စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, December 29, 2015
ဘုရားရဲ့​နောက်​ဆုံးစကား
   ဘုရားရဲ့​နောက်​ဆုံးစကား
   ***********************
   ပိဋကသုံးပုံ အကုန်​လုံးကို​ဆောင်​ပြီး အပ္ပမာဒပုဒ်​ရဲ့ အနက်​ကိုပြုကာ တရား​ဟောတဲ့ ဓမ္မကထိကကို "" ဆိတ်​ကမ်းမဟုတ်​ရာမှာ ​ပြေးဝင်​တယ်​ "" လို့ မ​ပြောထိုက်​ပါ။
   အ​ကြောင်းက​တော့ အပ္ပမာဒပုဒ်​ဟာ အနက်​အဓိပ္ပါယ်​ ကြီးကျယ်​လို့ပါပဲ။ မှန်​ပါတယ်​။
ဘုရားရှင်​ဟာ ကုသိနာရုံ အင်​ကြင်းပင်​​တွေကြားမှာ ပရိနိ​​ဗ္ဗာန်​စံခါနီး လဲ​လျောင်း​နေတဲ့အခါ ဘုရားဖြစ်​ချိန်​ကစပြီး ၄၅ ၀ါ ကာလ​တွေမှာ ကိုယ်​​တော်​တိုင်​​ဟောကြားထားတဲ့ တရား​တွေကို တစ်​ပုဒ်​တည်းနဲ့ သိမ်းယူပြီး "" အပ္ပမာ​ဒေန သမ္ပာ​ဒေထ "" လို့ ရဟန်း​တွေအား သြ၀ါဒ​ပေး​တော်​မူပါတယ်​။
     "" ​ရဟန်းတို့... ယခု ငါဘုရား သင်​တို့အား တိုက်​တွန်းစကား ​ပြောကြားမယ်​။ ရုပ်​ နာမ်​သင်္ခါရ​တွေဟာ ပျက်​စီးခြင်း သ​ဘော ရှိကြတယ်​။ သတိနဲ့ ကိစ္စအားလုံးကို ပြီးစီး​စေကြ​လော့..""
   သတိဆိုတဲ့ စကားထဲမှာ ကုသိုလ်​အားလုံး အကျုံးဝင်​ပါတယ်​။ သီလ၊ သမာဓိ၊ ပညာ သိက္ခာ ၃ ပါး အကျုံးဝင်​ပါတယ်​။
          (( ဣတိဂုတ်​၊ဋ္ဌ၊၇၆)
No comments:
Post a Comment