့ ဇေတဝန်မြို့တော်နဲ့ လိုက်ဖက်တော်မူပါပေတယ်။
ဇမ္ဗုပတိမင်း ကြည်ညိုစိတ်တွေ ဖြစ်ပေါ်လာပါပြီ။
သူရဲ့ ခဏတာ ကြည်ညိုစိတ်တွေက ရင်ထဲကမှာ
အမြစ်တွယ်နေတဲ့ လောဘကိုတော့ အပြီးမသတ်နိုင်ရှာပါ။ လောဘရဲ့ ဇာတိရုပ်ကတော့ ပြန်ပြလာပြီပေါ့။
အမြစ်တွယ်နေတဲ့ လောဘကိုတော့ အပြီးမသတ်နိုင်ရှာပါ။ လောဘရဲ့ ဇာတိရုပ်ကတော့ ပြန်ပြလာပြီပေါ့။
အို...ဘာပဲဖြစ်ဖြစ် ဒိ ဇေတဝန်မင်းကို
ငါသတ်ရမယ်။ သူပိုင်တဲ့ တိုင်းပြည်ကို ငါလုမယ်။ ဒါငါ့ အလုပ်ပဲ။
ဇမ္ဗုပတိမင်း လျှိုဝှက်ပြီး ယူလာတဲ့ မှော်မြားကို အသာဆွဲထုက်လိုက်ပါတယ်။
တီးတို မန္တာန်ရွတ်လိုက်ပြီး ဇေတဝန်မင်းကို သတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။
ဟာ ကြည့်စမ်း ငါ့မှော်မြား ဘယ်လိုဖြစ်ပါလိမ့်
ဘာမှမထူးခြားပါလား။
ဇမ္ဗုပတိမင်း တီးတိုးမန္တာန်ကို ထပ်ရွတ်ပေမယ့်
မှော်မြားက ဘာမှထူးခြားမလာတော့ပါဘူး။ အရိယာသူတော်ကောင်းတွေရဲ့ဂုဏ်တွေကြောင့် မကောင်းမိစ္ဆာတို့ရဲ့
မှော်ပညာတွေ အောက်လမ်းစက်တွေပျက်ပြယ်ကြောင်း ဇမ္ဗုပတိမင်း မသိရှာဘူးလေ။
အို ဇမ္ဗုပတိမင်းမြတ်...ဤအရပ်သို့လာလေလော့။
ဇေတဝန်မင်းမြတ် ရှင်တော်ဗုဒ္ဓက နှစ်လိုဖွယ်သာယာညိမ့်ညောင်းသော
အသံတော်နဲ့ ခေါ်တော်မူနေပါပြီ။ ရှင်တော် ဗုဒ္ဓ၏ အသံတော်က ဒေါသသံမပါ ကွဲကွာနေသော သားတစ်ယောက်ကို
ဖခင်တစ်ဦး၏ မေတ္တာဓာတ်တွေ လွှမ်းထုံထားတဲ့ အသံမျိုးနဲ့ခေါ်တော်မူနေပါတယ်။
အို ဇမ္ဗုပတိမင်းမြတ် ...သင့်ရဲ့မှော်မြားဟာ
အစွမ်းမရှိတော့ပါဘူး။ သင့်မှော်မြားထက် အဆပေါင်း သိန်းသန်း
မက အစွမ်းထက်တဲ့မြားကို ငါ့၏လက်ထဲက လာယူလှဲ့ပါ။
မက အစွမ်းထက်တဲ့မြားကို ငါ့၏လက်ထဲက လာယူလှဲ့ပါ။
အလို...ဇေတဝန်ဘုရင် ဗုဒ္ဓက ငါ့စိတ်ထဲကအကြံကို
သိနေပါလား။ အံဖွယ်ရှိလေစွ။ သူလက်ထဲမှာလဲ မှော်မြားတစ်စင်းပါ့လား။
ဇမ္ဗုပတိမင်း တစ်လှမ်းခြင်း မြတ်ဗုဒ္ဓထံတော်သို့
သွားနေပါတယ်။ မြတ်စွာဗုဒ္ဓသည် လက်တော်ကိုဖြန့်တော်မူပြီး မြားတစ်စင်းကို ဖန်ဆင်းတော်မူထားပါတယ်။
ကြည့်စမ်းပါအုံး ဇေတဝန်အရှင်မင်းမြတ်ရဲ့လက်ထဲကမြာက
အရောင်တွေ ထွက်နေပါ့လား မြင်တာနဲ့ ငါလိုမှော်ပညာရှင်တွေအတွက် သိသာတယ်။ ဒီမြားက ငါပိုင်တဲ့မှော်မြားထက်
အဆပေါင်းများစွာ မနိုင်းသာအောင်စွမ်းမှာ မြေကြီးလက်ခတ်မလွဲဘူး ပေးတုန်းယူထားမှ။
ဇမ္ဗုပတိမင်း လိုချင်လောဘကို ထိမ်းချုပ်လို့မရတော့ပါဘူး။
မြတ်စွာဘုရားထံမှ မြားတော်ကိုယူဖို့ရယူဖို့ ဟန်ပြင်လိုက်ပါပြီ။
ဇမ္ဗုပတိမင်းမြတ် ဤမြားကို ငါ၏ လက်တော်ထဲကနေ
အသင်ယူလေလော့။
မြတ်ဗုဒ္ဓသည် လက်တော်ကိုဖြန့်ပြီး ဇမ္ဗုပတိကို
မှော်မြားလေးပေးတော်မူပါတယ်။
ကောင်းပါပြီ...ဇေတဝန်မင်းမြတ်။
ဇမ္ဗုပတိမင်း လွယ်လွယ်ကူကူ ယူလိုက်ပါတယ်။
အလို....မြားကလေးလိုက်တာ လက်နှစ်ဖတ်နဲ့တောင်
မလို့မရပါလား။ ဆင်ပြောင်ငါးစီး အားမာန်ရှိတဲ့ ငါခွန်အားနဲ့ ဒီမြားကို ဘယ်လိုမှမရပါလား။
အို....ဘာဘဲဖြစ်ဖြစ်ရအောင်ယူမယ်။
ဇမ္ဗုပတိမင်း အားကုန်ထုက်ပြီး မြတ်ဗုဒ္ဓ၏လက်တော်တွင်းမှ
မြားကိုချွေးဒီးဒီးကျအောင် မနေရှာပါတယ် အားကုန်ထုက်ပြီး ပင်ပန်းကြီးစွာ ဘယ်လို မမ မြားတော်ကတော့
ကြွလာခြင်းမရှိပါဘူး။
အို..ငါဘယ်လိုဖြစ်ပါလိမ့် ဘယ်လို မမ မြားတော်က
မကြွပါလား။
ဇမ္ဗုပတိမင်း အားကုန်ထုက်ပြီး ပင်ပန်ကြီးစွာ
မနေပင်သော်လည်း မြားတော်က နည်းနည်လေးမှ ကြွမလာပါဘူး။ လိုချင်မူ အားကြီးလေတော့ ဇမ္ဗုမင်းခင်မျာ
ရာဇဣနြေ္ဒကိုတောင် မဆယ်နိုင်တော့ရှာပါ။ ဇမ္ဗုပတိမင်းမှာ တစ်ကိုယ်လုံ ချွေးတွေရွှဲနေပါပြီ
အကြိမ်ကြိမ်ကြိုးစားပေမယ့် မြားတော်ကို ရမဲ့ဟန်နဲနဲလေးမှ မပေါ်သေးပါဘူး။ မြားတော်ကို
အချိန်ကြာမြင့်စွာ အကြိမ်ကြိမ် အားကုန်ထုက် မနေတာကြောင့် တစ်ကိုယ်လုံးလဲ နူန်းချိနေရှာပါပြီ။
ဂမ္ဘီရပညာရှင် မှော်ဘုရင်ကြီး ပင်ပန်နေရှာပါပြီ။
ဘယ်လိုမှ မှော်မြားကို ယူလို့မရရှာပါဘူး။
အို ဇမ္ဗုပတိမင်းမြတ်...သင့်ကြည့်ရတာ ပင်ပန်းပါပေတယ်။
ရတနာ ၇ ပါး စီခြယ်ထားပြီး ကနက္ကဒဏ် ထီးဖြူလေးလက်မိုးထားတဲ့ ပလ္လင်မြတ်ပေါ်ကနေ ဇေတဝန်မင်းမြတ်၏
သာယာနူးညံသော အသံတော်ထွက်ပေါ်လာပါပြီ
အို ဇမ္ဗုပတိမင်းမြတ်....သင်နှင့်တကွသော
သတ္တဝါ မှန်သမျှ အနန္တတို့သည် လိုချင်စရာ အရာဝတ္ထုများ နှစ်သက်ဖွယ်ရာ အာရုံများကို ရှာဖွေနေကြရှာလေ၏။
တည်ကြည်ငြိမ့်ညောင်းသော အသံတော်နဲ့ ဇေတဝန်မင်းမြတ်
ရှင်တော်ဗုဒ္ဓ တစ်ခွန်ချင်း မိန့်ကြားနေတဲ့ တရားတော်တို့သည် ဇမ္ဗုပတိမင်း၏ အသိဉာဏ်ကို
ဖွင့်ပေးနေလေပြီ။
အင်း...ဇေတဝန်မင်းမြတ် ပြောတဲ့စကားတွေက
အလွန်မှန်ကန်ပါ့လား၊ ငါတတ်ထားတဲ့ မန္တာန် ဂါထာတွေထက် အဆရာပေါင်းမက အဖိုးထိုက်တန်လိုက်တာ။
ဂမ္ဘီရဘုရင်ကြီး ဇမ္ဗုပတိ တဖြည်းဖြည်းအမှန်ကို
မြင်လာပါပြီ။
ဟုတ်တာပေါ့....ငါတို့တွေဟာ လှတာလေးတွေ့တော့
လိုချင်တယ် ကောင်းတာလေးတွေ့တော့ စားချင်တယ် ...အင်း...အာရုံငါးပါး ကာမဂုဏ်တရားတွေနောက်
လိုက်နေကြပါလား။ ဂမ္ဘီရဘုရင်ကြီး မာန်တွေကျလာပါပြီ။ ဘုရားရှင်၏ တရားတော်မြတ်တို့သည်
သူ့ရဲ့နှလုံးသားထဲသို့ စိမ့်ဝင်လာလေပြီးပေါ့။
အို ဇမ္ဗုပတိမင်းမြတ် သတ္တဝါအနန္တတို့သည်
အာရုံငါပါး ကာမဂုဏ်တရားနောက်သို့ မရ ရအောင်လိုက်နေကြရှာသည်မှာ အလွန်ပင်ပန်းလှပါပေ၏။
ဒိလိုပင်ပန်းကြပေမယ့် ပင်ပန်းမှန်း မသိရှာကြပေ။ ဒုက္ခကို ဒုက္ခမှန်း မသိရှာကြပေ။ ဤအကြောင်းကို
မှန်မှန်ကန်ကန် သိတတ်မြင်တတ်သော သူတိုသည်သာ သိအပ် မြင်အပ်ပေ၏။ဤအရာအားလုံးသည် စင်စင်ဒုက္ခများသာဖြစ်သောကြောင့်
ဒုက္ခသစ္စာဟု ငါဟောတော်မူ၏။
ခန်းနားကြီးကျယ်လှသော ပလ္လင်ပေါ်မှ မကိုဋ်စလွယ်များကို
ဆင်မြန်းတော်မူထားသော ကြည်ညိုဖွယ် ဇေတဝန်မင်းမြတ်၏ စကားသံတို့သည် ဇမ္ဗုပတိမင်း၏ အသိဉာဏ်ကို
ဖွင့်ပေးနေလေပြီ။
အင်း....ဇေတဝန်မင်းမြတ် ရှင်တော်ဗုဒ္ဓရဲ့
စကားတွေက အနှစ်သာရရှိလိုက်တာ။ ခုကြည့်စမ်း ငါ ဒီမှော်မြားလေးကို ရဖို့အတွက်တောင် တော်တော်ပင်ပန်းနေပြီ။
ဒါတောင် ပေးတဲ့သူက ပေးပြီးသား။ အခြား အရာများကို ပင်ပင်ပန်ပန် ရှာဖွေကြရတယ်။ အဆမတန်
ပင်ပန်းခဲ့ရရှာတယ်။ ဒါတွေ ငါအရင်က မတွေးမိပါလား။ အော် ဒုက္ခကို ဒုက္ခမှန်း ငါမသိခဲ့ပါလား။
ဒုက္ခတွေကို သုခလို့ ငါထင်ခဲ့မိတာ မှားလေစွ။
ဇမ္ဗုပတိမင်း လမ်းမှန်ကို တဖြည်းဖြည်း
ရောက်လာခဲ့ပါပြီ။
ဇမ္ဗုပတိမင်းမြတ်......ဒုက္ခ၏ အရင်းခံမှာ တဏှာသာလျှင်ဖြစ်ပေတယ်။ လိုချင်မူကြောင့် ရှာဖွေမူ ရယူမူတွေ ဖြစ်ပေါ်လာတယ်။ မရ ရအောင်နည်းမျိုးစုံနဲ့ အားထုက်ကြတယ်။ အဲဒိလို အားထုက်တော့ ပင်ပန်မူ့ ငိုကြွေမူ စိုးရိမ်မူ ပူဆွေမူ့ ပူပန်မူ့ ကြောင့်ကြမူ့ စတဲ့ ဒုက္ခတွေ ဖြစ်ပေါ်လာတယ်။ ထိုကြောင့် ဒုက္ခ ဆိုသည်မှာ တဏှာကြောင့်သာ ဖြစ်ပေါ်လာ၏။ ဤအရာကိုပင် သမုဒယသစ္စာ ခေါ်ထိုက် ပေ၏။
အိုမင်းမြတ်....သူတော်ကောင်းတို့သည် ဒုက္ခကိုလည်း
ဟုက်တိုင်မှန်စွာ သိကြ၏။ ဒုက္ခ၏အကြောင်းခံ သမုဒယကိုလည်း သိကြ၏။ ထိုကြောင့် ဒုက္ခတွေမခံစားရအောင်
မြတ်သောအကျင့် ၈ ပါးကို ကျင့်ကြကုန်၏။ ထိုအကျင့်မြတ်ကို မဂ္ဂသစ္စာ ဟု ငါဟောတော်မူ၏။
အိုမင်းမြတ်...မဂ္ဂင် ၈ ပါးကို ကျင့်ကြံသော
ပုဂ္ဂိုလ်တို့သည် တဏှာ၏ ကုန်ရာ ဒုက္ခအပေါင်းတို့ ကင်းဝေးရာ မြတ်သောနိဗ္ဗာန်သို့ ရောက်ရကုန်၏။
ထို မြတ်သော နိဗ္ဗာန်ကို နိရောဓသစ္စာဟု ငါဟောတော်မူ၏။
မြတ်ဗုဒ္ဓ၏ သာယာနာပျော်ဖွယ် အင်္ဂါ ၈ ပါးနှင့်
ပြည့်စုံသော အသံတော်ကို နားစိုက်ထောင်ရင်း ဇမ္ဗုပတိ အသိဉာဏ်တွေ ပွင့်လင်းသွားပါပြီ။
လမ်းမှန်ကို တိတိကျကျ သေသေချာချာ မြင်သွားရှာပါပြီ။ မြင့်မြတ်ထူးကဲသော တရားတော်ကို
နားကြားရင် ဇမ္ဗုပတိ၏ နှလုံးအိမ်အတွင်းမှ ပိတီလွှမ်းနေသော သာဓုသံကြီးသည် သူ၏ နူတ်ဖျားမှ
ယိုစီးထွက်ကျလာပါပြီ။ လက်ဆယ်ဖြာထိပ်မှာမိုးပြီး မြတ်ဗုဒ္ဓကို ရှိခိုးဦးတိုက် ကန်တော့လိုက်ပါတော့သည်။
သာဓု သာဓု သာဓု ပါဘုရား........။
ဇမ္ဗုပတိမင်းနှင့်တကွ တရားနာ လာကြကုန်သော
နတ်ဗြဟ္မာ အပေါင်းတို့၏ သာဓုသံတို့သည် ကောင်းကင်ယံသို့ ညံသွားလေ ပြီပေါ့။
ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့ ဦးဇင်း
ဒိဇာတ်လမ်းကို ရေးသားရခြင်း အကြောင်းက ဂမ္ဘီရ ဇာတ်လမ်းတွေကို စိတ်ဝင်စားကြသော ခေတ်လူငယ်များကို
ဆွဲဆောင် လိုတာကတစ်ကြောင်း လူသိနည်းသော ဒိဇာတ်လမ်းကြိးကို လူအများအနေနှင့် အမှားကြီးမှန်း
သိကြပေမဲ့ သေချာ ဂဃနဏ မသိကြသဖြင့် သိစေလိုတာ ကတစ်ကြောင်းကြောင့် ခုလို ရေးလိုက်ပြတာပါ။
ဇာတ်လမ်းကို လေ့လာတဲ့အခါမှာ ကွဲလွဲမူတွေ
တွေ့ရပါတယ်။ တစ်ချို့က ဝေဠုဝန် ကျောင်းတော်ကို နန်းတော်အသွင် ဖန်ဆင်းတယ်လို့ ဆိုကြပါတယ်။
မဂဓတိုင်းဆိုတော့ ဝေဠုဝန်ပဲ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဦးဇင်းက စာဖတ်သူများ ပိုပြီး
ထင်ပေါ်စေရန် ဇေတဝန်ကို သုံးတာသဘောကျပါတယ်။ ဇေတဝန်လို့ ပြောလိုက်တာနဲ့ ဘုရားရှင်ကျောင်းတော်လို့်
တန်းပြီးမြင်အောင်ပါ။
နောက်တစ်ချက်က ဇာတ်သိမ်းပိုင်းမှာ ဇမ္ဗပတိကို
နတ်ပြည်နဲ့ ငရဲပြည်ကိုပြပြီး ချွတ်တော်မူတယ်လိုဆို ကြပါသေးတယ်။ ဦးဇင်းက အစားထိုးပြီး
သစ္စာလေးပါးနဲ့ ချွတ်တော်မူဟန် ရေးဖွဲ့ထားတာပါ။ စာဖတ်ပရိတ်သတ် အထူးသဖြင့် လူငယ်များ
သစ္စာလေးပါကို နည်နည်းပါးပါး မှတ်မိစေရန် ရည်ရွယ်ပါတယ်။ လူငယ်တွေရင်ထဲ ဓမ္မအသိလေး နည်းနည်းကိန်းရင်
ရေးရကျိုးနပ်ပါပြိ။
ဦးဇင်းတို့က ကိုယ်တိုင် အပင်ပန်ခံပြီး
ဇာတ်အိမ်တွေဖွဲ့ရပါတယ် စကားလုံးတွေရွေးပြီး စာရွတ်မှာ အရင်အကြမ်းရေးရပါတယ်။ ပြီးမှ
စာစီပြီး online ပေါ်မှာတင်တာပါ။ ပင်ကိုယ်ဝါသနာ အရင်းခံကြောင့် အားလပ်တဲ့ အချိန်တွေကို
ပေးဆပ်ပြီး ဇာတ်လမ်းရှည်ကြီးတွေ ရေးသားရပေမယ့် စာဖတ်ပရိတ်သတ်၏ အားပေးမူတွေ တောင်းဆိုမူတွေ
တတ်နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံမူတွေ တွေ့ရလို့ ပင်ပန်းသမျှ ပြေပျောက်ပြီး ဝမ်းသာပီတိဖြစ်ရပါတယ်။
အမှန်တကယ်တော့ ဤဇမ္ဗုပတိ ဇာတ်လမ်းဟာ ပိဋကတ်တော်မှာ
လုံးဝမပါပါဘူး။ ဇင်မယ်ပဏ္ဍာသမှာ ပါတယ်လို့ အချို့ကပြောကြပါတယ်။ ဇင်းမယ်ပဏ္ဍာသဆိုတာ ထေရဝါဒကျမ်းစာ
မဟုက်ပါဘူး။ အဲဒိဇင်းမယ်ပဏ္ဍာသကို ကိုးကားပြီး တထာဂတဥဒါနဒီပနီကျမ်း တတိယတွဲမှာ မျက်နှာ
၃၀ ခန့် ရေးသားထားတယ်လို့ ပညာရှင်များ ဆိုကြပါတယ်။ ကမ္ဘောဒီးယာ ကျမ်းစာတွေမှာ ဇမ္ဗုပတိသုတ်ဆိုပြီး
သုတ္တာန်တစ်ခုရှိတယ်လို့ အချို့ ပညာရှင်တွေက ဆိုကြပါသေးတယ်။
ဤဇာတ်လမ်းကြီးကို သေချာဖတ်ကြည့်ရင် ယုတ္တိမရှိကြောင်း
တွေ့ရပါတယ်။ မဟုက်မဟတ် ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်မျှသာ ဖြစ်ပါတယ်။ မှော်ပညာတွေ
ဂမ္ဘီရပစ္စည်းတွေနဲ့ မဟာယနကို အခြေခံပြီး ရေးသားထားကြောင်း သတိပြုမိကြမှာပါ။
တကယ်တော့ ဇမ္ဗုပတိမင်း၏ တိုင်းပြည်လို့
ဆိုတဲ့ ပဉ္စာလာတိုင်းက သေးသေးလေးပါ။ အက္ခောဘနီစစ်တပ် လုံးဝမရှိနိုင်ပါဘူး။ ပြီးတော့ အင်းအားကြီးတဲ့
ဗိမ္ဗိသာရမင်းကြီး အုပ်ချုပ်တဲ့ မာဂဓတိုင်းကို ယှဉ်ပြိုင်တယ်ဆိုတာ အင်မတန် ယုတ္တိကင်းမဲ့
လှပါတယ်။
ထေရဝါဒကျမ်းဂန် တို့နှင့် မကိုက်ညီသော
လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းဖြစ်တယ်လို့ ဆရာတော်ဘုရားကြီးများ တိကျစွာ ဆုံးဖြတ်တော်မူကြ
ပါတယ်။ ဘယ်အရာကိုမဆို သေသေချာချာ လေ့လာပြီး အမှားအမှန်ကို ခွဲခြားသူနဲ့ ဘုမသိဘမသိ ရမ်းဝေဖန်တဲ့သူနဲ့
ကွာခြားလှပါတယ်။ ဒါကြောင့် သေသေချာချာ ဇာတ်လမ်းကို သိစေရန် ရေးပြလိုက်တာပါ။
မကောင်းတာကို ပယ်ကြပါ ကောင်းတာကို ယူကြပါ
သူတော်ကောင်တို့။ ဤဇမ္ဗုပတိဇာတ်လမ်းထဲက အကာကိုပယ်ပြီး အနှစ်ကိုယူနိုင်ကြပါစေ။

No comments:
Post a Comment