စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, December 8, 2015

ချမ်းသာ​ပျော်​ရွှင်​ ​နေလိုလျှင်

** ချမ်းသာပျော်ရွှင် နေလိုလျှင် ရှုမြင် ဘာဝနာ

** ဘာဝနာရှုလျှင် စိတ်ကြည်လင် မျက်မြင်လွန်ချမ်းသာ။'

   ယခုအခါ ကမ္ဘာကျော် ၀ိပဿနာဆရာကြီး ဦးဂိုအင်ကာက ကမ္ဘာ့ငြိမ်းချမ်းရေး ထိပ်သီးညီလာခံတစ်ရပ်တွင်...
ကျွန်တော့်အမြင်ကို တင်ပြရမယ်ဆိုရင် လူမှု့အသိုင်းအ၀ိုင်းကို ငြိမ်းချမ်းစေလိုရင် ပုဂ္ဂိုလ်တစ်ဦးစီ ထိအောင် စဉ်းစားနိုင်ရပါမယ်..။

လူတစ်ဦးစီမှာ အေးချမ်းတဲ့စိတ် မရှိဘူးဆိုရင် ကမ္ဘာမှာ တကယ့် ငြိမ်းချမ်းရေး ဘယ်လိုနည်းနဲ့မှ မရနိုင်ပါဘူး... လို့ ကျွန်တော်ထင်ပါတယ်..။

""..... ကျွန်တော်ကိုယ်နှိုက်က ငြိမ်းချမ်းမှု့မရှိဘူး ဆိုမှတော့ ကမ္ဘာကို ငြိမ်းချမ်းအောင် လုပ်နိုင်စွမ်း မရှိဘူးပေါ့..။

ဒါကြောင့်လည်း ထူးခြားတဲ့ ဥာဏ်အမြင်ရသူများက ဘယ်လိုဆုံးမခဲ့ကြသလဲဆိုရင် •••• ကိုယ့်ကိုယ်တွင်းမှာ ငြိမ်းချမ်းမှု့ရအောင် ရှာပါ...."" ...တဲ့.. ။
'

   ကမ္ဘာပေါ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပညာရှင်ကြီးများ.. သူတော်စင်ကြီးများနဲ့ အသိအမြင်ရတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ သွန်သင်ချက်ကတော့ ..
မိမိကိုယ်ကို မိမိ သိပါ...'
တဲ့..။

  🌴🌴 အရှင်အာစာရ 🌴🌴
               ** ကံယုံ **

ကမ္ဘာမြေငြိမ်းချမ်းဖို့.. မိမိကိုယ်တိုင် ငြိမ်းချမ်းကြပါစို့........သူတော်ကောင်းအပေါင်းတို့..'

No comments:

Post a Comment