💥မီးဟုန်းဟုန်းကဗျာ💥
ကပ်ကသုံးပါး ရန်ပါးပါးကို
ခံစားနေရ ဤလောကအား
သဗ္ဗဒေ၀ါ နတ်မြတ်စွာတို့
အာရက္ခမှု ဂဏှန္တုဟု
တောင်းဆုချွေရ. ကယ်ကြပါလော့..
လောကအလုံး မီးဟုန်းဟုန်း
ရှေ့နောက်တောင်မြောက် မြင်မဆုံး။
မေတ္တာ ကရုဏာ မုဒိတာနှင့်
နေသာ သမျှ မနေကမူ
ဒုက္ခကြီးစွာ ရောက်မည်သာတည့်
ဆန္ဒာဒေါသ မိုက်မောဟကို
စွမ်းသမျှ ချိုး . သူ မကျိုးက
ကိုယ်ကျိုးမည်မှာ လွန်သေချာသည်
ကမ္ဘာအလုံး မီးဟုန်းဟုန်း
ရှေ့နောက်တောင်မြောက်မြင်မဆုံး။
✏ မင်းသုဝဏ်
No comments:
Post a Comment